Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ညောင်ဦးမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

            စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၂-၈-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၃၀)ကျပ်၊ 95 Octance(၃၁၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၀)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၅၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

            ညောင်ဦးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၇)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၂၂)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၆၅)ကျပ်၊ 95 Octance(၃၁၉၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၉၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၁၀)ကျပ်နှုန်း ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၂၀)ကျပ်၊ 95 Octance တွင်(၃၅)ကျပ်များတက်ခဲ့ပြီး ရိုးရိုးဒီဇယ်တွင်(၇၅)ကျပ်နှင့် ပရီမီယမ်ဒီဇယ်တွင်(၉၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

            နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၂၂)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance (၃၀၃၀)ကျပ်၊ 95 Octance(၃၁၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၀) ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၅၅)ကျပ်ဖြင့် ရည်ညွှန်းဈေးအတိုင်းရောင်းချလျက်ရှိကြောင်း သိရှိရသည်။

           စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၂-၈-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၃၀)ကျပ်၊ 95 Octance(၃၁၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၀)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၅၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၂၀)ကျပ်၊ 95 Octanceတွင်(၃၅)ကျပ်များတက်ခဲ့ပြီး ရိုးရိုးဒီဇယ်တွင်(၇၅)ကျပ်နှင့်ပရီမီယမ် ဒီဇယ်တွင်(၉၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

တောင်သာမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

            တောင်သာမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၃)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၂၂)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၈၀)ကျပ်၊ 95 Octance(၃၁၅၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၀၀) ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၀၅)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

          စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၂-၈-၂၀၂၅ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၃၀)ကျပ်၊ 95 Octance(၃၁၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၀)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၅၅)ကျပ်ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၂၀)ကျပ် 95 Octanceတွင်(၃၅)ကျပ် များတက်ခဲ့ပြီး ရိုးရိုးဒီဇယ်တွင်(၇၅)ကျပ်နှင့် ပရီမီယမ် ဒီဇယ်တွင်(၉၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

          စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၂-၈-၂၀၂၅ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92Octance (၃၀၃၀)ကျပ်၊ 95 Octance(၃၁၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၀)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၅၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

           မြင်းခြံမြို့တွင် စက်သုံးဆီအရောင်းဆိုင်(၂၈)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၂၂)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၇၀)ကျပ်၊ 95 Octance(၃၁၄၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၉၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၉၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၂၀)ကျပ် များတက်ခဲ့ပြီး 95 Octanceတွင်(၃၅)ကျပ်၊ ရိုးရိုး ဒီဇယ်တွင်(၇၅)ကျပ်နှင့် ပရီမီယမ်ဒီဇယ်တွင်(၉၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ခရမ်းချဥ်သီးဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ရှမ်းချောင်းကုန်စိမ်းဈေးသို့ ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေး၊ အောင်ပန်းနှင့် အခြားဒေသများမှ ယခင်လထက်ပိုမိုဝင်ရောက်လာကြောင်း သိရှိရပါသည်။ မြိတ်မြို့နယ်အတွင်း ရောင်းချနေသည့် ခရမ်းချဥ်သီးများကို ရှမ်းပြည်နယ် (တောင်ပိုင်း) အဓိကထား၍ မှာယူဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။ ဗမာခရမ်းချဥ်သီးမှာ အခွံပါးပြီး အနှစ်များသော်လည်း တာရှည်အထားခံမှုမရှိ၍ ဈေးကွက်အတွင်း ဝယ်ယူသူနည်း၍ ဈေးကွက်သို့ဝင်ရောက်မှုနည်းကြောင်း ထိုင်ဝမ်ခရမ်းချဥ်သီးမျိုးမှာ အခွံထူ၍ အထားခံသော ကြောင့် ဝယ်ယူသူများပိုမိုများပြားကြောင်းလည်း သိရှိရပါသည်။ ယခုသြဂုတ်လနောက်ဆုံးပတ်တွင် ခရမ်းချဥ်သီးတစ်ပိဿာလျှင် (၄၅၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ သံပရာသီးဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ဆိပ်ငယ်ဈေးကြီးနှင့် ရှမ်းချောင်း ကုန်စိမ်းဈေးအတွင်း သံပရာသီးနှင့် သံပယိုသီးများမှာ ယခုပတ်တွင် ပိုမိုဝင်ရောက်၍ အ‌ရောင်း သွက်နေကြောင်း သိရှိရပါသည်။ သံပရာသီးနှင့် သံပယိုသီးသည် မိုးရာသီတွင် ပိုမိုထွက်ရှိ၍ ဆောင်းရာသီတွင် ထွက်ရှိမှုနည်းပါးသောကြောင့် ဈေးနှုန်းများအနည်းငယ်မြှင့်တက်ကြောင်း ကုန်စိမ်းရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။ သံပရာသီးနှင့် သံပယိုသီးများကို သံပရာဖျော်ရည်၊ သံပရာယို၊ အသုပ်မျိုးစုံနှင့် သရေစာတို့တွင် ထည့်သွင်းစားသုံးပြီး လူသုံးကုန်နှင့် ကျန်းမာရေး အတွက်လည်းသုံးစွဲခြင်းကြောင့် သံပုရာသီးကို သုံးစွဲသူများ များပြားကြကြောင်းလည်း သိရှိရပါ သည်။

    ၂၀၂၅ခုနှစ် ယခင်သြဂုတ်လတတိယပတ်တွင် သံပရာသီးတစ်လုံးလျှင် (၈၀)ကျပ်ရှိပြီး ယခုသြဂုတ်လစတုတ္ထပတ်တွင် တစ်လုံးလျှင် (၁၀၀)ကျပ်ထိရှိကြောင်း ကုန်စိမ်းရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ကြက်သားဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို စားသုံးသူများနေ့စဥ်ဝယ်ယူလျက်ရှိသည့် အခြေခံစား သောက်ကုန်များ၏ ဈေးနှုန်းဈေးကွက်အခြေအနေများကို လေ့လာ၍အပတ်စဥ်၊ လစဥ်အထက် အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

    တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ဆိပ်ငယ်စည်ပင်သာယာဈေးကြီး၊ စမ်းချောင်း ကုန်စိမ်းဈေး၊ အစရှိသည့်ဈေးများတွင် အသားငါးဆိုင်များ၌ ယခင်သြဂုတ်လဒုတိယပတ်တွင် CPကြက်သားမှာ တစ်ပိဿာလျှင် (၂၃၀၀၀)ကျပ်ခန့်ရှိပြီး ယခုသြဂုတ်လစတုတ္ထပတ်တွင် CP ကြက်သားမှာ တစ်ပိဿာလျှင် (၂၄၀၀၀)ကျပ်မှ (၂၅၀၀၀)ကျပ် ဈေးအနည်းငယ်တက်လာ ကြောင်းသိရှိရပါသည်။ ယခုသြဂုတ်လစတုတ္ထပတ်တွင်ဗမာကြက်သားမှာ တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း စည်ပင်သာယာဈေးကြီးရှိ အသားငါးဆိုင်များမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

မုန်ညင်းထုပ်ဈေးနှုန်းဈေးကွက်အခြေအနေ

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ နောက်ဆုံးပတ် တွင် မြင်းခြံမြို့၊ အေးမြသီတာဈေးအတွင်း ရောင်းချနေသော မုန်ညင်းထုတ် ၂၅ ကျပ်သားလျှင် (၁၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၈၀၀) ကျပ်၊ တစ်ပိဿာလျှင် (၃၅၀၀) ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လနောက်ဆုံးပတ်တွင် မုန်ညင်းထုပ်၂၅ ကျပ်သားလျှင် (၆၀၀) ကျပ်၊ ၅၀ ကျပ်သားလျှင် (၁၂၀၀) ကျပ်၊ တစ်ပိဿာလျှင် (၂၅၀၀) ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် မုန်ညင်းဖြူ ၂၅ ကျပ်သားလျှင် (၄၀၀) ကျပ်၊ ၅၀ ကျပ်သားလျှင် (၂၀၀) ကျပ်၊  တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ခန့်ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊ ထိုသို့မြင့်တက်ခဲ့ခြင်းမှာ သယ်ယူစရိတ်နှင့် ဒေသထွက် မုန်ညင်းထုပ်များထွက်ပေါ်သော ရာသီချိန်ကုန်ဆုံးပြီဖြစ်သောကြောင့် ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း၊  လိုအပ်သော မုန်ညင်းထုတ် များကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နှင့် မန္တလေးမြို့ရှိကုန်စိမ်းပွဲရုံများမှ တင်သွင်း၍  ဒေသတွင်းရောင်းချကြောင်း၊ သုံးစွဲမှုအနေဖြင့် စားသောက်ဆိုင်၊ ပင်လယ်စာဆိုင်၊ လက်ဖက် ရည်ဆိုင်နှင့် အသုပ်စုံဆိုင်များမှ အများဆုံးဝယ်ယူသုံးစွဲကြောင်း ကုန်စိမ်းရောင်းချသူ တစ်ဦး၏ ပြောပြချက်အရကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ထားဝယ်မြို့ရှိ ဝက်သားစျေးနှုန်း/စျေးကွက်

      ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ဒုတိယပတ်အတွင်း ထားဝယ်မြို့ရှိ ကမ်းနားပျံကျစျေးနှင့်ရပ်ကွက် ကျေးရွာများရှိ စျေးများတွင် ရောင်းချနေသောစျေးနှုန်းများအရ တစ်ပိဿာလျှင် (၃၄၀၀၀) ကျပ်အထိရှိပြီး ယခင် သြဂုတ်လ ပထမပတ်နှင့်နှိုင်းယှဉ်ပါက စျေးနှုန်းအနည်းငယ်တည်ငြိမ်လျက်ရှိ ကြောင်း သိရှိရပါသည်။

   ဝက်သား‌စျေးနှုန်းများမြင့်တက်နေရခြင်းမှာ လမ်းခရီးအခြေအနေအရ ဝက်စာကုန်သွယ်မှု အနည်းငယ်ကျန့်ကြာနေသည့်အတွက် ဝက်စာစျေးနှုန်းနှင့်မွေးမြူရေးစရိတ်များ အနည်းငယ်မြင့် တက်နေရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ဟင်းနုနွယ်စျေးကွက်

    ဟင်းနုနွယ်သည် စိုက်ပျိုးရန်လွယ်ကူပြီး အကြမ်းခံသောဟင်းရွက်ဖြစ်သည့်အပြင် ဗီ‌တာမင်-အေနှင့်သံဓါတ်ကြွယ်ဝသည့် ဟင်းရွက်ဖြစ်သည်။ ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်သောကြောင့် တနင်္သာရီတိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံအလယ်ပိုင်းတို့တွင် အများအပြား အောင်မြင် စိုက်ပျိုးဖြစ်ထွန်းပါသည်။

          ဟင်းနုနွယ်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသော ယခုကာလတွင် ထားဝယ်မြို့နယ်ရှိကျေး ရွာများတွင် ဟင်းနုနွယ်များ အများအပြားစိုက်ပျိုးလျက်ရှိပြီး စျေးကွက်ရောင်းတန်းဝင် အရွယ်အစား ဖြစ်လာလျှင် ထားဝယ်မြို့ပေါ်ရှိစျေးများတွင် အစီးသေးတစ်စီးလျှင် ၄၀၀/၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကာ ရာသီပေါ်စားသောက်ကုန်သီးနှံတစ်ခုအဖြစ် ဒေသခံ ဟင်းသီးဟင်းရွက်စိုက်သူများ ဝင်ငွေရရှိလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း