
ထိုင်းနိုင်ငံဝန်ကြီးချုပ်သည် ဗျူရိုကရေစီအတားအဆီးများကို ဖျက်သိမ်းပြီး လေးလတာ ကာလအတွင်း ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းများကို ပြန်လည်အသက်ဝင်လာအောင် ပြုလုပ် သွားမည်ဟု ကတိပြုခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဆိုသူ Anutin Charnvirakul နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဆိုသူ Supajee Suthumpun အပါအဝင် ထိုင်းနိုင်ငံ အနာဂတ်စီးပွားရေးဝန်ကြီးများနှင့် အကြံပေးအဖွဲ့တစ်ဖွဲ့သည် ထိုင်းစက်မှုလုပ်ငန်း အသင်းချုပ် နှင့် တွေ့ဆုံကာ နိုင်ငံတော်၏ စက်မှုလက်မှုကဏ္ဍတွင် ပြန်လည်ရှင်သန်လာစေရန် ကတိပြုခဲ့ပါ သည်။ စက်တင်ဘာ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သော အဆိုပါ တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်သည် အစိုးအရအသစ်တစ်ရပ်ကို အပြည့်အဝဖွဲ့စည်းမည်ဖြစ်ပြီး သီတင်းတစ်ပတ်အတွင်း စတင် လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ၎င်းက ထိုင်းနိုင်ငံစီပွားရေးပြန် လည် ဦးမော့လာစေရေးအတွက် မူဝါဒများနှင့် နည်းဗျူဟာများကို ရေးဆွဲရန်အတွက် အစိုးရကို တစ်ပတ်အတွင်း အစည်းအဝေးခေါ်ယူမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ စက်မှု လက်မှုကဏ္ဍကို အရေးပါသောအခန်းကဏ္ဍအဖြစ် သတ်မှတ်ခြင်းသည် စီးပွားရေးတိုးတက်မှု အတွက် အဓိကဖြစ်ကြောင်းနှင့် အစိုးရ၏ ဦးစားပေးသည် ဗျူရိုကရေစီအတားအဆီးများကို ဖယ်ရှားရန်နှင့် စီးပွားရေးတိုးတက်မှုကို ဖွင့်လှစ်ပေးရန်အတွက် များစွားသော အစိုးရစာရွက် စာတမ်းလုပ်ငန်းစဥ်များကို ဖယ်ရှားရန်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ ၎င်းက အုပ်ချုပ်စီမံရေးအဖွဲ့ သည် ရေရှည်တည် တံ့သောတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ကို အလျင်အမြန်တည်ဆောက် နေစဥ်အတွင်းတွင် တိကျပြီး ဦးတည်ချက်ရှိသာဖြေရှင်းချက်များထောက်ပံ့ပေးရေးကိုသာ ဦးစား ပေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံအစိုးရသည် ထိုင်းနိုင်ငံကို ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများအတွက် စစ်မှန်သော ထုတ်လုပ်ရေးအချက်အချာနေရာတစ်ခုအဖြစ် တည်ဆောက်သွားမည်ဟု ရည်ရွယ် ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံဝန်ကြီးချုပ်သည် နယ်နိမိတ်ဒေသများ၏ စီးပွားရေးကို ထောက်ပံ့ရန် အတွက် ထိုင်းနိုင်ငံနယ်နိမိတ်များဖွင့်လှစ်မှုကို အရှိန်မြှင့်တင်သွာမည်ဖြစ်ကြောင်း ကတိပြုခဲ့ပါသည်။ သို့ရာတွင် ၎င်းက အဆိုပါဖွင့်လှစ်မှုသည် ထိုင်းနိုင်ငံအတွက် ဆုံးရှုံးမှုများနှင့် ဆိုးကျိုးများ မခံစားစေရန်အတွက် ထိုင်းနိုင်ငံ လုံခြုံရေးစံနှုန်းသတ်မှတ်ချက်များနှင့် အညီ ပြုလုပ်သွားမည် ဖြစ်ကြောင်း အထူးအလေးပေးပြောကြားခဲ့ပါသည်။
DOCA (ရန်ကုန်)