
ဖူးခတ်သည် လာမည့်မြင့်မားသည့်ခရီးသွားရာသီတွင် ခရီးသွားကဏ္ဍမှဝင်ငွေ ဘတ် ၅၅၀ ဘီလီယံရရှိရန် ရည်မှန်းထားကြောင်း သိရပါသည်။ ဖူးခတ်ခရီးသွားအသင်းဥက္ကဌ Thanet Tantipiriyakiy က ယခုအချိန်အထိခရီးသွားလုပ်ငန်းအနေအထားသည် ကောင်းမွန်နေကြောင်း နှင့် တရုတ်ပါဝင်သောတိုက်ရိုက်နိုင်ငံတကာလေကြောင်းလိုင်းများမြင့်တက်လာမှုက နှစ်ကုန်ပိုင်း အတွက် အပေါင်းလက္ခဏာဆောင်ကြောင်း ပြောကြားခဲ့ပါသည်။ အသင်းအဖွဲ့ဝင်များက နိုဝင်ဘာ လနှင့် ဇန်နဝါရီလအတွက် ကြိုတင်မှာယူမှုများမှာ မြင့်တက်နေပြီး ကျွန်းတစ်လျှောက်ဟိုတယ် နေရာအသုံးပြုမှုနှုန်းများမှာ မနှစ်ကကဲ့သို့အချိုးအစားဖြစ်သည့် ပျမ်းမျှ ၉၀ ရာခိုင်နှုန်းခန့်ရှိရန် မျှော်မှန်းရကြောင်း ပြောကြားခဲ့ပါသည်။ Mr Thanet ကယခုနှစ်၏ ပထမ ၇ လတာကာလတွင် စွမ်းဆောင်ရည်သည် ကိုဗစ် ၁၉ ကပ်ရောဂါကာလမတိုင်မီအခြေအနေသို့ ချည်းကပ်နေကြောင်း နှင့် ပုဂ္ဂလိကကဏ္ဍနှင့် ထိုင်းနိုင်ငံခရီးသွားအာဏာပိုင်အဖွဲ့သည် အစိုးရအား ခရီးသည်အရေ အတွက်အပေါ်မဟုတ်ပဲ အရည်အသွေးမြင့်သောခရီးသွားများကို ဆွဲဆောင်ရာတွင် အဓိကထား ရန် တိုက်တွန်းခဲ့ကြောင်းနှင့် ယခုနှစ်အတွက် ခရီးသွားကဏ္ဍမှ ဝင်ငွေရရှိမှုသည် ဘတ်ငွေ ၅၅၀ ဘီလီယံဖြင့် ၂၀၂၄ ခုနှစ်ကထက် ၁၀ ရာခိုင်နှုန်းမြင့်တက်ရန် ခန့်မှန်းရကြောင်း ပြောကြားခဲ့ ပါသည်။ ဖူးခတ်၏အခြေခံအဆောက်အအုံအကန့်အသတ်ရှိခြင်းကြောင့် ခရီးသွားအရေအတွက် မှာ ၂၀၁၉ အဆင့်ကို ကျော်လွန်နိုင်မည်မဟုတ်ကြောင်း သိရပါသည်။ Mr Thanet က လူအုပ်ထူ ထပ်ပါကလည်း ကျွန်း၏ ကျန်းမာရေးနှင့် ကောင်းမွန်သောခရီးစဉ်အဖြစ်ကျော်ကြားမှု ကိုထိခိုက် စေနိုင်ပြီး ဒေသခံများကိုလည်းသက်ရောက်စေနိုင်ကြောင်း၊ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားလေ့ရှိ သည့် Thepkrasattri လမ်းမကြီးအပေါ် ယာဉ်ထိမ်းရဲထားရှိရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါ သည်။ စီမံချက်များတွင် ဂငယ်ကွေ့များနှင့် လမ်းဆုံများကို ပိတ်ထားရန်ပါဝင်ကြောင်း သိရပါသည်။
DOCA (ရန်ကုန်)