Main menu

ကန့်ဘလူမြို့တွင် ဝင်ရောက်သမျှ အရောင်းသွက်နေသည့် ဒူးရင်းသီး

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ သစ်သီးမျိုးစုံရောင်းချသည့် ဆိုင်များတွင် ပန်းသီး၊ နာနတ်သီး၊ စပျစ်သီး၊ သရက်သီးနှင့် ဒူးရင်းသီးများ ရောင်းချလျက်ရှိရာ ဒေသထွက်သစ်သီးများ ရောင်းချသလို မြစ်ကြီးနားမြိုနှင့် မန္တလေးမြို့မှလည်း မှာယူရောင်းချလျှက်ရှိကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် ရောင်းချနေ သောဒူးရင်းသီးဈေးနှုန်းမှာ  အကြီးတစ်လုံးလျှင်(၆၀၀၀၀)ကျပ်၊  အလတ်တစ်လုံးလျှင် (၄၅၀၀၀)ကျပ်နှင့် ဒူးရင်းသီး အလုံးသေးတစ်လုံးလျှင် (၃၀၀၀၀)ကျပ်နှင့် အသားသီးသန့်(၁)ဗူးလျှင် (၃၀၀၀၀မှ ၅၀၀၀၀) ကျပ်တို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒူးရင်းသီးသည် အခြားဒေသမှ ဝယ်ယူရောင်းချရသည့် အတွက်အဝင်နည်းကာ ကြိုက်နှစ်သက်သူများ၍ အရောင်းသွက်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။   

DOCA(စစ်ကိုင်း)