ပြည်ပကုန်သွယ်မှုသတင်းများ
အီသီယိုပီးယားနိုင်ငံအစိုးရသည် ဓါတ်ဆီကားများနှင့် လုံခြုံရေးပစ္စည်းများ အပါအဝင် ကုန်ပစ္စည်းများကို နိုင်ငံခြားငွေဖြင့် ငွေပေးချေရန် မလိုအပ်ဘဲ တင်သွင်းခွင့်ပြုမည်ဟု ကြေညာထားသည်။ ၎င်းအား France Valuta စနစ်ဖြင့် အကောင်အထည်ဖော်မည်ဖြစ်သည်။

ကမ္ဘာ့စားအုန်းဆီ အများဆုံးတင်ပို့သည့် အင်ဒိုနီးရှားနိုင်ငံတွင် ပြည်တွင်းစားအုန်းဆီ ဈေးနှုန်း တည်ငြိမ်စေရန်အတွက် ပြည်တွင်းဈေးကွက်အတွင်း ရောင်းချပေးရန်တာဝန်ရှိမှု (Domestic Market Obligation-DMO) စည်းမျဉ်းများ တစ်နည်းအားဖြင့် ပြည်တွင်းစားအုန်းဆီ ထုတ်လုပ်မှုပမာဏအပေါ် မူတည်၍ ပြည်တွင်းသုံးစွဲမှုနှင့် တင်ပို့မှုပမာဏအချိုးအစား သတ်မှတ် သည့်စည်းမျဉ်းအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့ပါသည်။ အဆိုပါ DMO အစီအစဉ်အရ စားအုန်းဆီ ထုတ်လုပ်သူများအနေဖြင့် ပို့ကုန်ပါမစ်ရရှိရေးအတွက် ၎င်းတို့၏ စားအုန်းဆီထုတ်လုပ်မှုမှ တစ်စိတ်တစ်ပိုင်းကို ပြည်တွင်းဈေးကွက်သို့ ကန့်သတ်ထားသည့်
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ (၇) လတွင် စုစုပေါင်းတန်ချိန် ၈၃၀၀၀၀ ထုတ် လုပ်မှုဖြင့် ကမ္ဘောဒီးယားသည် အိုင်ဗရီကို့စ်နိုင်ငံ၏နောက်တွင် သီဟိုဠ်စေ့ကုန်ကြမ်း ကမ္ဘာ့ဒုတိယ အများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်လာကြောင်း ကမ္ဘောဒီးယားသီဟိုဠ်စေ့လုပ်ငန်းအသင်း (CAC) ၏ အစီရင်ခံစာအရ သိရှိရသည်။

အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဆန်ပို့ကုန်လုပ်ငန်းများအသင်း (ARIA) ၏ အုပ်ချုပ်ရေးအဖွဲ့အသစ် သည် နယူးဒေလီမြို့တွင် ဩဂုတ်လ ၁၆ ရက်နေ့၌ အစည်းအဝေးတစ်ရပ်ကျင်းပလျက် အနိမ့်ဆုံး ပို့ကုန်စျေးနှုန်း (Minimum Export Price - MEP) မြင့်မားမှုကြောင့် ဆန်လုပ်ငန်းတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့် ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှုအား တားမြစ်ထားသည့်ကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

တောင်ကိုရီးယားနိုင်ငံ၌ ဆန်ပိုလျှံထွက်ရှိမှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ဈေးကွက်အတွင်း ဈေးနှုန်းများတည်ငြိမ်မှုရှိစေရန်အတွက် အစိုးရသည် ယခုနှစ်ရိတ်သိမ်းထွက်ရှိမှုမှ ဆန်တန်ချိန် ၄၀၀၀၀၀ နှင့် ယခင်နှစ်ထွက်ရှိမှုမှ တန်ချိန် ၅၀၀၀၀ ၊ စုစုပေါင်း ဆန်တန်ချိန် ၄၅၀၀၀၀ ကို အရန် ရိက္ခာအဖြစ် ဝယ်ယူမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနက ဩဂုတ်လ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံအနေဖြင့် ပြည်တွင်းရော်ဘာထုတ်လုပ်မှုလိုအပ်ချက် တန်ချိန် ၅ ဒသမ ၅ သိန်း ခန့် ဖြစ်ပေါ်နေခြင်းနှင့်အတူ သဘာဝရော်ဘာပြတ်လပ်မှုကို သိသာစွာ ကြုံတွေ့နေရကြောင်း Times of India သတင်းဌာနက အစီရင်ခံ ဖော်ပြခဲ့ပါသည်။ အကောက်ခွန်နှုန်း မြင့်မားခြင်းနှင့် ကုန်စည်ရရှိလွယ်မှုဆိုင်ရာ ပြဿနာများသည် ရော်ဘာတင်သွင်းရာတွင် ရင်ဆိုင်ရသည့် စိန်ခေါ်မှု များဖြစ်ပြီး၊ အဆိုပါ အခြေအနေများကြောင့် ရော်ဘာဈေးနှုန်းမြင့်မားခြင်းနှင့် ရော်ဘာကုန်ကြမ်း အပေါ် အမှီပြုနေသည့် စက်ရုံများအတွက် အကျပ်အတည်းဖြစ်စေကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံတွင် အခွန်စုံစမ်းစစ်ဆေးရေးညွှန်ကြားမှုဦးစီးဌာန (DRI) သည် Jawaharlal Nehru Port Trust (JNPT), Mundra နှင့် Kandla ဆိပ်ကမ်း ၃ ခုမှ ပြည်ပသို့ အော်ဂဲနစ်ဆန်အဖြစ် ဖော်ပြတင်ပို့မည့် ကုန်သေတ္တာအလုံး ၄၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု Hindu Business Line သတင်းဌာနက ဩဂုတ်လ ၁၉ ရက်နေ့၌ ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံအဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာန (MEHS) သည် ဗျူဟာမြောက်ကဏ္ဍ ၃ ခုဖြစ်သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ လျှပ်စစ်မော်တော် ယာဉ်များ(EVs)နှင့် ဉာဏ်ရည်တုနည်းပညာ(AI)တို့တွင် တာဝန်ထမ်းဆောင်ရန် ၅ နှစ်အတွင်း ကျွမ်းကျင်မှုမြင့်မားသော အလုပ်သမား ၁၇၅၀၀ ကို ရရှိလာစေရန်အတွက် ဘတ်ဂျက် ဘတ် ၅ ဘီလီယံ သုံးစွဲရန် ခွဲတမ်းချပေးခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးဌာနသည် အဆိုပါ လုပ်ငန်း နယ်ပယ်များတွင် ပြည်တွင်းနှင့်ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ဘတ် ၁၀၀ ဘီလီယံခန့်ကို ဆွဲဆောင်နိုင်ရန် ရည်ရွယ်ထားသည်ဟု သိရပါသည်။ ထိုင်းနိုင်ငံ၏ လူသားအရင်းအမြစ်နှင့် အဖွဲ့အစည်းဖွ

ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထိုင်းနိုင်ငံမွေးမြူရေး ထုတ်ကုန်များနှင့်သစ်သီးများ တရုတ်နိုင်ငံတွင် ဈေးကွက်တိုးချဲ့ရန်နှင့် အရှေ့ပိုင်းစီးပွားရေး စင်္ကြန်ရှိ အသစ်ပေါ်ထွက်လာသော စက်မှုနယ်ပယ်များတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုရန်ရည်ရွယ်၍ နှစ်နိုင်ငံကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး Suchart Chomklin က ၎င်းကို ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီး Phumtham Wechayachai က တရုတ်နိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး Li

ထိုင်းနိုင်ငံယာယီစီးပွားကူးသန်းဝန်ကြီး Phumtham Wechayachai သည် ထိုင်းထုတ်ကုန်များအတွက် ဈေးကွက်အခွင့်အလမ်းသစ်များရှာဖွေရန် ဩဂုတ်လ ၁၃ ရက်နေ့က ကာဇတ်စတန်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရပါသည်။ Mr.

ကမ္ဘောဒီယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၏ ပထမ ၇ လတွင် သီဟိုဠ်စေ့အစိမ်း တန်ချိန်ပေါင်း ၈၃၀၀၀၀ ထုတ်လုပ်မှုနှင့်အတူ ကမ္ဘာ့ဒုတိယအကြီးဆုံးသီဟိုဠ်စေ့အစိမ်း ထုတ်လုပ်သူ ဖြစ်လာကြောင်း ကမ္ဘောဒီးယားနိုင်ငံ သီဟိုဠ်စေ့အသင်း (CAC)၏ အစီရင်ခံစာအရ သိရပါသည်။ CAC က ဗီယက်နမ်နိုင်ငံသို့ တင်ပို့မှုသည် သိသာစွာမြင့်တက်ခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၀၉၂ ဘီလီယံတန်ဖိုးရှိသည့် သီဟိုဠ်စေ့ တန်ချိန် ၇၈၀၀၀၀ တင်ပို့ခဲ့ကြောင်း သိရပါသည်။ ၎င်းသည် တင်ပို့မှုပမာဏအားဖြင့် ၃၆.၇ % မြင့်တက်ခဲ့ပြီး တန်ဖိုးအားဖြင့် ၂၈.၁ % မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ CAC၏ ဥက္ကဌဖြစ်သူ Uon Silot က ယခုလိုမြင့်တက်လာမှုသည်

တရုတ်နိုင်ငံထံမှ ဈေးပေါပြီး အရည်အသွေးလျော့နည်းသော ကုန်ပစ္စည်းများ Online Platform တွင်သာမက Physical Platform တွင်ပါ လွှမ်းမိုးလာမှုသည် ထိုင်းနိုင်ငံတွင် အရေးကြီးသည့် ကိစ္စရပ်တစ်ခု ဖြစ်လာပြီး ထိုင်းစီးပွားရေးလုပ်ငန်းရှင်းများနှင့် စားသုံးသူများကို ၎င်းတိုး၏ သက်ရောက်မှုနှင့်ပတ်သက်၍ စိုးရိမ်စိတ်များဖြစ်ပေါ်စေလျက်ရှိကြောင်း သိရပါသည်။ တရုတ်ကုန်ထုတ်လုပ်သူများထံမှ ဈေးပေါသည့် ကုန်ပစ္စည်းများကို ကြားခံမလိုပဲ တိုက်ရိုက် ရောင်းချပေးသည့် တရုတ် e-commerce လုပ်ငန်း Temu က ထိုင်းနိုင်ငံ ဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ထိုင်းစီးပွားရေးလုပ်ငန်းများထိခိုက်မည်ကို စိ
