
ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ကုန်ထုတ်လုပ်မှု၊ ဖြန့်ဖြူးရေးနှင့် ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းများ ချိတ်ဆက်မှုဆိုင်ရာ အဓိကဆွေးနွေးပွဲသို့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ နိုင်ငံခြားရေးဝန်ကြီး Tith Rithipol သည် ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်ပြီး တက်ရောက်ခဲ့သည်။ အဆိုပါပွဲကို ဗီယက်နမ်နိုင်ငံ၊ Tay Ninh ပြည်နယ် Tan An မြို့တွင် ကျင်းပခဲ့ပြီး ဗီယက်နမ် စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး Phan Thi Thang က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့သည်။ တွေ့ဆုံစဉ်နှစ်နိုင်ငံစလုံးမှ အကြီးတန်းအရာရှိ များနှင့်ကမ္ဘောဒီးယား-ဗီယက်နမ်နယ်စပ်တစ်လျှောက်တွင် ကုန်ထုတ်လုပ်မှု၊ ဖြန့်ဖြူးရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် သွင်းကုန်-ပို့ကုန်လုပ်ငန်းများတွင် ပါဝင်ပတ်သက်သည့် လုပ်ငန်းရှင် များ စီးပွားရေးကိုယ်စားလှယ်များကိုနယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုပူးပေါင်း ဆောင်ရွက်မှုများ၏ တိုးတက်မှုအကဲဖြတ်ရန်နှင့် ပိုမိုနက်ရှိုင်းပြီး ရေရှည်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် ရည်မှန်းချက်များကို ကမ္ဘောဒီးယား-ဗီယက်နမ် နယ်စပ်ဒေသတလျှောက် ပါဝင်ဆွေးနွေးခဲ့ကြ သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ အဆိုပါ စည်းဝေးပွဲသည် နှစ်နိုင်ငံ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ ထောက်ပံ့ပို့ဆောင်ရေး အခြေခံ အဆောက်အအုံ မြှင့်တင်ရေးနှင့် နယ်စပ်တစ်လျှောက် ရေရှည်တည်တံ့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးရန်အတွက် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများ ချဲ့ထွင်ရေး အတွက် နှစ်နိုင်ငံတူညီသော ကတိကဝတ်များပြုခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။
DOCA (ရန်ကုန်)