Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့တွင် ရောင်းချနေသော ရှောက်သီးနှင့် ရွှေဖရုံသီးဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် ရွှေဖရုံသီးနှင့် ရှောက်သီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ကုန်စိမ်းသီးနှံမျိုးစုံကို ရောင်းချသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ရွှေဖရုံသီးနှင့် ရှောက်သီးများကို မိမိတို့‌ဒေသတွင်း ထွက်ရှိ သည့် သီးနှံများကို ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

              ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ စတုတ္ထအပတ်အတွင်း ရောင်းချနေသော ရွှေဖရုံသီးဈေးနှုန်းများမှာ အလုံးကြီးတစ်လုံးလျှင် (၂၀၀၀)ကျပ် နှင့် အလုံးသေးတစ်လုံးလျှင် (၉၀၀)ကျပ်၊  ကျောက်ဖရုံသီး ဈေးနှုန်းအနေဖြင့် အကြီးတစ်လုံးလျှင် (၄၀၀၀)ကျပ်၊ ရှောက်သီး (အသေး) (၁)လုံးလျှင် (၃၀၀)ကျပ် နှင့်ရှောက်သီး (အကြီး) (၁)လုံးလျှင်(၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ခါကြက်ဥနှင့် ဂေါ်ဖီထုပ် ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်း ခါကြက်ဥနှင့် ဂေါ်ဖီထုပ်များ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ခါကြက်ဥနှင့် ပန်း‌ဂေါ်ဖီများကို ရှမ်းပြည်နယ် ကလော၊ ပင်းတယ၊ ပင်လောင်း စသည့်ဒေသများမှ ဝင်ရောက် လာသည့် ခါကြက်ဥနှင့် ဂေါ်ဖီထုပ်များကို အရောင်းအဝယ်ကောင်းနေကြောင်း သိရှိရပါသည်။ ခါကြက်ဥနှင့် ဂေါ်ဖီထုပ်များကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့် ရော၍လည်း စားသုံးနိုင်သည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  ဂေါ်ဖီထုပ်ဈေးနှုန်းမှာ အသေး(၁)ထုပ်လျှင် (၂၀၀၀)ကျပ်နှင့်ဂေါ်ဖီထုပ်အကြီး(၁)ထုပ်လျှင် (၃၀၀၀) ကျပ်၊ ခါကြက်ဥစျေးနှုန်း ခါကြက်ဥ(ဗမာ) (၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၅၀၀၀)ကျပ် နှင့် (၁)ပိ ဿာလျှင်(၁၀၀၀၀)ကျပ်၊ ခါကြက်ဥ(တရုတ်) (၂၅)ကျပ်သား လျှင် (၆၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၁၂၀၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော မင်းကွက်သီးနှင့် သခွားမွှေးသီး ဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် မင်းကွက်သီးနှင့် သခွားမွှေးသီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်း ရောင်းချနေသော မင်းကွက်သီးများကို မော်လမြိုင်ဒေသထွက် မင်းဂွတ်သီးများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိ ကြောင်း သိရှိရပါသည်။ မုံရွာဒေသထွက် သခွားမွေးသီးများ ဈေးကောင်းရလျက်ရှိနေကြောင်း သတင်းရရှိသည်။ သခွားမွေးသီးကို မုံရွာမြို့အနီးတဝိုက် ကျေးရွာများတွင် တနိုင်တပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  သစ်သီးဆိုင်များတွင် မင်းကွက်သီးဈေးနှုန်းမှာ မင်းကွက်သီးအသေး (၁)လုံး လျှင် (၄၀၀) ကျပ်၊ အလတ်(၁)လုံးလျှင် (၆၀၀) ကျပ်နှင့် အကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ် ဖြင့်ရောင်းချပြီး သခွားမွေးသီး အလုံးကြီး တစ်လုံးလျှင် (၂၅၀၀၊၄၅၀၀) ကျပ်၊ လတ်တစ်လုံးလျှင် (၂၅၀၀၊ ၃၀၀၀) ကျပ်၊ အလုံးသေး တစ်လုံးလျှင် (၈၀၀၊၁၀၀၀) ကျပ်နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မအူပင်မြို့နယ်တွင်း ရောင်းချနေသော ကျိုတ်လတ် မြို့နယ်ထွက် ကျောက်စိမ်းဘုရာပန်း ဈေးကွက်ဈေးနှုန်း အခြေအနေ

      မအူပင်မြို့နယ်တွင် ဘုရားပန်းရောင်းချသူ လုပ်ငန်းရှင်များရှိပြီး ဘုရားပန်းရောင်းချသည် ပန်းဒိုင်ကြီးများလည်းရှိသည်။ ကျောက်စိမ်း ဘုရားပန်းသည် ကျိုတ်လတ်မြို့နယ်မှ စိုက်ပျိုးကြပြီး မအူပင်မြို့နယ် ဘုရားပန်းဒိုင်မှ မှာယူရောင်းချကြောင်း သိရသည်။

   မအူပင်ပန်း အရောင်းဒိုင်မှ ကျောက်စိမ်းပန်း အဖြူနှင့်အဝါ ပန်းများကို ဖျာပုံခရိုင် ကျိတ်လတ်မြို့နယ်မှ  ပန်းထုံး ၅၀-၁၀၀ အထိ နေ့စဉ် မှာယူကြောင်း၊ ပန်းထုံး ၁ထုံးလျှင် ဘုရားပန်းအစီးရေ ၂၀ခန့် ထွက်ရှိကြောင်း၊ လက်ကား ကျောက်စိမ်းပန်း ၁စီးလျှင် ၁၅၀၀ကျပ်ဖြင့် ဖောက်သည်ပေးပြီး ဈေးကွက်အတွင်းတွင် ပန်း၁စီးလျှင် ၂၀၀၀ကျပ်ဖြင့် ‌ရောင်းချလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။  

     ယခင်အပတ်ဈေးဖြင့် နှိုင်းယှဉ်ပါက ၃၀၀ ကျပ်ဈေးမြင့်တက်လာကြောင်း တွေ့ရှိရသည်။ ပန်းထုံး ၁ထုံးရင်းနှီးငွေမှာ ၃၀ ၀၀၀ ကျပ် ဖြင့် ဝယ်ယူရကြောင်း၊ ပန်းထုံး ၁၀၀လျှင် ငွေကျပ် ၃ ၀၀၀ ၀၀၀ ကျပ်ရင်းနှီးရကြောင်း၊ အကျိုးအမြတ် အနေဖြင့် ပန်းထုံး ၂၀စီးပါ ၁ထုံးရောင်းချရပါက ငွေကျပ် ၁၀ ၀၀၀ ကျပ်  ကျန်ရှိသဖြင့် စီးပွားဖြစ်အဆင်ပြေလျက်ရှိကြောင်း ဈေးကွက်အတွင်း လက်လီပန်း ရောင်းချသူများ အတွက်လည်း အကျိုးအမြတ်ကျန်ရှိ၍ တွက်ခြေ ကိုက်စီးပွားဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မုံရွာမြို့တွင် ရောင်းချနေသော ပဲမြစ်နှင့် အာဒါလွတ်ဥ ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် မန်ကျည်းတောဒေသ ထွက်ပဲမြစ်နှင့်အာဒါလွတ်ဥများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ မန်ကျည်းတောပဲမြစ်နှင့် အာဒါလွတ်ဥများကို ဒေသတွင်း တစ်နိုင်တစ်ပိုင် အနေဖြင့် စိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အတွက် မန်ကျည်းတောပဲမြစ်နှင့်အာဒါလွတ်ဥများ စိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။   

       ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထအပတ်အတွင်း ရောင်းချနေသော မန်ကျည်းတောပဲမြစ်နှင့် အာဒါလွတ်ဥဈေးနှုန်းမှာ မန်ကျည်းတောပဲမြစ် ၂၅ကျပ်သားလျှင်(၁၂၅၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ အလားတူ အာဒါလွတ်ဥဈေးနှုန်းများမှာ ၂၅ကျပ်သားလျှင် (၉၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၉၀၀)ကျပ်၊ တစ်ပိဿာလျှင်(၃၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသောဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မအူပင်မြို့နယ်တွင်းရောင်းချနေသော သစ္စာပန်း ဈေးကွက်ဈေးနှုန်း အခြေအနေ

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်တွင် ဘုရားပန်းဈေးကွက်၌ သစ္စာပန်းနှင့် ကျောက်စိမ်း ဘုရားပန်းများ ရန်ကုန်သီရိမင်္ဂလာဈေးမှ ဝင်ရောက်လျက်ရှိပြီး ၂၀၂၅ခုနှစ် ဒီဇင်ဘာလအတွင်း အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တွင် မအူပင်မြို့နယ်အတွင်း ရောင်းချနေသော သစ္စာပန်း ဈေးနှုန်း အနေဖြင့် သစ္စာပန်း (၅)ခက်ပါ တစ်စီးလျှင်(၂၅၀၀-၃၀၀၀)ကျပ်၊ ဖြင့်လက်လီရောင်းချလျက်ရှိကြောင်း ဈေးကွက် အတွင်းမှသိရသည်။  ရောင်းချနေသော သစ္စာပန်း အရောင်များမှ အဖြူ၊ ပန်းရောင်၊ အနီရောင်တို့ ဖြစ်ပြီး အဖြူရောင်ပန်းနှင့် အနီရောင်သစ္စာပန်းမှာ ၅ခက်ပါ ၁စီး လျှင် ၃၀၀၀ကျပ်၊ ပန်းရောင် ၅ခက် ပါ ၁စီးလျှင် ၂၅၀၀ကျပ် ဖြင့် လက်ကားရောင်းချလျက်ရှိပြီး ၊ သစ္စာပန်း အဖြူနှင့်အနီပန်းကို  ၅ပင်စီး ၅စီးပါ အထုံး ၁ထုံးကို ငွေကျပ် ၁၂၅၀၀ကျပ် ဖြင့်လည်းကောင်း၊ အထုံး ၃၀လျှင် ၃၇၅၀၀၀ ကျပ် ရင်းနှီးရပြီး၊ ငွေကျပ် ၇၅၀၀၀ကျပ် အကျိုးအမြတ်ကျန်ရှိကြောင်း ၊ ပန်းရောင်သစ္စာပန်း ၅ပင်စီး ၅စီးပါ ၁ထုံးလျှင် ၇၅၀၀ ကျပ် ဖြင့်ဝယ်ယူရပြီး အထုံး ၃၀လျှင် ၂၂၅၀၀၀ကျပ် ရင်းနှီးရပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၇၅၀၀၀ကျပ် ကျန်ရှိကြောင်း မအူပင်မြို့နယ် ပန်းရောင်းချသူ ဦးကျော်ဆန်းထံမှ သိရသည်။  ပန်းများကို ၁ပါတ်လျှင် အထုံး ၃၀ခန့် မှာယူပြီး မအူပင်ဈေးကွက်အတွင်း ရောင်းချကြောင်း၊ သစ္စာပန်းများ အ‌ရောင်းအဝယ်‌ ကောင်းမွန် လျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မုံရွာမြို့တွင် ရောင်းချနေသော ပန်းသစ်တော်သီးနှင့် ပန်းသီး ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ပန်းသစ်တော်သီးနှင့် ပန်းသီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပန်းသစ်တော်သီးနှင့် ပန်းသီးတို့သည် အေး၍ စိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသောရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  သစ်သီးဆိုင်များတွင် ပန်းသစ်တော်သီး အသေးတစ်လုံးလျှင်(၂၅၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၃၀၀၀)ကျပ်နှင့်   အကြီးတစ်လုံးလျှင် (၅၀၀၀)ကျပ်၊ ပန်းသီးဈေးနှုန်းမှာ အသေးတစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၂၀၀၀)ကျပ်နှင့်   အကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်တွင်ရောင်းချနေသော ပန်းဖယ်လိမ္မော်သီးနှင့် ဆန်းကစ်သီး ဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် ပန်းဖယ်လိမ္မော်သီးနှင့် ဆန်းကစ်သီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပန်းဖယ်လိမ္မော်သီးနှင့် ဆန်းကစ်သီးများကို အေး၍စိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသောရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထအပတ်အတွင်းတွင် ရောင်းချနေသော ပန်းဖယ်လိမ္မော်သီးနှင့် ဆန်းကစ်သီးဈေးနှုန်းမှာ ပန်းဖယ်လိမ္မော်သီး ၂၅ ကျပ်သား (၂၀၀၀)ကျပ်၊ ၅၀ ကျပ်သား (၄၀၀၀) ကျပ် နှင့် ၁ ပိဿာ လျှင် (၁၀၀၀၀) ကျပ်၊ အလားတူ ဆန်းကစ်သီးဈေးနှုန်းမှာ ၂၅ ကျပ်သား (၁၇၀၀)ကျပ်၊ ၅၀ကျပ်သား (၃၅၀၀)ကျပ်နှင့် ၁ပိဿာလျှင် (၇၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံမျိုးစုံရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံမြို့၏ကုလားပဲများဈေးနှုန်းကျဆင်းလာခြင်း

                            မြင်းခြံမြို့ရှိ ပွဲရုံများ၌ လယ်ယာထွက်ကုန် ပဲမျိုးစုံသီးနှံများကိုရောင်းဝယ်လျက်ရှိသည့်အနက် ပြည်တွင်း၌စားသုံးမှုမြင့်မားသော ကုလားပဲများကိုလည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် ကုလားပဲV2တစ်တင်းလျှင် (၇၈၀၀၀)ကျပ်၊ ကုလားပဲ929တစ်တင်းလျှင် (၇၇၀၀၀)ကျပ်ခန့်ပေါက်ဈေးများဖြင့်‌ ရောင်းချလျက်ရှိကြောင်း၊ ယခင်လ နိုဝင်ဘာလ၌ ကုလားပဲ V2တစ်တင်းလျှင် (၇၉၀၀၀)ကျပ်၊ ကုလားပဲ929တစ်တင်းလျှင် (၇၈၅၀၀)ကျပ်ခန့် ပေါက်ဈေး များဖြင့်‌ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ၊  ယခင်လနှင့် နှိုင်းယှဉ်ပါက  ယခုလတွင် ကုလားပဲ V2တစ်တင်းလျှင် (၁၀၀၀) ကျပ်၊ ကုလားပဲ929 တစ်တင်းလျှင်(၁၅၀၀)ကျပ်ခန့်  ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ နေ့စဉ်အိတ်ရေ ၁၀၀ အိတ်မှ ၂၀၀ အိတ်ခန့်အရောင်းအဝယ် ပြုလုပ်ကြကြောင်း၊ ကုလားပဲသည် ပရိုတင်းဓာတ်ပါဝင်မှု မြင့်မားသောကြောင့် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ စားသုံးမှု များပြားသလို  ဒေသအတွင်းရှိ ပဲကြော်လုပ်ငန်းများမှလည်း ဝယ်ယူသုံးစွဲကြသလို  ပိုလျှံသောပဲကြီး များကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့လည်း တင်ပို့ရောင်း ချကြောင်း၊ ပွဲရုံလုပ်ငန်းလုပ်ကိုင်သူတစ်ဦး ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)

 

 

မုံရွာမြို့ ၊ ဈေးကွက်သို့ ရောက်ရှိလာသော ပန်းဈေးနှုန်းများ

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပန်းစျေးကွက်သို့ ဒီဇင်ဘာလ စတုတ္တပတ်အတွင်း ရောက်ရှိလာသောပန်းများကို အမရပူရ၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မိတ္တီလာခရိုင်နှင့် မြင်းခြံခရိုင်တို့မှထွက်သည့် ပန်းများ၊ ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှ ထွက်ရှိသည့် မေမြို့ပန်းများနှင့် မုံရွာမြို့ရှိ ကျေးရွာများမှထွက်ရှိသည့် ပန်းမျိုးစုံများ ဈေးကွက်သို့ အပြိုင်အဆိုင်ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

         ၂၀၂၅ ခုနှစ်ဒီဇင်ဘာ စတုတ္တပတ်အတွင်း ရောင်းချနေသည့် ပန်းမျိုးစုံစျေးနှုန်းများမှာ မုံရွာမြို့ထွက် မေမြို့ပန်း လက္ကားစျေး (အစီးကြီး) တစ်ထုံးလျှင် ၁၂၀၀၀ ကျပ်နှင့် ၁၅၀၀၀ ကျပ်၊ (အစီးသေး) ၁ စီးလျှင် ၂၀၀၀ ကျပ် နှင့် ၂၅၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး  ဂန္ဒမာပန်း တစ်စီးလျှင်   ၃၀၀၀ ကျပ်၊ သစ္စာပန်းတစ်စီးလျှင် ၂၅၀၀ ကျပ်၊ရေမွှေးနှင်းဆီပန်း (၁၀)ပွင့်ပါ တစ်စီးလျှင် (၁၅၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။ ပန်းမျိုးစုံစျေးကွက်အတွင်း နတ်တော်လတွင် ဘုရားပွဲနှင့် အလှူပွဲတော်များ ကျင်းပသည့်အချိန်ဖြစ်၍ မေမြို့ပန်းများနှင့် ပန်းမျိုးစုံ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း