Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အရောင်းသွက်သည့်ငါးခြောက်စျေးကွက်

    မန္တလေးစျေးချိုတော်တွင် အလှူပွဲနှင့်ဘုရားပွဲရာသီချိန်ဖြစ်သည့်အတွက် ငါးခြောက်မျိုးစုံ စျေးအနည်းငယ်တက်မြင့်တက် သွားသော်လည်း အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ ၂၀၂၅   ခုနှစ်သြဂုတ်လနောက်ဆုံးပတ်အတွင်း အမျိုးအစားအလိုက်တစ်ပိဿာ ပေါက် စျေးတို့မှာ  ငါးနီတူး ခြောက်၂၀၀၀ဝိ/-  နှင့် ၂၈၀၀ဝိ/-၊ ငါးဖောင်ရိုးခြောက် ၄၀၀၀ဝိ/- နှင့် ၆၀၀၀ဝိ/-၊ ငါးပုတ် သင်ခြောက် (လုံး)၁၆၀၀ဝိ/- နှင့်၂၀၀၀ဝိ/-၊ ငါးပုတ်သင်ခြောက်(ပြား) ၂၀၀၀ဝိ/-နှင့်၂၅၀၀ဝိ/-၊  ငါး ရောင်ခြောက် ၄၅၀၀ဝိ/-နှင့် ၇၀၀၀ဝိ/-၊ငါးရံ့ခြောက်(လုံး)၆၅၀၀ဝိ/- နှင့်၇၅၀၀ဝိ/-၊ ငါးရံ့ ခြောက် (ပြား)၈၅၀၀ဝိ/-  နှင့် ၉၅၀၀ဝိ/-၊ပုဇွန်ခြောက် ၂၅၀၀ဝိ/- နှင့်၆၀၀၀ဝိ/- စျေးအသီးသီးဖြင့်ရောင်းချ လျက်ရှိပြီး၊ ဇူလိုင်လနောက်ဆုံးပတ် စျေးဖြင့် နှိုင်းယှဉ်ပါက  ဝင်ရောက်မှုအနည်း ငယ်လျော့ ကျ သွားသည့်အတွက်  စျေးအနည်းငယ်မြင့်တက်သွားခြင်းဖြစ်ကြောင်း  စျေးသည်တစ်ဦး၏ပြောပြ ချက်အရ သိရပါသည်။

DOCA(မန္တလေး)

 

                                     

အရောင်းသွက်သည့်စပျစ်သီး

     မန္တလေးသစ်သီးစျေးကွက်သို့ သြဂုတ်လနောက်ဆုံးပတ်အတွင်း  စပျစ်သီးဝင်ရောက်မှု လျော့နည်းလာသည့်အတွက် စျေးအနည်းငယ်တက်သွားကြောင်း သိရပါသည်။   ၂၀၂၅  ခုနှစ် သြဂုတ်လနောက်ဆုံးပတ်အတွင်း   စပျစ်သီး‌စျေး တစ်ပိဿာလျှင် စပျစ်သီးအလုံးဝိုင်း (ကြီး) ၁၃၀၀၀  ကျပ်   နှင့် ၁၅၀၀၀ကျပ်၊ စပျစ်သီးအချွန်မျိုး ၁၀၀၀ဝကျပ်  နှင့် ၁၁၀၀၀ ကျပ်၊စပျစ်သီး (လုံးသေး) ၈၀၀၀ ကျပ် နှင့် ၉၅၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း ရှမ်းစျေးရှိ သစ်သီးရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(မန္တလေး)

ဆီနှင့်ဆီကြိတ်ဖတ်စျေးကွက်

       မန္တလေးတိုင်းဒေသကြီးအတွင်း အများအပြားစိုက်ပျိုးသည့် ဆီထွက်သီးနှံမြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်းစားဆီကြိတ်ခွဲခြင်းတွင် အရေးပါ သကဲ့သို့ မြေပဲနှင့်နှမ်းမှာ ပြည်ပသို့ တင်ပို့သည့်ကုန်စည်အမယ်များဖြစ်ပါသည်။မြေပဲ၊နှမ်း၊နေကြာသီးနှံများအား စားဆီ ကြိတ်ခွဲပြီး ထွက်ရှိလာသည့် မြေပဲဖတ်၊နှမ်းဖတ်နှင့်နေကြာ ဖတ်များကိုတိရိစ္ဆာန် အစာအဖြစ် အသုံးပြု လျက်ရှိပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်သြဂုတ်လနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်စားဆီတစ်ပိဿာ ပေါက်စျေး များ မှာ မြေပဲဆီ ၁၆၀၀ဝိ/-နှင့် ၁၆၅၀ဝိ/-၊နှမ်းဆီ ၁၃၀၀ဝိ/-နှင့် ၁၄၀၀ဝိ/-စျေး၊နေကြာဆီ ၂၂၀၀၀ ကျပ်နှင့် ၂၃၀၀၀ ကျပ်တို့ဖြစ်ပြီး ပဲဖတ်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၄၇၀ဝိ/- နှင့် ၄၈၀ဝိ/-၊နှမ်းဖတ် ၂၉၀ဝိ/-နှင့် ၂၉၅ဝိ/-၊ နေကြာဖတ် ၂၂၀၀ကျပ်နှင့်၂၂၅ဝိ/- တို့ဖြင့် ရောင်းချ လျှက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

မြေပဲစျေးနှုန်းစျေးကွက်

     မြေပဲမှာ စားသုံး ဆီကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် စားသောက်ကုန်တို့တွင် အသုံးပြုခြင်း တို့ကြောင့် ပြည်တွင်းစျေးကွက်နှင့်ပြည်ပသို့ တင်ပို့သည့်သီးနှံဖြစ်ပြီး အရောင်းသွက်လျက်ရှိ ကြောင်းသိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်း ရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၃၈၆၂၆ ဧက၊ရိတ်သိမ်းမှု ၆၃၇၄၄၇ ဧက၊ အထွက် နှုန်း ၄၆.၇၇ တင်း၊ အထွက်စုစုပေါင်း ၂၉၈၁၅၉၉၆ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်သြဂုတ်လ နောက် ဆုံးပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆံ ၇၄၀၀ ကျပ် နှင့် ၇၅၅၀ကျပ်၊S1 ဆီဆံ ၆၃၀၀ကျပ်နှင့် ၆၈၀၀ကျပ်၊S1 ရွေးဆံ၇၃၀၀ ကျပ်နှင့် ၇၃၅၀ကျပ်၊ အနီလုံးဆံ ၇၂၀၀ ကျပ်နှင့် ၇၄၀၀ကျပ်၊ Mတွဲဆီဆံ ၆၈၅၀ ကျပ်နှင့် ၇၀၀၀ကျပ်၊Mတွဲလုံးဆံ ၇၃၀၀ ကျပ်နှင့်၇၄၀၀ကျပ်၊ ပြန့်ဆီဆံ ၆၅၀၀ကျပ်နှင့်ပြန့်လုံးဆံ၆၇၀၀ ကျပ်တို့ဖြစ်ကြောင်းသိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာS1 လုံးဆံ ၉၈၀၀ ကျပ်နှင့် ၁၀၅၀၀ ကျပ်၊ S1 ဆီဆံ ၉၀၀၀ ကျပ်နှင့်၉၅၀၀ကျပ်၊အနီလုံးဆံ ၉၃၀၀ကျပ်နှင့်၉၅၀၀ကျပ်၊အနီဆီဆံ ၉၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ယခင်နှစ်နှင့်ယခုနှစ် ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက စျေးလျော့နည်းသွားကြောင်း သိရပါသည်။

DOCA(မန္တလေး)

 

မန္တလေးမြေထောက်ပဲစျေးနှုန်းစျေးကွက်

     မြေထောက်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားပြီး၊ ပြည်ပသို့တင်ပို့သည့် ပဲတစ်မျိုး ဖြစ်ပါ သည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မြေထောက်ပဲ သီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်သြဂုတ်လနောက်ဆုံးပတ် အတွင်းဖြစ်ပေါ်လျက်ရှိသော ၃တင်းဝင်တစ်အိတ်လျှင် မြေထောက်ပဲပေါက်စျေးမှာ ၂၆၀၀၀၀ ကျပ်နှင့်၂၉၅၀၀၀ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ၄၈၁၅ကျပ်နှင့် ၅၄၆၃ကျပ်တို့ဖြစ်ကြောင်း သိရပါ သည်။ ယခင်နှစ်ကာလတူ မြေထောက်ပဲပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၃၀၀၀၀၀ကျပ် နှင့် ၃၆၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၅၅၅၆ကျပ်နှင့် ၆၆၆၇ ကျပ်ဖြစ်ပြီး ယခုနှစ်နှင့်ယခင်နှစ် စျေး နှိုင်းယှဉ်ပါက မြေထောက်ပဲ ပေါက်စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။       

DOCA(မန္တလေး)

                                                                                      

                                                                                        

မန္တလေးပဲနီပြားစျေးနှုန်းစျေးကွက်

     ပဲနီပြားမှာ ပြည်တွင်း စားသုံးမှုများပြားပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲနီပြား သီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု   (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း   သိရပါသည်။     မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်သြဂုတ်လနောက် ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့်ပေါက်စျေးမှာ  ၃တင်းဝင်တစ်အိတ်လျှင် ပဲနီပြား(ကျွန်း) ၅၀၀၀၀၀ ကျပ်၊တစ်ပိဿာလျှင် ၉၀၅၀ကျပ်၊ပဲနီပြား(တံတားဦး)၄၀၀၀၀၀ ကျပ်၊တစ်ပိဿာလျှင် ၇၂၄၀ကျပ် တို့ဖြစ်ကြောင်းသိရပါသည်။ယခင်နှစ်ကာလတူစျေးမှာ၃တင်းဝင်တစ်အိတ်လျှင် ပဲနီပြား၄၀၀၀၀၀ ကျပ် နှင့် ၄၅၀၀၀၀ကျပ်၊  ပဲနီပြားတစ်ပိဿာစျေးမှာ  ၇၂၄၀ ကျပ်နှင့်၈၁၄၅ကျပ် တို့ဖြစ် ကြောင်း သိရပါသည်။ယခင်နှင့်ယခုနှစ်စျေးနှိုင်းယှဉ်ပါကပဲနီပြားမှာစျေးပိုမိုရရှိကာ အရောင်းသွက်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

မန္တလေးပဲလွန်းပြာစျေးကွက်

      ပဲလွန်းပြာမှာပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့ရောင်းချသည့်ပဲတစ်မျိုးဖြစ်ပြီးမန္တလေး တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်ပဲလွန်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧက ဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်သြဂုတ်လနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ် အိတ်လျှင် ပဲလွန်းပြာ ၂၀၂၀၀၀ ကျပ်နှင့် ၂၀၃၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ၃၇၂၄ ကျပ်နှင့် ၃၇၄၂ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ် လျှင် ပဲလွန်းပြာ ၃၀၀၀၀၀ ကျပ်၊ တစ်ပိဿာစျေး ၅၅၃၀ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှင့်ယခုနှစ် စျေး နှိုင်းယှဉ်ပါက ပဲလွန်းပြာစျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးပဲပုတ်စျေးကွက်

       ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပတင်ပို့သည့်ပဲပုတ်မှာ အရောင်းသွက်လျက်ရှိပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲပုတ်အပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း တွင် ၂၀၂၅ ခုနှစ်သြဂုတ်လနောက်ဆုံးပတ်အတွင်းပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲပုတ် (ရှမ်း) ၂၄၀၀၀၀ကျပ်နှင့်၂၆၅၀၀၀ကျပ်၊ပဲပုတ်(ဗမာ)၃၆၅၀၀၀ကျပ်နှင့် ၃၇၀၀၀၀ ကျပ်၊တစ်ပိဿာ ပေါက် စျေးမှာ ပဲပုတ် (ရှမ်း) ၄၅၀၇ ကျပ်နှင့်၄၉၇၇ ကျပ်၊ပဲပုတ်(ဗမာ) ၆၈၅၄ကျပ်နှင့် ၆၉၄၈ကျပ် တို့ဖြစ် ကြောင်း သိရပါသည်။ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲပုတ် (ရှမ်း) ၆၉၄၈ ကျပ်နှင့် ၇၁၃၆ ကျပ်၊ပဲပုတ်(ဗမာ)၆၆၆၇ကျပ်နှင့် ၆၇၆၀ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခုနှင့်ယခင် နှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲပုတ်(ရှမ်း)စျေးကျဆင်းသွားပြီး၊ပဲပုတ်(ဗမာ)‌စျေးမှာ ပိုမို ရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

မန္တလေးပဲယင်းစျေးကွက်

      ပဲယဉ်းသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင် ပဲအမျိုးအစား ဖြစ်ပြီး၊မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ် ပဲယင်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု မှာ (၁၀၁၉၄၇၇)ဧက ဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာ ကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်သြဂုတ်လနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက် စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲယင်း(နီ)၂၃၅၀၀၀ကျပ်နှင့်၂၄၀၀၀၀ကျပ်၊ပဲယင်း(ကြီး) ၂၃၀၀၀၀ ကျပ်နှင့်၂၃၅၀၀၀ကျပ်၊တစ်ပိဿာစျေးမှာ ပဲယင်း(နီ) ၃၉၁၇ကျပ်နှင့် ၄၀၀၀ကျပ်၊ ပဲယင်း(ကြီး) ၃၈၃၃ကျပ်နှင့်၃၉၁၇ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲယင်း(နီ) ၄၀၀၀ကျပ် နှင့်၄၀၈၃ကျပ်၊ ပဲယင်း(ကြီး)၃၁၆၇ ကျပ်နှင့်၃၂၅၀ကျပ်၊ပဲယင်း(သေး) ၃၁၁၇ကျပ်နှင့် ၃၁၁၃ ကျပ် တို့ဖြစ်ပေါ်ခဲ့ကြောင်းသိရပါသည်။ယခုနှင့်ယခင်နှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက တစ်ပိဿာ လျှင် ပဲယင်း(နီ)မှာ ၈၃ ကျပ်လျော့နည်းသွားပြီး၊ ပဲယင်း(ကြီး)မှာ၆၆၇ကျပ် ပိုမိုရရှိကြောင်း သိရပါ သည်။

DOCA(မန္တလေး)

 

စျေးကောင်းရသည့်ပဲကြီး

    ပဲကြီးသီးနှံမှာ ပြည်တွင်း ၌စားသုံးမှုပမာဏများပြားပြီး၊ စျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း  ၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲကြီး သီးနှံ အပါအဝင်  ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။  မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်သြဂုတ်လနောက်ဆုံးပတ်အတွင်းဖြစ်ပေါ် လျက်ရှိသောစျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲကြီး(ကြီး) ၃၉၀၀၀၀ကျပ်နှင့်၄၀၀၀၀၀ကျပ်၊ ပဲကြီး (လတ်)၃၆၅၀၀၀ကျပ်နှင့်၃၇၀၀၀၀ကျပ်၊ပဲကြီး(သေး)၃၀၀၀၀၀ကျပ်နှင့် ၃၂၀၀၀၀ကျပ်၊တစ်ပိဿာ စျေးမှာပဲကြီး(ကြီး)၇၀၅၉ကျပ်နှင့်၇၂၄၀ကျပ်၊ပဲကြီး(လတ်)၆၆၀၆ကျပ်နှင့်၆၆၉၇ကျပ်၊ပဲကြီး(သေး) ၅၄၃၀ ကျပ်နှင့်၅၇၉၂ကျပ် ဖြစ်ပြီး၊ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲကြီး(ကြီး) ၄၉၇၇ကျပ် နှင့် ၅၄၃၀ ကျပ် ၊ပဲကြီး(လတ်) ၄၃၄၄ကျပ်နှင့်၄၆၁၅ ကျပ်၊ပဲကြီး(သေး)၃၆၂၀ ကျပ်နှင့် ၄၂၅၃ ကျပ် တို့ဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ်ကာလ တူပေါက်စျေးနှိုင်းယှဉ်ပါက ပဲကြီးစျေးမှာ ပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း