Main menu

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော လေချူသီး နှင့် ဩဇာသီးဈေးနှုန်း

Powered by Drupal

       ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံ ဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ နှင်းသီး(ခေါ်)လေချူသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး နှင်းသီး(ခေါ်) လေချူသီးများကို ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

    နှင်းသီး(ခေါ်)လေချူသီးသည် သွေးအားကောင်းစေခြင်း၊ ဝမ်းဗိုက်လေချုပ်ခြင်းကို ကောင်းမွန် စေခြင်း၊ ကောင်းစွာအိပ်ပျော်စေခြင်း ၊ မျက်စိအမြင်အာရုံကောင်းစေခြင်း စသည့် ကျန်းမာရေးအတွက် အထောက်အကူပြုသည့်အတွက် လူကြိုက်များသော သရေစာအသီးတစ်မျိုးဖြစ်ပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နှင်းသီး(ခေါ်) လေချူသီး ဈေးနှုန်းများမှာ နှင်းသီး(ခေါ်)လေချူသီး တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ နှင်းသီး(ခေါ်) လေချူသီး(၅၀)ကျပ်သားလျှင်(၁၂၀၀၀)ကျပ်နှင့် နှင်းသီး(ခေါ်)လေချူသီး (၂၅)ကျပ်သားလျှင်(၆၀၀၀) ကျပ် ဈေးနှုန်း တို့ဖြင့်လည်းကောင်း ဩဇာသီး ဈေးနှုန်းအနေဖြင့် ဩဇာသီး အကြီးတစ်လုံးလျှင် (၅၀၀)ကျပ် နှင့် ဩဇာသီး အသေး တစ်လုံးလျှင်(၃၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုး(၃)လုံး ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်အပတ်ထက် ဩဇာသီးဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိကြောင်း   သစ်ရာမြိုင်ဈေး၌ သစ်သီးမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)