ပြည်ပကုန်သွယ်မှုသတင်းများ
ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ရန် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ (PHP ၈၇.၅ ဘီလီယံ) ရင်းနှီးမြှုပ်နှံအစီအစဉ်အတွက် သမ္မတ Ferdnand R.Marcos Tr မှ ထိုင်းနိုင်ငံ၏ လုပ်ငန်းစုဖြစ်သည့် Charoen Pakphand Group (CP Group) အား ကျေးဇူးတင်ခဲ့သည်။
ဆိုရှယ်မီဒီယာပို့စ်တစ်ခုတွင် Marcos မှ CP Group ဥက္ကဌ Soopakij Chris Chearavanont နှင့် Laperal Mansion တွင် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပရေဂျက်များနှင့်အခြား အကြောင်းအရာများကို ဆွေးနွေးရန် အင်္ဂါနေ့က တွေ့ဆုံခဲ့ကြောင်း ပြောကြားခဲ့သည်။

ကင်ညာနိုင်ငံသည် ဥယျာဉ်စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုသည် ၂၀၂၄ ခုနှစ်၏ ပထမသုံးလပတ်အတွင်း ၁၄% မြင့်တက်ခဲ့ပြီး ဥရောပနှင့် အာရှဈေးကွက်များသို့ တင်ပို့ရောင်းချ ခြင်းဖြင့် ယင်းကဲ့သို့ မြင့်တက်လာခဲ့ကြောင်း ဗဟိုဘဏ်က သောကြာနေ့တွင် ထုတ်ပြန်သော စီးပွားရေးဒေတာ အသစ်အရသိရသည်။
ကင်ညာနိုင်ငံသည် ယခုနှစ်သုံးလပတ်အတွင်း ရှီလင် ၄.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၅၁ သန်းနီးပါး) ရရှိခဲ့ကြောင်း ဗဟိုဘဏ်က ပြောကြားခဲ့သည်။ အဆိုပါ သုံးလပတ်တွင်း ကင်ညာနိုင်ငံသည် ပဲတန်ချိန် ၂၀၈၁၄၆ တင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလတွင် တန်ချိန် ၁၇၁၃၈၄ မှ တိုးလာကြောင်း သိရသည်။

ဩဂုတ်လ ၂ ရက်နေ့တွင် Zeekr သည် ၎င်း၏ ပထမဆုံး ညာမောင်း (RHD) Zeekr X အား ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်မှုကို ဩဂုတ်လ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါ Zeekr X RHD အား Athens Cloud White, Paris Brown Rice, Hongzhou Green, Su Mo Gray, Berlin Silver Gray စသဖြင့် အရောင်ငါးမျိုးဖြင့် ရရှိနိုင်မည်ဖြစ်ပြီး ဘတ် ၁၁၉၉ သန်း (ယွမ် ၂၄၄၀၀၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၃၄၀၀၀) နှင့် ဘတ် ၁.၃၄၉ သန်း (ယွမ် ၂၇၅၀၀၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၃၈၄၀၀) အသီးသီး ဈေးနှုန်းများရှိမည်ဖြစ်သည်။

နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများနှင့် အခွန်ငွေ ဒေါ်လာဘီလီယံပေါင်းများစွာကို ဆွဲဆောင်ရန် ကြိုးပမ်းနေသောကြောင့် ထိုင်းနိုင်ငံသည် ကာစီနိုများအား တရားဝင်ခွင့်ပြုပေးမည့် အစီအစဉ်များကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ကနဦး လိုင်စင်ဖြင့် ကာစီနိုလောင်းကစားများကို အနှစ် ၃၀ ခွင့်ပြုရန် ဥပဒေမူကြမ်းကို အစိုးရ၏ တရားဝင်အေဂျင်စီဖြစ်သော နိုင်ငံတော်ကောင်စီမှ ဩဂုတ်လ ၁၈ ရက်အထိအများပြည်သူသို့ အကြံပြုချက်ထုတ်ပြန်ခဲ့သည်။ ကာစီနိုများသည်ပါမစ်ကို နောက်ထပ် ၁၀ နှစ်သက်တမ်းတိုးရန် ရွေးချယ်ခွင့်ရှိပြီး ဟိုတယ်များ၊ ကွန်ဗင်းရှင်းစင်တာများနှင့် အပန်းဖြေဥယျာဉ်များအပါအဝင် ဖျော်ဖြေရေးအဆောက်အအုံ

မလေးရှားနိုင်ငံတွင် အပူလွန်ကဲမှုနှင့် မိုးခေါင်မှုကြောင့် စပါးဧက ၁၃၀၀၀၀ (၅၂၆၀၉.၁၃ ဟက်ကာ) ခန့် ထိခိုက်မှုဖြစ်ပေါ်ခဲ့ရာ ယခုနှစ် ဆန်စပါးထုတ်လုပ်မှုအတွက် ကိုယ်ပိုင်စွမ်းအားဖြင့် လုံလောက်နိုင်မှုအဆင့် (Self-Sufficiency Level - SSL) သည် ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းဖွယ်ရှိ ကြောင်း The Malaysian Reserve သတင်းဌာနက ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံပိုင် ဝယ်ယူရေးအေဂျင်စီ Bulog သည် ပြီးခဲ့သည့် သီတင်းပတ်နှောင်းပိုင်း၌ ခေါ်ယူခဲ့သည့် နိုင်ငံတကာတင်ဒါတစ်ခုတွင် ဆန်မက်ထရစ်တန်ချိန် ၃၂၀,၀၀၀ ခန့် ဝယ်ယူခဲ့သည် ဟု ယုံကြည်ရကြောင်း ဥရောပကုန်သည်များက ၅-၈-၂၀၂၄ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့ သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ပြည်တွင်းစားအုန်းဆီ ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ပြည်တွင်း စားအုန်းဆီဈေးကွက်အတွင်း ရောင်းချပေးရန်တာဝန်ရှိမှု (Domestic Market Obligation-DMO) စည်းမျဉ်းများ တစ်နည်းအားဖြင့် ပြည်တွင်းစားအုန်းဆီ ထုတ်လုပ်မှုပမာဏအပေါ် မူတည်၍ ပြည်တွင်း သုံးစွဲမှုနှင့် တင်ပို့မှုပမာဏအချိုးအစားသတ်မှတ်သည့်စည်းမျဉ်းအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့ပါသည်။ အင်ဒိုနီးရှားအစိုးရသည် အဆိုပါ DMO အစီအစဉ်အား ပြန်လည်ပြင်ဆင်ရန်စီစဉ်လျက်ရှိပြီး စားအုန်းဆီ တင်ပို့ခွင့်ပမာဏအချိုးကို ထိခိုက်နိုင်မည်မဟုတ် ဟု အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ၁

ဆန်အမျိုးအစားများအတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D) လုပ်ဆောင်မှု နည်းပါးခြင်း၊ ကမ္ဘာ့ရောင်းလိုအား မြင့်တက်လာခြင်းနှင့် နှစ်ကုန်တွင် အိန္ဒိယမှ ဆန်တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်များကို ရုပ်သိမ်းနိုင်ခြင်း စသည့် ယှဉ်ပြိုင်နိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေသော ဆုံးရှုံးနိုင်ခြေရှိသည့် အချက်များစွာကြောင့် ထိုင်းဆန်တင်ပို့မှုသည် လာမည့်နှစ်တွင် ဆန်တန်ချိန် ၈ သန်း အောက် လျော့နည်းသွားနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၌ မဲခေါင်မြစ်ကမ်းရှိ ဆိပ်ကမ်းတစ်ခုတွင် စစ်ဆေးရေးဂိတ် အသစ်တစ်ခု ဖွင့်လှစ်လိုက်သည့်အတွက် ထိုင်းနိုင်ငံမှ သစ်သီးဝလံတင်ပို့သူများအနေဖြင့် ရေ ကြောင်းဖြင့် သစ်သီးဝလံများကို ပိုမိုအဆင်ပြေစွာ တင်ပို့နိုင်မည်ဖြစ်သည်ဟု ထိုင်းအဆင့်မြင့် အရာရှိတစ်ဦးက ၅-၈-၂၀၂၄ ရက်၊ တနင်္လာနေ့၌ ပြောကြားခဲ့ပါသည်။
အိန္ဒိယနိုင်ငံတွင် ပြည်နယ်များအနေဖြင့် e-auction ခေါ် အင်တာနက်ကွန်ယက်စနစ် အသုံးပြုလေလံစနစ်၌ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုပဲ အိန္ဒိယစားသောက်ကုန်ကော်ပိုရေးရှင်း (FCI) ထံမှ အရန်ထားရှိသော ဆန်များကို ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီးငွေ ၂၈၀၀ နှုန်းဖြင့် ပြည်တွင်းသို့ ဈေးဖွင့်ရောင်းချပေးမှု အစီအစဉ်အောက်မှ တိုက်ရိုက်ဝယ်ယူနိုင်သည်ဟု စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီး Pralhad Joshi က ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ၏ နယ်မြေဒေသများစွာ၌ ဇူလိုင်လအတွင်း စံချိန်တင်မြင့်မားသည့် အပူ လှိုင်းကျရောက်ခဲ့ရာ ၂၀၂၄ ခုနှစ်အတွက် အစေ့ထုတ်ပြောင်း ရိတ်သိမ်းထွက်ရှိမှုမှာ တန်ချိန် ၆ သန်းခန့် လျော့နည်းဖွယ်ရှိသည်ဟု ယူကရိန်း သီးနှံထုတ်လုပ်သူများသမဂ္ဂက ဩဂုတ်လ ပထမ သီတင်းပတ်ကုန်ပိုင်းတွင် ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံတွင် စားသုံးမှုပမာဏအများဆုံး ပဲမျိုးအစားဖြစ်သော ကုလားပဲ၏ ဈေးနှုန်းများသည် ပွဲတော်ရာသီကာလမတိုင်မီ ဝယ်လိုအားမြင့်မားလာမှုအရ လွန်ခဲ့သော ၁ လတာအတွင်း ၁၀% အထိ မြင့်တက်လာခဲ့သည်ဟု ပဲမျိုးစုံလုပ်ငန်းနယ်ပယ်မှ စီမံခန့်ခွဲမှုလုပ်ကိုင်သူများက ပြောကြားကြောင်း Economic Times သတင်းဌာနက ဖော်ပြပါသည်။