Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

​​​​​​​ ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် သရက်သီးခြောက်နှင့် ခရမ်းသီးခြောက်ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မြို့မဈေးသည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့်  ခရမ်းသီးခြောက် ()ပြည်လျှင်(၁၂၀၀)ကျပ်၊ ()ပြည်လျှင် (၂၃၀၀)ကျပ်၊ ဩဂုတ် လဒုတိယပတ်အတွင်း သရက်သီးခြောက်ဈေးနှုန်းမှာ (၁၀)ကျပ်သားလျှင် (၃၀၀)ကျပ်နှင့် (၅၀)ကျပ် သားလျှင် (၁၅၀၀)ကျပ်၊ ()ပိဿာလျှင် (၃၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အသီး ခြောက်များကို မြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် ဆိတ်ဖူးမြောင်ကျေးရွာ၊ နတ်ပေးကျေးရွာတို့မှ လာရောက်ရောင်းချကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)  

ကန့်ဘလူမြို့မဈေးရှိ သခွတ်ပွင့်နှင့် ကြောင်လျှာပွင့်ခြောက်ဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”၌ ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန် များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချ ပေးလျက်ရှိကြောင်း၊ ရာသီစာအပွင့်ခြောက်များသည် ကန့်ဘလူမြို့ပေါ်ရပ်ကွက်၊ ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်အင်းကျေးရွာနှင့် အခြားသောကျေးရွာများမှလည်း ဝင်ရောက်ကြောင်း သိရှိရသည်။

     “မြို့မဈေး”တွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ရောင်းချနေသည့် ကြောင်လျှာ ပွင့်ခြောက်ဈေးနှုန်းများမှာ (၁၀)ကျပ်သားလျှင် (၁၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ (၁)ပိဿာလျှင် (၁၁၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊  ကြောင်လျှာပွင့်အစိုများကို အခြောက်လှမ်းပြီး သိမ်းဆည်းထားကြောင်း၊ ယခုလိုရှားပါးချိန်တွင် ကြောင်လျှာပွင့်ခြောက်များ အရောင်းသွက်လျက်ရှိ ကြောင်း၊ ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌  ရောင်းချလျက်ရှိသည့် သခွတ်ပွင့် ခြောက်(၁)ပုံလျှင် (၁၀၀၀)ကျပ်နှင့် (၂)ပုံလျှင် (၁၈၀၀)ကျပ်တို့ဖြင့်ရောင်းချကြောင်း၊ ၊ ဈေးသည် များထံ မှသိရှိရပါသည်။

DOCA (စစ်ကိုင်း)  

“ရာသီပေါ် ပဲစောင်းလျားသီး(ခ)ပဲမြစ်သီးများ”

        မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံ တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည်။ မိသားစု တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်ဝင်ငွေတိုးသောပဲမြစ်သီးနှံကိုလည်း‌ တောင်သူကြီးများတိုးချဲ့စိုက်ပျိုးလာကြပါသည်။ သီးနှံများဖြိုင်ဖြိုင်ထွက်ပေါ်လျက်ရှိရာ ပဲစောင်းလျားသီးများလည်းထွက်ပေါ်လျက်ရှိပါသည်။ ပဲမြစ်ညွန့်လည်းစျေးကောင်းရရှိခဲ့သလို ပဲစောင်းလျားသီး(ခ)ပဲမြစ်သီးစျေးမှာလည်း ယခင်နှစ် တွင်(၂၅)ကျပ်သားလျှင်(၅၀၀/-)ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပြီး ယခုအချိန်တွင် (၂၅)ကျပ်သားလျှင် (၁၀၀၀/-)ကျပ်စျေးနှုန်းဖြင့်ရောင်းဝယ်လျက်ရှိပါသည်။ ပဲ‌စောင်းလျားသီးကို အခင်းထဲအရောက်လာရောက်၍ အခင်းပြတ်ဝယ်ယူသူများရှိသလို ကိုယ်တိုင်းခူး၍ မြို့ပေါ်ရှိ ကုန်စိမ်းဒိုင်များသို့သွားရောက်ရောင်းချကြကြောင်း၊ ပဲစောင်းလျားသီးကို အိမ်ရှင်မများမှ ပြုတ်၍ သုပ်စားကြသလို ငပိရည်နှင့်တွဲဖက်၍ အတို့အမြုပ်အဖြင့်လည်း စားသုံးကြပါသည်။ အချို့မှာ ငါးကလေးများဖြင့်ရော၍ အိုးကပ်ချက်စားကြသလို အချဉ်ရည်ဟင်းများထဲတွင်လည်းထည့်၍ ချက်ပြုတ်စားသောက်ကြကြောင်း၊ ယခုအချိန်တွင် ပဲစောင်းလျားသီးများပိုမိုအရောင်းသွက်နေကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ဒညင်းသီးဈေးနှုန်း

      မြန်မာနိုင်ငံတွင် ဒညင်းသီးပင်ကို ကရင်၊ ပဲခူး၊ မော်လမြိုင်နှင့် ရခိုင် စသည့်ဒေသများတွင်အ များဆုံး စိုက်ပျိုးကြကြောင်း၊ ဒညင်းသီးကိုစားသုံးသူ တော်တော်များများ ကြိုက်နှစ်သက်တဲ့ အစား အစာတစ်ခုအဖြစ်တွေ့ရကြောင်း၊ ဒညင်းသီးအုန်းနို့ဆမ်း၊ ဒညင်းသီးဝက်သားချက်၊ ဒညင်းသီးပြုတ် ဆီဆမ်း၊ ဒညင်းသီးကိုမီးဖုတ် ငပိရည်နဲ့တို့စားတာစသည်ဖြင့် အမျိုးမျိုးစားသုံးကြကြောင်း၊ သို့သော် ဒညင်းသီးသည် တန်ဆေးလွန်ဘေး ဆိုသည့်အတိုင်းမဖြစ်အောင် သတိပြုစားသုံးရန်လိုအပ်ကြောင်း သိရှိရသည်။

     ၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့တွင် ဒညင်းသီးအသေး(၁)လုံးလျှင် (၂၀၀)ကျပ်၊ အကြီး(၁)လုံးလျှင် (၃၀၀)ကျပ်နှင့် (၁၀)လုံးလျှင် (၂၈၀၀)ကျပ်၊ ဒညင်းသီးပြုတ်(၁) လုံးလျှင် (၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကန့်ဘလူမြို့တွင် ရောင်းချနေသည့် ဒညင်းသီး များကို မြစ်ကြီးနားမြို့နှင့် မော်လမြိုင်မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း ဒညင်းသီးရောင်းချသူ များထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)  

                                                         

ကန့်ဘလူမြို့မဈေးတွင် နေ့စဉ်အရောင်းအဝယ်ဖြစ်နေသည့် ဆူးပုတ်ရွက်

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်း သူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိ ကြောင်း၊ ယခုအခါ ကန့်ဘလူမြို့ပေါ်ရပ်ကွက်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဆူးပုတ်ရွက်များ လာရောက်ရောင်းချကြောင်း သိရသည်။

    ကန့်ဘလူမြို့ဟင်းသီးဟင်းရွက်ဈေး၌ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ဆူးပုတ် ရွက်(၁)စီးလျှင် (၃၀၀)ကျပ်၊ (၄)စီးလျှင် (၁၀၀၀)ကျပ်နှင့် (၁၀)စည်းပါ(၁)ထုံးလျှင် (၂၅၀၀)ကျပ် တို့ဖြင့် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဆူးပုတ်ရွက်ကို အကြော်ဆိုင်များ၊ အိမ်ရှင်မများ နှင့် ထမင်းဆိုင်များက  ဝယ်ယူအသုံးပြုလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)  

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် စားတော်ပဲပြုတ်နှင့် ပဲနီရေပွဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရပ်ကွက်များမှ ပြည်သူများသည် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်နှင့် အပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ အပြင် စွန်တာနီ(ခေါ်)ပဲနီနှင့် စားတော်ပဲတို့ကိုပြုတ်၍ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိ ကြောင်း သိရှိရသည်။

          မြန်မာလူမျိုးတို့သည် နံနက်စာ ထမင်းဆီဆမ်းပူပူလေးနှင့် စားတော်ပဲပြုတ်ကို တွဲဖက်စားသုံး ကြသလို ကောက်ညှင်းပေါင်းနှင့်လည်း တွဲဖက်စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ် အတွင်းအရောင်းအဝယ်ဖြစ်နေသော စွန်တာနီပဲ(ခေါ်)ပဲနီရေပွ(၁)ပြည်လျှင် (၄၇၀၀) ကျပ်၊ နို့ဆီဗူး(၁)ဘူးလျှင်(၆၀၀)ကျပ်နှင့် စားတော်ပဲပြုတ် (၁)ပုဂံလျှင်(၃၀၀)ကျပ်၊ (၂)ပုဂံလျှင် (၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  စားတော်ပဲပြုတ်ကို လဖက်ရည်ဆိုင်များ နှင့်စားသုံးသူများကဝယ် ယူအသုံးပြုလျက်ရှိကြောင်း၊ ပဲနီရေပွနှင့် စားတော်ပဲပြုတ်တို့ကို ရပ်ကွက် နှင့်ကျေးရွာများတွင် စက်ဘီး၊ ဆိုင်ကယ်တို့ဖြင့် လှည့်လည်ရောင်းချသူများအား ဖောက်သည်ပေးရ သည့်အတွက် နေ့စဉ်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)  

                                                        

ကန့်ဘလူမြို့ပန်းဈေးကွက်၌ စကားဝါပန်းနှင့် စကားဖြူပန်းဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မဈေးတွင် ဘုရားပန်းအမျိုး၊ အလှဆင်းပန်းအမျိုးမျိုးနှင့် စကားဝါပန်း၊ စကားဖြူပန်းများကို ရောင်းချလျက်ရှိကြောင်း သိရသည်။ စကားဝါပန်းနှင့်စကားဖြူပန်းမျိုး မှာ အပင်ကြီးဖြစ်သော်လည်း စိုက်ပျိုးရေးနည်းပညာများ ခေတ်မီလာသည်နှင့်အညီ စကားဝါပန်း၊ စကား ဖြူပန်းပင်များကို ကိုင်းကူးမျိုးစပ်ကာ အိမ်တွင်းအလှစိုက်ပင်အဖြစ် စိုက်ပျိုးလာကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊  ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့ပန်းဈေးကွက်၌ ဖြစ်ပေါ်နေသော စကားဝါပန်းဈေးနှုန်းမှာ စကားဝါပန်း(၁)ကုံးလျှင်(၃၀၀)ကျပ်၊ စကားဝါပန်း(၂)ကုံးလျှင် (၅၀၀)ကျပ်၊ စကားဖြူပန်းသည် အဝင်နည်းသည့်အတွက် (၁)တစ်ကုံးလျှင်(၄၀၀)ကျပ်၊ စကားဖြူပန်း(၃)ကုံးလျှင် (၁၁၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပန်းမျိုးစုံရောင်းချနေသော လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)  

                                                                   

ကန့်ဘလူမြို့နယ်၌ နေ့စဉ်မိသားစုဝင်ငွေရရှိနေသည့် ငရုတ်သီးစိုက်ပျိုးရေးလုပ်ငန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ရာသီပေါ်သီးနှံများကို မိသားစု တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ကန့်ဘလူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ ဦးလှအောင်၏ ငရုတ်စိုက်ခင်းသို့ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

          လုပ်ငန်းရှင်၏ ပြောပြချက်အရ ငရုတ်စိုက်ပျိုးနိုင်ရန်အတွက် ဦးစွာငရုတ်ပျိုးပင်များကို မိမိကိုယ်တိုင် အိမ်မှာပျိုးထောင်းကြောင်း၊ အရန်သင့်စိုက်ပျိုးနိုင်ရန်အတွက် မြေဆွေးထည့်ကာ မြေပြုခြင်းကို ကြိုတင်ဆောင်ရွက်ထားရကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် မရှိမဖြစ်အရေးကြီးသည့် ရေကိုအဝီစိတွင်းမှ အသုံးပြုကြောင်း၊ ယခုစိုက်ပျိုးထားသည့် ငရုတ်မျိုးမှာ အောက်ဆွဲငရုတ်မျိုးနှင့် မိုးထောင်ငရုတ် မျိုးတို့ဖြစ်ကြောင်း၊ ငရုတ်သီးသည် စတင်စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)ခန့်အကြာ တွင်အသီးများကို စတင်ခူးဆွတ်ရကြောင်း၊ ဩဂုတ်လ တတိယပတ်အတွင်း ငရုတ်သီးစိမ်း လက်က္ကား(၁)ပိဿာလျှင် (၃၅၀၀မှ ၃၈၀၀)ကျပ်နှင့် လက်လီ(၁)ပိဿာလျှင် (၄၀၀၀)ကျပ်နှင့် (၅၀) ကျပ်သားလျှင် (၂၀၀၀)ကျပ်တို့ဖြင့် ရောင်းချရသည့်အတွက် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့် သည့်အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)  

                                                                            

ကန့်ဘလူမြို့မဈေးရှိ ဂေါ်ရခါးသီးနှင့် သခွားသီးဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများ နှင့် နေ့စဉ်စည်ကားလျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် ဒေသထွက်သီးနှံများအပြင် ဂေါ်ရခါးသီး နှင့် သခွားသီးတို့ကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဂေါ်ရခါးသီး ဈေးနှုန်း များမှာ  အလုံးကြီး(၁)လုံးလျှင်(၅၀၀)ကျပ်၊  အလတ်(၁)လုံးလျှင်(၄၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၃၀၀) ကျပ်၊ သခွားသီးအကြီး(၁)လုံးလျှင် (၅၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၂၀၀မှ ၃၀၀)ကျပ်တို့ဖြင့်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ဂေါ်ရခါးသီးနှင့် သခွားသီးတို့ကို ထမင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် စားသုံးသူများက ဝယ်ယူအသုံးပြုလျက်ရှိကြောင်း၊ ကုန်စိမ်းသီးနှံမျိုးစုံရောင်းချသည့်  လုပ်ငန်းရှင်ထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)      

         

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ပဲငပိအစိုနှင့် ပဲငပိအခြောက်ဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ကုန်စုံဆိုင်များတွင် လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းဖြစ်သည့် ပဲငပိအစိုနှင့် ပဲငပိအခြောက် များကို ရွှေဘိုမြို့နှင့် ရေဦးမြို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျှက်ရှိသော ပဲငပိအစိုဈေးနှုန်း အနေဖြင့် ပဲငပိအစိုလက္ကား တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊  လက်လီတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ရေဦးပဲငပိခြောက် (အချို)တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (အငံ)တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်နှင့် (၁၀) ကျပ်သားလျှင် (၁၆၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုချိန်ခါသည် လုပ်ငန်းခွင်ရာသီဖြစ်သော ကြောင့် ပဲငပိများအရောင်းသွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA (စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း