မြိတ်ဒေသထွက်ကုန် ခရုအုန်းစျေးနှုန်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အတွက် ရေထွက်ကုန်များ အများအပြားထွက်ရှိရာ ဒေသဖြစ်ပါသည်။ ပုဇွန်၊ ကဏန်း၊ ကင်းမွန် စသည်တို့ သာမက ခရုအုန်းလည်းထွက်ရှိပါသည်။ ခရုအုန်းသည် ပင်လယ် ကြမ်းပြင်တွင် ကျက်စားနေထိုင်တတ်ပြီး ငါးဖမ်းရာတွင် အခြားငါးများနှင့်အတူ ငါးဖမ်းပိုက်တွင် ပါလာလေ့ရှိ သည်။ ခရုအုန်း(သို့)အုန်းခရုသည် အခွံခွာထားသည့်အုန်းသီး သဏ္ဌာန်ရှိ၍ ခရုအုန်း (သို့) အုန်းခရုဟု ဒေသခံများခေါ်ကြသည်။ အရောင်အဆင်းမှာ ဝါကြန့်ကြန့် ဖြစ်ပြီး အခွံမာတွင် အစက်ပြောက်များအနည်းငယ်ရှိသည်။
မြိတ်မြို့ပေါ်ရှိ ဇေယျာသီရိဈေး၊ ဆိပ်ငယ်ဈေးနှင့် မြို့သစ် စျေးတို့တွင် ခရုအုန်း(သို့) အုန်းခရု ၁ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့် ရောင်းချကြပြီး အရွယ်အစားအလိုက် ဈေးနှုန်းအ ပြောင်းအလဲရှိနိုင်ကြောင်း သိရှိရသည်။
DOCA(တနင်္သာရီ)










