Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေပဲသီးစျေးနှုန်းစျေးကွက်

     သြဂုတ်လဒုတိယပတ်အတွင်း မန္တလေးကုန်စိမ်းစျေးကွက်သို့ရွှေပဲသီးဝင်ရောက်မှု လျော့နည်းသည့်အတွက် စျေးအနည်းငယ်တက်သွားကြောင်း သိရပါသည်။ မန္တလေးမြို့ ၄၁လမ်းဈေး နှင့် သီရိမာလာဈေးတို့တွင် မန္တ‌လေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ်ဒေသတို့မှ ထွက်ရှိသော ရွှေပဲသီးသီးနှံများ ဝင်ရောက်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် သြဂုတ်လဒုတိယ ပတ်အတွင်း ရွှေပဲသီးတောင့်တစ်ပိဿာလျှင် လက္ကားစျေး  ၆၅၀၀ ကျပ်နှင့် ၇၅၀၀ ကျပ်၊ လက်လီစျေး ၈၅၀၀ ကျပ်နှင့် ၉၀၀၀ ကျပ်၊ ‌ရွှေပဲသီး အရွက်(၁၀ စည်းပါ)တစ်စည်းလျှင် လက္ကား စျေး ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊ လက်လီစျေး ၉၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချ လျှက်ရှိပြီး၊ဝင်ရောက်မှုလျော့နည်းသော်လည်း အရောင်းသွက်လျက်ရှိကြောင်း  ကုန်စိမ်းရောင်းချ သူတစ်ဦးထံမှ သိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့၏ ငါးချဉ်ဈေးနှုန်း၊ဈေးကွက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ရာသီပေါ်သီးနှံများ၊ အသားမျိုးစုံနှင့် ဒေသထွက်ငါးမျိုးစုံအပြင် ငါးကိုအချဉ်သိပ်၍ ငါးချဉ်အဖြစ်ရောင်းချလျက်ရှိကြောင်း သိရသည်။ ငါးချဉ်ပြုလုပ်ရာတွင် ငါးကြင်းချဉ်နှင့် ငါးသေးချဉ်စသည်ဖြင့် အမျိုးမျိုးပြုရောင်းချလျက် ရှိရာကုန်ကြမ်းများဖြစ်သော ငါးကြင်းနှင့် ငါးအသေးကောင်လေးများကို ကန့်ဘလူမြို့နှင့် ကျွန်းလှ မြို့နယ်မှ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော ငါးကြင်းချဉ်(၁)ပိဿာ လျှင်(၃၉၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ ငါးသေး ချဉ်(၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၂၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးချဉ်များကို ချက်၍လည်းကောင်း၊ အစိမ်းအတိုင်း သုပ်စား၍လည်းကောင်း စားသုံးကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း  ငါးချဉ်ရောင်းဝယ် ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

မုန်လာဥနီဈေးအနည်းငယ်တက်

  မန္တလေးဈေးကွက်အတွင်းသို့ ပြင်ဦးလွင်ဒေသနှင့်ရှမ်းပြည်နယ်တောင်ပိုင်း ဒေသများမှ ထွက်ရှိသည့်ခါကြက်ဥ(ခေါ်)မုန်လာဥနီ  ကုန်စိမ်းများ ဝင်ရောက်လျက်ရှိပြီး၊ မိုးရာသီလမ်းပန်း ဆက်သွယ်ရေးအခက်အခဲကြောင့် ဝင်ရောက်မှုနည်းသည့်အတွက် စျေးအနည်းငယ်တက်သွား ကြောင်း သိရပါသည်။ ဈေးကွက်အတွင်းတွေ့ရသော ခါကြက်ဥ(ခေါ်)မုန်လာဥနီကုန်စိမ်းမှာ ဒေသမျိုးမုန်လာဥနီနှင့် ထိုင်ဝမ်မျိုး မုန်လာဥနီအမျိုးအစား(၂)မျိုးရှိပြီး တစ်နှစ်ပတ်လုံးဝင် ရောက်သည့်ကုန်စိမ်း အမယ်တစ်မျိုးဖြစ်ပါသည်။ မန္တလေးမြို့၊ ၄၁လမ်းဈေး နှင့်သီရိမာလာ စျေး တို့တွင်  ၂၀၂၅ ခုနှစ်သြဂုတ်လဒုတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော ပေါက်ဈေးမှာ တစ်ပိဿာ လျှင် လက္ကားဈေး မုံလာဥနီ (ဒေသမျိုး) ၃၀၀၀ကျပ်နှင့် ၃၅၀၀ကျပ်၊ မုံလာဥနီထိုင်ဝမ်မျိုး ၈၅၀၀ ကျပ်နှင့် ၉၀၀၀ ကျပ်၊ လက်လီဈေးအနေဖြင့် မုန်လာဥနီ ဒေသမျိုး ၄၀၀၀ကျပ်နှင့် ၅၀၀၀ကျပ်၊ မုန်လာဥနီ ထိုင်ဝမ်မျိုး ၉၅၀၀ကျပ်နှင့် ၁၀၀၀၀ ကျပ်တို့ဖြစ်ကြောင်းသိရပါသည်။

DOCA( မန္တလေး)

ကန်စွန်းရွက်၊ကင်ပွန်းချဉ်ရွက်နှင့်ချဉ်ပေါင်ရွက်ဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကန်စွန်းရွက်၊ကင်ပွန်းချဉ်ရွက်နှင့် ချဉ်ပေါင်ရွက်များကို  နေအိမ်ခြံဝင်း များတွင်လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်းသိရသည်။  

   ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူ တစ်ဦး၏ ပြောပြချက်အရ ကန်စွန်းရွက်၊ကင်ပွန်းချဉ်ရွက်နှင့် ချဉ်ပေါင်ရွက်များကို ကန့်ဘလူမြို့ပေါ် နှင့်နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာများမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်းကန် စွန်းရွက်များကို အစည်းလေးများစည်း၍ ရောင်းချရာ()စည်းလျှင် (၁၀၀)ကျပ်၊ ()စည်းလျှင် (၂၀၀)ကျပ်၊ ကင်ပွန်းချဉ်ရွက်()စည်းလျှင် (၂၀၀)ကျပ်၊ ()စည်းလျှင်( ၅၀၀)ကျပ်နှင့် ချဉ်ပေါင်ရွက် ()ပိဿာလျှင် (၁၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၈၀၀)ကျပ်၊ ()ပုံလျှင်(၂၀၀)ကျပ်ဖြင့်ရောင်းချ လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့ရှိ ကင်းပုံသီးနှင့် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးဈေးနှုန်းများ

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ကန့်လန့်ဖူး၊ မုံညှင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊  ခရမ်းသီးများ ရောင်းချလျက်ရှိရာ ယခုအခါ ကင်းပုံပင်နှင့် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးပင်များကို  နေအိမ်ခြံဝင်း များတွင်လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်း စိုက်ပျိုး၍ ရောင်းချလျက်ရှီ ကြောင်းသိရသည်။ ကင်းပုံသီးနှင့်ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးများကို ကြော်စား၊ ချက်စား၊ နှပ်စား အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်၌ ကန့်ဘလူမြို့မဈေးတွင် ကင်းပုံသီးနှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီးများကို ကန့်ဘလူမြို့ပေါ်၊နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှဝယ်ယူ၍ ရောင်းချလျက်ရှိကြောင်း၊ ကင်းပုံသီးများကို နို့ဆီဘူး()ဘူးလျှင် (၅၀၀)ကျပ်၊ ()ပြည်လျှင် (၃၈၀၀) ကျပ်နှင့် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးဈေးနှုန်းမှာ ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီး အကြီး()တောင့်လျှင် (၇၀၀)ကျပ်၊ အလတ်()တောင့်လျှင်(၄၀၀)ကျပ်၊ အသေး()တောင့်လျှင် (၃၀၀)ကျပ်ဖြင့်  အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

ရာသီစာ မှိုစျေးကွက်အရောင်းသွက်

  မန္တလေးစျေးကွက်သို့  မိုးရာသီကာလအတွင်း မှိုအမျိုးမျိုး   ဝင်ရောက်လျက်ရှိပြီး၊   တွေ့ရှိမှု များသော အမျိုးအစားများမှာ ငွေနှင်းမှုံမှို၊ကောက်ရိုးမှို၊ အပ်မှို၊ မှိုကြက်တောင်၊ရှီတာကီမှို၊ တောင်ပို့မှို၊ ဝါးမှိုများ ဖြစ်ပါ သည်။   စျေးကွက်အတွင်း သဘာဝအတိုင်းထွက်ရှိသည့်မှို နှင့် စိုက်ပျိုးသည့်မှိုနှစ်မျိုး တွေ့ ရှိရပါတယ်။ မန္တလေးဒေသအတွင်း  စိုက်ပျိုးထွက်ရှိသည့်မှိုအမျိုးမျိုးတို့အား  တစ်နှစ်ပတ်လုံး တွေ့ရှိရပြီး၊ အများဆုံးတွေ့ရသော  မှိုအမျိုးအစားများဖြစ်သည့် ငေွနှင်းမှုံမှို၊ ကောက်ရိုးမှိုနှင့် အပ်မှို တို့မှာ အရောင်းသွက် ကြောင်းသိရပါသည်။ ၂၀၂၅ ခုနှစ် သြဂုတ်လ ဒုတိယပတ်အတွင်း  မန္တလေး စျေးကွက်ရှိ  မိုးရာသီစာဖြစ်သည့်  မှိုတစ်ပိဿာစျေးများမှာ   ငွေနှင်းမှုံမှို  လက္ကားစျေး  ၇၀၀ဝိ/-  စျေး၊ လက်လီစျေး ၈၀၀ဝိ/-နှင့် ၉၀၀ဝိ/-၊  ကောက်ရိုးမှို လက္ကားစျေး ၈၀၀ဝိ/-၊လက်လီစျေး ၉၅၀ဝိ/- နှင့် ၉၀၀ဝ/- ၊  အပ်မှိုထုတ်တစ်ထုတ် (အထုတ်သေး ၁၀ ခုပါ) လက္ကားစျေး  ၄၀၀၀ဝိ/- နှင့်  လက်လီ စျေးအထုတ်(သေး)တစ်ထုတ်လျှင်  ၄၅၀ဝိ/- စျေးဖြင့် အရောင်းသွက်လျှက်ရှိကြောင်း  မှိုရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။ 

DOCA(မန္တလေး)

 ဈေးနှုန်းမြင့်တက်လျက်ရှိသော ဘိုစားပဲသီးနှင့် ခါကြက်ဥဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ပြောင်းဖူးများ ရောင်းချလျက်ရှိရာ ယခုအခါ ဘိုစားပဲသီးနှင့်ခါကြက်ဥများကို  ကန့်ဘလူမြို့မဈေးတွင်ရောင်းချ လျက်ရှိပါသည်။ ဘိုစားပဲသီးနှင့်ခါကြက်ဥများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရှိ ရပါသည်။

     ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ဘိုစားပဲသီး ()ပိ ဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ခါကြက် (ဗမာ)()ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀) ကျပ်ဖြင့်ရောင်းချခဲ့ပြီး ၂၀၂၅ခုနှစ် ၊ဩဂုတ်လ ဒုတိယပတ်အတွင်း ဘိုစားပဲသီး()ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ) ()ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်တက်လာကြောင်း၊ ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

မုံရွာမြို့‌ပေါ်တွင်ရောင်းချလျက်ရှိသော မြင်းခွာရွက်နှင့် ဆူးပုတ်ရွက်စျေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ  နန္ဒဝန်ဈေးနှင့် မန်ကျဥ်းပင်ဈေးတွင် မြင်းခွာ ရွက်နှင့် ဆူးပုတ်ရွက်များ ရောင်းချလျက်ရှိကြောင်းသိရပါသည်။

 

      ၂၀၂၅ခုနစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ‌ရောင်းချလျက်ရှိသော မြင်းခွာရွက်စျေးနှုန်း မှာ ၅ ကျပ်သားလျှင် (၅၀၀) ကျပ်နှုန်း၊ ၁၀ကျပ်သားလျှင်(၁၀၀၀) ကျပ်နှုန်း ဖြင့်ရောင်းချ လျက်ရှိ ကြောင်း စျေးရောင်းသူများထံမှသိရပါသည်။ ဆူးပုတ်ရွက်ဈေးနှုန်းမှာ ၁ စီးလျှင် (၂၀၀) ကျပ်နှုန်းဖြင့်လည်ကောင်း ၅ စီးတစ်စီးလျှင် (၁၀၀၀)ကျပ်ဖြင်းလည်ကောင်း ရောင်းချလျက် ရှိကြောင်းစျေး ရောင်း သူများထံမှသိရပါသည်။

DOCA (စစ်ကိုင်း)

 

 

 

အရောင်းသွက်သည့်ကိုက်လံ

   မန္တလေးကုန်စိမ်းစျေးကွက်အတွင်းသို့ ဒေသတွင်းမြို့နယ်များမှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်ဒေသထွက်ကုန်စိမ်းများ ဝင်ရောက်မှုများပြီး၊ကျန်ဒေသများ မှလည်းဝင်ရောက်လျက်ရှိပြီး အရောင်းသွက်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် သြဂုတ်လဒုတိယ ပတ်အတွင်း ကုန်စိမ်းကိုက်လံ ဟင်းရွက်ပေါက်စျေးအနေဖြင့် လက္ကားစျေး(၁၀စီးပါ)တစ်စည်းလျှင်  ၅၀၀၀ ကျပ် နှင့် ၇၀၀၀ ကျပ်၊ လက်လီစျေးတစ်စည်းလျှင် ၇၀၀ ကျပ်နှင့် ၈၀၀ ကျပ်အသီးသီး ရောင်းချလျက်ရှိကြောင်း သိရပါသည်။ မိုးရာသီအချိန်ဖြစ်၍ဟင်းရွက်ကုန်စိမ်းများဝင် ရောက်မှု များပြား လျက်ရှိပြီး၊ ကိုက်လံဟင်းရွက်စျေးနှုန်းအနည်းငယ်ကျသွားကြောင်းသိရပါသည်။ ကိုက်လံ ဟင်းရွက်အစည်းအသေး/အကြီးအပေါ်မူတည်၍ စျေးနှုန်းအနည်းငယ်ကွာခြားမှုရှိပြီး၊ သီရိမာလာ စျေး အတွင်း နေ့စဉ်ကုန်စိမ်း သီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစား အလိုက်Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀) စီး နှင့်(၆၀)စီး အကြား  ဝင်ရောက် လျက်ရှိကြောင်း  သိရပါသည်။

DOCA(မန္တလေး)

မုံရွာမြို့ပေါ်တွင်ရောင်းချလျက်ရှိသော ထောပတ်သီးနှင့် မာလကာသီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အတွင်းထောပတ်သီးနှင့် မာလကာသီးများကို ရောင်းချလျက် ရှိကြောင်း  သိရှိရပါသည်။

     ဈေးကွက်အတွင်းရောင်းချနေသော ထောပတ်သီးများကို ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း )  တောင်ကြီး၊ ဟိုပုံ၊ ညောင်‌ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင် လောင်၊ လားရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စသည့်ဒေသများမှ တင်သွင်းကြ ပါသည်။ မာလကာသီးများကို မုံရွာမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ တောင်သူများ သည် ဒေသ ထွက်ကုန်နှင့် စားဖိုဆောင်သီးနှံများကို တစ်ပိုင်တစ်နိုင်အနေဖြင့် လည်းကောင်း၊ စီးပွားဖြစ် အနေဖြင့်လည်းကောင်း သီးနှံများကိုစိုက်ပျိုး၍အနယ်နယ် အရပ်ရပ်သို့တင်ပို့ရောင်းချ လျက်ရှိ ပါသည်။

    ၂၀၂၅ခုနစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ထောပတ်သီးဈေးနှုန်းမှာ ထောပတ်သီး အသေး (၁)လုံး လျှင် (၅၀၀) ကျပ်၊ ထောပတ်သီးအလတ်(၁)လုံးလျှင် (၈၀၀) ကျပ်နှင့်ထောပတ် သီးအကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ် အထိရောင်းချလျက်ကြောင်း ထောပတ်သီးရောင်းချသူထံမှ သိရှိရ ပါသည်။မာလကာသီး‌ဈေးနှုန်းမှား (၁) ပိဿာ လျှင်(၅၀၀၀) ကျပ်၊ တစ်လုံးလျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းချသူ ထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း