
ကျွန်းလှမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကွမ်းသီးများကို ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့ မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေသော ကွမ်းသီးစိတ် ဈေးနှုန်းအနေဖြင့် ကွမ်းသီးစိတ်(ရှယ်စ)တစ်ပိဿာလျှင်(၃၆၀၀၀)ကျပ်၊ ကွမ်းသီးစိတ်(လတ်စ)တစ်ပိဿာလျှင်(၃၃၀၀၀)ကျပ်၊ ကွမ်းသီးစိတ်(ညံ့)တစ်ပိဿာလျှင်(၂၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်း ရရှိပါသည်။
DOCA(စစ်ကိုင်း)