
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုတ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက် ရှိရာ ရွှေပဲသီးကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့ ၊ ရှမ်းပြည်နယ် တို့မှ မှာယူရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ရောင်းချ လျက်ရှိသော ရွှေပဲသီးဈေးနှုန်းမှာ ရွှေပဲသီး တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၆၀၀၀) ကျပ် ဈေးနှုန်းများဖြင့်လည်းကောင်း ဘိုစားပဲသီးဈေးနှုန်းမှာ ဘိုစားပဲသီး အပြား တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် ဘိုစားပဲသီး အလုံး လက်လီ တစ်ပိဿာလျှင်(၆၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ကြောင်း ကုန်စိမ်းသီးနှံ အစုံ ရောင်းချသူများ ထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)