ကြီးမားသည့်ပင်လယ်တံတိုင်းစီမံကိန်းသည် အင်ဒိုနီးရှား၏စီးပွားရေးကို ကာကွယ်နိုင်ကြောင်း ဝန်ကြီးပြောကြား

Powered by Drupal

    ကြီးမားသည့်ပင်လယ်တံတိုင်းစီမံကိန်းသည် ဂျာဗားကျွန်းမြောက်ဘက်ကမ်းရိုးတန်း‌‌‌ဒေသ ကို ရေလွှမ်းမိုးခြင်းမှနှင့် ကမ်းရိုးတန်းတိုက်စားခြင်းမှကာကွယ်နိုင်ရုံသာမက အင်ဒိုနီးရှား၏အဓိက စီးပွားရေးဇုန်များအတွက် လုံခြုံမှုပေးနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။ နိုင်ငံ‌တော်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းဝန်ကြီးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအေဂျင်စီ၏ အကြီးအကဲ Rachmat Pambudy အင်ဒိုနီးရှား၏ စုစုပေါင်း GDP ၅၆ ရာခိုင်နှုန်းသည် ဂျာဗား ကျွန်းနှင့် ၇၀ ရာခိုင်နှုန်းသည် ၎င်း၏မြောက်ဘက်ကမ်းရိုးတန်းဒေသတစ်လျှောက်တည်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးက GDP ၏ ၂၆ ရာခိုင်နှုန်းသည် ဂျကာတာမြို့တော်နယ်နိမိတ်နှင့် ၎င်း၏ပတ်လည်တွင်တည်ရှိပြီး ၁၈ ရာခိုင်နှုန်းသည် ဂျကာတာတွင်တည်ရှိကြောင်း နှင့် ဂျကာတာ မြောက်ဘက်ကမ်းရိုးတန်းဒေသ၏ အခြေခံအဆောက်အအုံကာကွယ်ခြင်းသည် အင်ဒိုနီးရှား၏ စီးပွားရေးကျောရိုးကိုကာကွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားစာရင်းအင်းရုံး ၏ အဆိုအရ ၂၀၂၅ ခုနှစ်၏ ဒုတိယ ၃ လပတ်ကာလတွင် နိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ၃၆၂ ဘီလီယံထိရောက်ရှိခဲ့ကြောင်း သိရပါသည်။ Rachmat က ကြီးမားသောပင်လယ်တံတိုင်း စီမံကိန်းသည် အနာဂတ်ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အထူးသဖြင့် မြို့ပြကမ်းရိုးတန်းဧရိယာ များအတွက် စီမံချက်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံသည်ကျွန်းပေါင်း ၁၇၀၀၀ ကျော်နှင့် ကျယ်ပြော သည့်ကမ်းရိုးတန်းများကြောင့် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများကို သီးသန့်သက်သက် ချမှတ်ဖန်တီး ရန်လိုအပ်ကြောင်းနှင့် ကျွန်းများကိုခွဲခြားချိတ်ဆက်ပေးသည့် ပင်လယ်များကြောင့် ၎င်းတို့သည် မြို့ပြသစ်များတည်ထောင်ရန်နှင့် အုပ်စုဖွဲ့ဖွံ့ဖြိုးမှုမော်ဒယ်များဖန်တီးရမည်ဖြစ်ကြောင်းနှင့် ၂၀၄၅ ဆီသို့ နိုင်ငံတော်မြို့ပြမူဝါဒမဟာဗျူဟာသည်  စဉ်ဆက်မပြတ်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်ဒိုနီးရှားမော်ဒယ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Rachmat က သက်ဆိုင်သူအားလုံးအား ၂၀၄၅ နိုင်ငံတော်မြို့ပြမူဝါဒအကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။

  DOCA (ရန်ကုန်)