Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူဒေသထွက် ဖီးကြမ်း၊ ကက်သဲနှင့် ခွန်စိမ်းငှက်ပျောသီးများ အရောင်းအဝယ်ဖြစ်မှုအခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ငှက်ပျောသီးဆိုင်တွင် ဖီးကြမ်း ငှက်ပျောသီး၊ ခွံစိမ်းငှက်ပျောသီးနှင့် ကက်သဲငှက်ပျောသီးများ ရောင်းချလျက်ရှိကြောင်း၊ ဒေသထွက် ဖီးကြမ်းသီးနှင့် ကက်သဲငှက်ပျောသီးများ အရောင်းသွက်လျက်ရှိပြီး  ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှ မြို့နယ်တို့မှ ဝင်ရောက်လျက်ရှိကြောင်း ငှက်ပျောသီးဆိုင်များမှ သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ ငှက်ပျောသီးဆိုင်များတွင် ရောင်းချလျက်ရှိသော ဒေသထွက် ဖီကြမ်းငှက်ပျောသီး အလုံးလှ(၁)ဖီးလျှင် (၃၀၀၀)ကျပ်၊ အလုံး အသေး(၁)ဖီးလျှင် (၂၅၀၀)ကျပ်၊ ကက်သဲငှက်ပျောသီး(၁)ဖီးလျှင် (၃၀၀၀)ကျပ်၊ ခွန်စိမ်းငှက်ပျော သီး(၁)ဖီးလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငှက်ပျောသီး ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာမြို့ ပြည်သာယာဈေးရှိ ဝက်သားဈေးကွက်

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ပြည်သာယာဈေးတွင် ၂၀၂၅၊ နိုဝင်ဘာလ၊ တတိယပတ်တွင် ရောင်းချလျက်ရှိသော ဝက်သားဈေးနှုန်းမှာ ဝက်သားသုံးထပ်သားတစ်ပိဿာလျှင် (၃၆၀၀၀)ကျပ်၊ အသား ထုတ်တစ်ပိဿာလျှင် (၄၈၀၀၀)ကျပ်မှ (၅၀၀၀၀)ကျပ်အထိရောင်းချလျှက်ရှိကြောင်း ဈေးကွက်မှစုံစမ်းသိရှိရပါသည်။ ယခင်အောက်တိုဘာလ၊ စတုတ္ထပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်နေကြောင်း ဈေးကွက်မှ သိရပါသည်။

DOCA(မန္တ‌လေး)

မိတ္ထီလာမြို့ပြည်သာယာဈေးရှိ နွားနို့နှင့်နွားနို့ခဲဈေးကွက်

          မိတ္ထီလာမြို့ပြည်သာယာဈေးရှိ နွားနို့နှင့်နွားနို့ခဲဈေးကွက်တွင် နိုဝင်ဘာလတတိယပတ်၌ ဈေးနှုန်းအနည်းငယ်မြှင့်တက်လာကြောင်းသိရသည်။  နိုဝင်ဘာလ ဒုတိယပတ်က နွားနို့တစ်ဘူးလျှင် (၂၅၀၀)ကျပ်၊ နွားနို့ခဲတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်ဈေးရှိခဲ့ရာမှ ယခုတပတ်တွင်နွားနို့တစ်ဘူး လျှင်(၃၀၀၀)ကျပ်၊ နွားနို့ခဲတစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်ဈေးအထိ ရောင်းချလျက်ရှိကြောင်း ဈေးကွက်မှစုံစမ်းသိရှိရပါသည်။ ယခင်နိုဝင်ဘာလ ဒုတိယပတ်နှင့်နှိုင်းယှဉ်ပါကဈေးနှုန်း အနည်းငယ် တိုးမြှင့်လာကြောင်း ဈေးကွက်မှသိရပါသည်။  

DOCA(မန္တ‌လေး)

ပေါက်ချောင်းဈေးရှိ သစ်သီးဝလံဈေးနှုန်း

            မိတ္ထီလာမြို့၊ ပေါက်ချောင်းဈေးတွင် နိုဝင်ဘာလလယ်၌ သစ်သီးဝလံများစုံလင်စွာရောင်းချ လျက်ရှိကြောင်းသိရသည်။ ဆောင်းရာသီဝင်လာပြီဖြစ်၍ သစ်သီးဝလံ အမျိုးအစားများ စုံလင်စွာ ရောင်းချလာရာ ပန်းသီး၊ လိမ္မော်သီး၊ ပျားလိမ္မော်သီး၊ ထောပတ်သီး၊ ချစ်ပန်းသီးစသည့်တို့ စုံလင်စွာ ရောင်းချနေရာ သစ်သီးကြိုက်သည့် စားသုံးသူများအတွက် အကြိုက်တွေ့ကြောင်းသိရသည်။ နိုဝင်ဘာလလယ်၌ ပေါက်ချောင်းဈေးတွင် ပန်းသီးတစ်လုံးလျှင်(၂၅၀၀)ကျပ်၊   ချစ်ပန်းသီး (၂၅)ကျပ်သားလျှင်(၇၀၀၀)ကျပ်၊ လိမ္မော်သီး(၂၅)ကျပ်(၂၀၀၀-၃၀၀၀)ကျပ်၊ ပျားလိမ္မော်သီး (၂၅)ကျပ်သား လျှင်(၅၀၀၀)ကျပ်၊ ထောပတ်သီးတစ်လုံးလျှင် အလုံးအကြီးအသေး အပေါ်မူတည်၍ (၅၀၀-၁၀၀၀)ကျပ် ဈေးတို့ဖြင့် ရောင်းချနေရာ ယခင်တပတ်နှင့်နှိုင်းယှဉ်ပါက ပျားလိမ္မော်မှာ အဝင်လှိုင်လာပြီဖြစ်၍ (၂၅)ကျပ်သားပေါ်တွင် (၁၀၀၀)ကျပ်  ကျဆင်းကြောင်း သိရသည်။ ပေါက်ချောင်းဈေးရှိ သစ်သီးဝလံရောင်းချသည့် လက်လီဈေးသည်များမှ မိတ္ထီလာမြို့၊ မြို့မဈေး  အရှေ့ပိုင်းရှိ သစ်သီးပွဲရုံများမှတဆင့် ဝယ်ယူရောင်းချကြောင်းသိရသည်။ 

DOCA(မန္တ‌လေး)

 

ရာသီစာ ပဲနတ်တော်ဈေးကွက်

                အညာဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများတွင် ယခုလိုဆောင်းဦးကာလ၌ ပဲနတ်တော်မှာ လည်းတစ်မျိုးအပါအဝင် ဖြစ်သည်။ ပဲနတ်တော်မှာ ပဲတောင့်ရှည်တစ်မျိုးဖြစ်ပြီး အမည်နှင့် လိုက်ဖက်စွာ မြန်မာလဖြစ်သည့် နတ်တော်လတွင် လှိုင်လှိုင်ထွက်ရှိပါသည်။ ၎င်းပဲနတ်တော်ကို ပဲတောင့်အစိုဖြင့် စားသုံးမှုများပါသည်။ ပဲနတ်တော်အစေ့ကိုမူ ပြုတ်၍စားသုံးကြပြီး ယခုအခါ ဒေသတွင်းဈေးကွက်၌ ရာသီပေါ်သီးနှံအနေဖြင့် ပဲနတ်တော်အစို တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ အရောင်းသွက်ကြောင်းသိရသည်။ ပဲနတ်တော်အစိုတောင့်မှာ ပဲတောင့်ရှည်ကဲ့သို့ အတောင့်မရှည်ဘဲ ရေဖြင့်ပြုပ်ကာ သုပ်၍လည်းကောင်း၊ ချက်၍လည်းကောင်း စားသုံးကြကြောင်း မိသားစုတစ်ပိုင်တစ်နိုင်သာ စိုက်ပျိုးကြသည့်အတွက် ဒေသတွင်းဈေးကွက်၌သာ ရောင်းချနိုင်ကြောင်းသိရသည်။

DOCA(မန္တ‌လေး)

မိတ္ထီလာမြို့မဈေးကြီးအတွင်းရှိ ငါးရံ့ခြောက်ဈေးကွက်          

             မိတ္ထီလာမြို့မဈေးကြီးအတွင်းရှိ ငါးရံ့ခြောက်ဈေးကွက်မှာ နိုဝင်ဘာလ၌အရောင်းအဝယ်ပုံမှန် ဖြင့်ဈေးငြိမ်နေကြောင်းသိရသည်။ ဈေးကွက်တွင် ငါးပုတ်သင်၊ ငါးထောပတ်၊ ငါးဆားနယ်၊ ငါးဖောင်ရိုး၊ ငါးရံ့ခြောက်၊ ငါးရောင်ခြောက်စသဖြင့် ငါးခြောက်များစွာရှိသည့်အနက်မှ ငါးရံ့ခြောက် မှာငါးခြောက်ဆိုသော်လည်း အငန်ဓာတ်နည်းပြီး အသားများသည့်အတွက် ဈေးကောင်းရသော  ငါးခြောက်ဖြစ်ပါသည်။ ငါးရံ့ခြောက်ကိုမီးဖုတ်၍ဆီဆမ်းကာလည်းကောင်း၊ ကြော်ချက်၍ လည်းကောင်း၊ အမျိုးမျိုးချက်ပြုတ်စားသုံးကြပါသည်။ မိတ္ထီလာဈေးကွက်သို့ ငါးခြောက်များကို မြန်မာနိုင်ငံအောက်ပိုင်းမှအများဆုံးဝင်ရောက်ရာ ငါးရံ့ခြောက်မှာ ဧရာဝတီ  တိုင်းဒေသကြီး ပန်းတနော်မှအများဆုံးဝင်ရောက်ကြောင်းသိရသည်။ ငါးရံ့ခြောက်တစ်ပိဿာလျှင် အကောင်အကြီး/အသေးအပေါ်မူတည်ပြီး(၆၀၀၀၀-၈၀၀၀၀)ကျပ်ဈေးဖြင့် ဈေးငြိမ်နေကာ အရောင်းအဝယ်  ပုံမှန်ဖြစ်ကြောင်းသိရသည်။

DOCA(မန္တ‌လေး)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်သည့် ကွမ်းသီးစိတ်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစု အပိုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း ၊ ကွမ်းသီးများကို ကန့်ဘလူခရိုင် အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်းဝယ်ယူပြီး ကွမ်းသီးစိတ်များပြုလုပ်၍ ပြန်လည် ရောင်းချကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကွမ်းသီးစိတ်(ရှယ်) တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ အလတ်စ(၁)ပိဿာလျှင် (၃၄၀၀၀)ကျပ်၊ အညံ့(၁)ပိဿာ လျှင်(၂၀၀၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုနိုဝင်ဘာလ ဒုတိယ ပတ်၏ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကွမ်းသီးစိတ်(၁)ပိဿာလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့ပေါ်ရှိဆိုင်များနှင့် ကျွန်းလှမြို့နယ် သို့ လက်လီ/လက္ကားရောင်းချလျက်ရှိကြောင်း  ကွမ်းသီးစိတ်ရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရ သည်။

DOCA(စစ်ကိုင်း)

 

ထန်းလျက်ဈေးကွက်အရောင်းအဝယ်ပုံမှန်ရှိ          

                 မိတ္ထီလာဈေးကွက်တွင် နိုဝင်ဘာလ၌ ထန်းလျက်ဈေးမှာ အရောင်းအဝယ်ပုံမှန် ရှိကြောင်း သိရသည်။ မိတ္ထီလာဈေးကွက်သို့ ထန်းလျက်မှာ မလှိုင်မြို့နယ်မှ အများဆုံးဝင်ရောက်ပြီး မြို့ပေါ် ပွဲရုံများမှ တစ်ဆင့် လက်လီ/လက်က္ကားပြန်လည်ရောင်းချ များ၊ မုန့်လုပ်ငန်းများပြန်လည် ရောင်းချကြပါသည်။ ဗမာမုန့်အများစုမှာ ထန်းလျက်ဖြင့်အများဆုံး ပြုလုပ်သည့်အပြင် တိုင်းရင်းဆေး ဝါးအချို့တွင်လည်း ထည့်သွင်းဖော်စပ်ခြင်း၊ နယ်ဝေးလက်ဆောင်ပေးပို့ခြင်းတို့ကြောင့် အရောင်း အဝယ်ပုံမှန်ရှိကြောင်း သိရသည်။ ထန်းလျက်မှာပြာသို၊ တပို့တွဲလများ မှစ၍ တက်ရသဖြင့် လက်ရှိအချိန်တွင် ထန်းလျက်အဟောင်းများနှင့် သာအရောင်းအဝယ်ဖြစ်ကြောင်း ဈေးနှုန်းအနေဖြင့် အသစ်ပေါ်ချိန်က တစ်ပိဿာလျှင်(၅၀၀၀-၆၀၀၀)ကျပ် ရှိခဲ့ပြီး လက်ရှိဈေးကွက်တွင် တစ်ပိဿာလျှင် (၆၀၀၀-၈၀၀၀)ကျပ်ဈေးရှိကြောင်း ဈေးကွက်မှသိရသည်။

DOCA(မန္တ‌လေး)

 

မိတ္ထီလာမြို့ ဂျင်းဈေးနှုန်းဈေးကွက်

                         မိတ္ထီလာမြို့၊ ပြည်သာယာဈေးရှိ ဂျင်းဈေးကွက်တွင် နိုဝင်ဘာလတတိယအပတ်၌ ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်းသိရသည်။ နိုဝင်ဘာလ ဒုတိယအပတ်က ဂျင်းတစ် ပိဿာကို (၆၀၀၀-၆၅၀၀) ကျပ် ရှိပြီး ယခု နိုဝင်ဘာလ တတိအပတ်တွက် ဂျင်းတစ်ပိဿာကို (၄၀၀၀-၄၅၀၀) ကျပ် ဈေးအသီးသီးရောင်းချလျက်ရှိကြောင်းသိရသည်။ ဂျင်းသည် ရှမ်းပြည်နယ် တောင်ကြီးမှ အများဆုံးဝင်ရောက်ပြီး ယခင် တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းမှာ အနည်းငယ် ကျဆင်းလာကြောင်း ဈေးကွက်မှ သိရသည်။

DOCA(မန္တ‌လေး)

 

မိတ္ထီလာမြို့မဈေးရှိ နံနံပင်ဈေးကွက်

                  မိတ္ထီလာဈေးကွက်ရှိ ဟင်းသီးဟင်းရွက် ဈေးကွက်တွင် နံနံပင်မှာ ဈေးကောင်းလျက်ရှိပါသည်။ ဈေးကွက်သို့ နံနံပင်မှာ ရမည်းသင်း(ရွှေဒါး) မှ ဝင်ရောက်နေရာ လက်ကားဈေး တစ်ပိဿာလျှင် (၃၅၀၀၀-၄၀၀၀၀) ကျပ်ရှိပြီး လက်လီရောင်းချရာတွင် တစ်စည်းလျှင် (၅၀၀) ကျပ်ဖြင့် ပြန်လည်ရောင်းချလျက်ရှိရာ မိတ္ထီလာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှနံနံပင်ကိုသီးညှက်စိုက်ပျိုးကြသော်လည်းဒေသတွင်းထွက်ရှိချိန်မဟုတ်၍ဈေးကွက်အဝင်နည်းသည့်အတွက်ဈေးမြင့်နေခြင်းဖြစ်ကြောင်းသိရပါသည်။ ဟင်းသီး ဟင်း ရွက်များတွင် မုန်လာဥ၊ ပန်းဂေါ်ဖီ၊ ပဲစိမ်း၊ မုန်ညှင်း၊ နံနံပင်တို့မှာ ဆောင်းရာသီတွင် ဈေးကွက်အဝင်လှိုင်သည့်အတွက် ဈေးနှုန်းကျဆင်းလေ့ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း