
၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်၏အုန်သီးတင်ပို့မှုမှာ ဝင်ငွေအမေရိကန်ဒေါ်လာ ၁.၁၅ ဘီလီယံ ရရှိရန်ခန့်မှန်းရပြီး ကမ္ဘာ့ထိပ်တန်းအုန်းသီးတင်ပို့သူ ၅ နိုင်ငံတွင် ရပ်တည်နိုင်ကြောင်း သိရပါသည်။ ရှေ့ဆက်၍လည်းကျယ်ပြန့်သည့်ဈေးကွက်အလားအလာနှင့်အတူ အုန်းသီးလုပ်ငန်း သည် စဉ်ဆက်မပြတ် တန်ဖိုးကွင်းဆက်များတည်ထောင်ခြင်း၊ ထုတ်လုပ်မှုခေတ်မီခြင်းနှင့် ကုန်ကြမ်း ပစ္စည်းဧရိယာများစံနှုန်းမြှင့်တင်ခြင်းတို့အပေါ် အဓိကထားမည်ဖြစ်ကြောင်း သိရပါ သည်။ ဗီယက်နမ်အုန်းသီးလုပ်ငန်းအသင်း၏ အထွေထွေအတွင်းရေးမှူး Cao Ba Dang Khoa ၏ အဆိုအရ ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် ကဏ္ဍ၏ အဓိကထုတ်ကုန်အုပ်စု ၄ ခုတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၂၀ ကျော်ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုအဓိကထုတ်ကုန်အုပ်စုများတွင် လတ်ဆတ်သော အုန်းသီးများ၊ အေးခဲထားသောအုန်းနို့၊ အုန်းဆီစိမ်း၊ အစားအစာ၊ လက်မှုပစ္စည်းနှင့် အုန်းသီးမှ ထုတ်လုပ်သည့်အလှကုန်များပါဝင်ကြောင်း သိရပါသည်။ တင်ပို့မှုများသည် ဒုတိယနှစ်ဝက်တွင် အားအကောင်းဆုံးဖြစ်တတ်သောကြောင့် ထိုစွမ်းဆောင်ရည်သည် ဆက်လက်အပေါင်းလက္ခဏာ ဆောင်နိုင်ကြောင်း သိရပါသည်။ ဈေးကွက်၏အလားအလာကို အပြည့်အဝရယူရန် ဗီယက်နမ် အုန်းသီးလုပ်ငန်းနယ်ပယ်သည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန်၊ ဂေဟစနစ်နှင့်သင့်လျှော်သော စိုက်ပျိုးမှုပုံစံ၊ ရာသီဥတုဒဏ်ခံနိုင်မှုနှင့် ကာဗွန်ထုတ်လွှင့်မှုလျှော့ချရန် လိုအပ်ကြောင်း သိရပါသည်။ Khoa က အရေးပေါ်လိုအပ်ချက်သည် အပင်အတွက် အဆိပ်အတောက်ဖြစ်စေသည့် ဓာတုပစ္စည်းများကို တားမြစ်ခြင်းပါဝင်သည့် အားကောင်းသောဥပဒေမူဘောင်တည်ထောင်ရန် ဖြစ်ကြောင်း အသားပေးပြောကြားခဲ့ပါသည်။ စီးပွားရေးဘက်တွင် ပွင့်လင်းမြင်သာမှုနှင့် အစား အစာလုံခြုံစိတ်ချရမှုကို အရှိန်မြှင့်တင်ရန် ထုတ်လုပ်မှုစီမံခန့်ခွဲခြင်းတွင် AI နည်းပညာအသုံးပြု ခြင်းနှင့် စက်နှင့်အလိုအလျှောက်ပြုပြင်ထုတ်လုပ်ခြင်းတို့ လိုအပ်ကြောင်း သိရပါသည်။ အဓိက အချက်အနေဖြင့် ထုတ်လုပ်မှုပွင့်လင်းမြင်သာခြင်းနှင့် အုန်းပင်စိုက်ပျိုးသည့်ဒေသများတွင် ဒစ်ဂျစ် တယ်မြေပုံများဖန်တီးခြင်းတို့ လိုအပ်ကြောင်း Khoa က ဖြည့်စွက်ပြောကြားခဲ့ပါသည်။
DOCA (ရန်ကုန်)