Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်တွင် ခရမ်းချဉ်သီးနှင့် အာလူးသီးဈေးနှုန်းများမြင့်တက်လျက်ရှိ

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည့်အပြင် စားသုံးသူများ နေ့စဉ်ဝယ်ယူ သုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းဈေးကွက်အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိပါသည်။

      စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် ခရမ်းချဉ်သီးနှင့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတစ်ဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့် ကန့်ဘလူမြို့များရှိ လက္ကား ကုန်သည်များမှတစ်ဆင့် ကန့်ဘလူခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်းသိရသည်။

       ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ခရမ်းချဉ်သီး (၂၅)ကျပ်သားလျှင် ငွေကျပ် (၂၅၀၀)၊ (၁)ပိဿာလျှင် ငွေကျပ်(၁၀၀၀၀)၊ အာလူးသီး(၁)ပိဿာလျှင် ငွေကျပ်(၇၈၀၀-၈၈၀၀)ဖြင့်ရောင်းချကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ခရမ်းချဉ်သီး(၁)ပိဿာလျှင် ငွေကျပ်(၂၀၀၀)ဈေးနှုန်းမြင့်တက်ပြီး အာလူးသီး(၁)ပိဿာလျှင် ငွေကျပ် (၈၀၀) ခန့်ဈေးနှုန်းမြင့်တက်လာသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော ဆန်စီးထွက်မှု

            ယခင်နိုဝင်ဘာလ(ပထမပတ်)တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၃၂၆၉၊ မန္တလေးသို့ အိတ်ရေ ၃၅၅၇၅၊ နေပြည်တော်သို့ အိတ်ရေ ၁၁၆၈၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၇၁၀၉၊ ကျောက်ပန်းတောင်းသို့ အိတ်ရေ ၃၆၀၅၊ မိတ္ထီလာသို့ အိတ်ရေ ၆၂၆၆၊ တောင်ငူသို့ အိတ်ရေ ၃၇၀၊ ပဲခူးသို့ အိတ်ရေ ၄၂၁၅၊ မကွေးသို့ အိတ်ရေ ၈၈၀၊  ဘားအံသို့ အိတ်ရေ ၂၇၃၅၊ ကချင်သို့ အိတ်‌ရေ ၁၉၉၀၊ မွန်သို့ အိတ်‌ရေ ၃၇၆၅၊ ပြည်သို့ အိတ်ရေ ၄၃၀၊ မြိတ်သို့ အိတ်ရေ ၁၄၀၊ ထားဝယ်သို့ အိတ်ရေ ၃၆၀၊ မူဆယ်သို့ အိတ်ရေ ၆၂၀၊ ဧရာဝတီသို့ ၇၀၅၊  စုစုပေါင်းအိတ်ရေ (၁၁၄၂၀၂)  အိတ်၊ တန်အားဖြင့် (၅၇၁၀) စီးထွက်ခဲ့ပြီး ယခုနိုဝင်ဘာလ      (ဒုတိယပတ်) တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၄၂၅၀၊ မန္တလေးသို့ အိတ်ရေ ၂၈၁၈၃၊ နေပြည်တော်သို့ အိတ်ရေ ၂၃၈၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၁၇၈၃၊ ကျောက်ပန်းတောင်းသို့ အိတ်ရေ ၃၀၆၆၊ မိတ္ထီလာသို့ အိတ်ရေ ၇၇၈၃၊ တောင်ငူသို့ အိတ်ရေ ၄၈၅၊ ပဲခူးသို့ အိတ်ရေ ၁၄၉၅၊ မကွေးသို့ အိတ်ရေ ၅၅၅၊  ဘားအံသို့ အိတ်ရေ ၇၄၇၅၊ ကချင်သို့ အိတ်‌ရေ ၂၂၅၊ မွန်သို့ အိတ်‌ရေ ၄၅၁၀၊ ပြည်သို့ အိတ်ရေ ၁၈၀၊ မူဆယ်သို့ အိတ်ရေ ၃၈၀၊ ဧရာဝတီသို့ အိတ်ရေ ၇၀၊  စုစုပေါင်းအိတ်ရေ (၁၁၂၈၂၀)  အိတ်၊ တန်အားဖြင့် (၅၆၄၁) တန်စီးထွက်ခဲ့သည့်အတွက်  ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် အိတ်ရေ (၁၃၈၂) အိတ်၊ တန်အားဖြင့် (၆၉)တန်လျော့နည်းစီးထွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)       

ဓနုဖြူမြို့နယ်မှ ဆန်ကွဲ ၂၄ပြည်ဝင် အိတ်ရေ ၈၅၀၀၀ ထိ ရန်ကုန်သို့ တင်ပို့

    ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ်မှ ဆန်စပါးများ ကြိတ်ခွဲထွက်ရှိနေပြီး ၊  ဆန်ကွဲများကို ရန်ကုန်မြို့သို့ ပြီးခဲ့သောလ အောက်တိုဘာလ တစ်လအတွင်း ဆန်ကွဲ ၂၄ ပြည်ဝင် အိတ်ရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ် ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းပိုင်ရှင် တာဝန်ရှိသူ၏ ပြောပြ၍ သိရသည်။ စက်တင်ဘာလအတွင်းက ဓနုဖြူမှ ရန်ကုန်သို့ ဆန်ကွဲ ၂၄ ပြည်ဝင်အိတ်ရေ ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့သည်။  ဓနုဖြူမြို့မှ ဆန်ကွဲများကို ရန်ကုန်ဈေးကွက်မှ ဝယ်ယူမှု အားကောင်းကြောင်း သိရသည်။

    ဓနုဖြူမြို့နယ်အပြင်၊ အခြားမြို့နယ်များကလည်း ဆန်ကွဲတွေကို ရန်ကုန်ဈေးကွက်ကို အဓိက တင်ပို့ရောင်းချပါတယ်လို့ ၎င်းကပြောပါတယ်။  ဆန်ကွဲအိတ်တွေကို စက်တင်ဘာလ လောက်ကနေ စတင်ပြီး ဝယ်လိုအားက သိသိသာသာကို လိုက်ခဲ့တာပါ။ အောက်တိုဘာလက ဆန်ကွဲဝယ်လို အားတက်ခဲ့ပါတယ်။ ဆန်ကွဲတွေကို ပွဲရုံလုပ်ငန်းရှင်တွေက အဆက်မပြတ် တင်ပို့ရောင်းချနေပါတယ်။

    ဓနုဖြူမြို့နယ် မှ စပါးကြိတ်ခံဒထွက်ရှိသော ဆန်ကွဲများကို ကုန်တင်ကားများဖြင့်သာ ကုန်လမ်းက တရားဝင်ပြေစာများနှင့်အတူ ရန်ကုန်မြို့ကိုသာ အဓိကတင်ပို့ရောင်းချနေပါတယ်။ ရန်ကုန်မြို့ တစ်ခုတည်းကိုသာ တင်ပို့ရခြင်းကြောင်း လုပ်ငန်းအဆင်ပြေစွာ တင်ပို့ရောင်းချနေရကြောင်း  ဓနုဖြူမြို့နယ် ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ တာဝန်ရှိသူက ပြောပြသည်။ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ဆန်ကွဲ ၂၄ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၄၉၀၀၀ ဈေးပေါက်နေကြောင်း၊ ဆန်ကွဲတင်ပို့ရောင်းချနေရခြင်းကြောင့် စပါးစိုက်ပျိုးတောင်သူများ၊ ကုန်သည်ပွဲစားများ၊ ဆန်ရောင်းဝယ်သူများ၊  ဆန်စပါးပွဲရုံလုပ်ငန်းရှင်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ကားအငှားလိုက်သူများ လုပ်ငန်းအဆင်ပြေချောမွေ့၍ အလုပ်ကိုင်အခွင့်အလမ်းများလည်းကောင်းကြောင်း သိရှိရသည်။

DOCA(ဧရာဝတီ)

 

ပေါင်မြို့နယ် မိုးစပါးဈေးကွက်အခြေအနေ

        ပေါင်မြို့နယ်တွင် စပါးစိုက်ခင်းများ၌ မိုးစပါးများရိတ်သိမ်းနေပြီးဖြစ်ရာ စပါးကုန်သည်များက ကိုယ်စားလှယ်များစေလွှတ်၍ အောက်ဘက်ကွင်းများအထိ လိုက်လံဝယ်ယူလျက်ရှိကြောင်း သိရသည်။

        မိုးစပါးထွက်ပေါ်စချိန်တွင် ပေါ်ဆန်းစပါး တင်း၁၀၀လျှင် ၂၂သိန်းကျပ်မှ ၂၃သိန်းကျပ်ထိလည်းကောင်း၊ ဘန်ကောက်နှင့် ဂျပန်ရွှေဝါထွန်းစပါး တင်း၁၀၀လျှင် ၁၆သိန်းကျပ်မှ ၁၈သိန်းကျပ် အထိ စပါးအရည်အသွေးပေါ် မူတည်၍ ဈေးပေးဝယ်ယူနေကြရကြောင်း စပါးကုန်သည်များထံမှသိရသည်။

        ယခုနှစ် မိုးရာသီအတွင်း ရာသီဥတုဒဏ်ကြောင့် စပါးများမှာ ရည်မှန်းထားသလောက် မထွက်ကြဘဲ အရည်အသွေးညံ့ဖျင်းကြ၍ ကိုယ်စားလှယ်ဝယ်ယူသူများက သေချာစွာစိစစ်၍ ဈေးပေးဝယ်ယူနေရကြောင်းသိရပါသည်။

DOCA(မွန်)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ကြက်သွန်ဖြူဈေးနှုန်းများမြင့်တက်

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ကြက်သွန်ဖြူကို မကွေးမြို့၊ မင်းဘူးမြို့၊ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နှင့် တောင်တွင်းကြီးမြို့တို့မှ မှာယူရောင်းချကြောင်းသိရသည်။
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် ကြက်သွန်ဖြူ(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပြီး ယခင် အောက်တိုဘာလ(စတုတ္ထပတ်)နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်သွန်ဖြူ(ဗမာ) ကျပ်(၂၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်း) ကျပ်(၁၀၀၀)ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရသည်။ ယခုအချိန်တွင် ကြက်သွန်ဖြူကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့် တောင်ကြီးမြို့တို့မှ မှာယူရောင်းချသည့်အတွက် သယ်ယူစရိတ်မြင့်မားသောကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်းရှိရပါသည်။
DOCA(မကွေး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ခရမ်းချဉ်သီးဈေးနှုန်းများမြင့်တက်လျက်ရှိ

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ခရမ်းချဉ်သီးကို ဒေသတွင်းကျေးရွာများဖြစ်သော ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီတောနှင့် ရွာတော် စသည့်ကျေးရွာများအပြင် မကွေးမြို့၊ မင်းဘူးမြို့၊ တောင်တွင်းကြီးမြို့၊ သရက်မြို့နှင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ တောင်ကြီးမြို့တို့မှ မှာယူရောင်းချကြောင်းသိရသည်။
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် ခရမ်းချဉ်သီးအလုံးကြီး(၁)ပိဿာလျှင် ကျပ်(၇၅၀၀)၊ အလုံးလတ်(၁)ပိဿာလျှင် ကျပ်(၇၀၀၀)ဈေးနှုန်းများဖြင့်ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက အလုံးကြီး(၁)ပိဿာလျှင် ကျပ်(၁၀၀၀)၊ အလုံးလတ်(၁)ပိဿာလျှင် ကျပ်(၅၀၀)ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ဒေသတွင်းခရမ်းချဉ်သီးစိုက်ခင်းများမှာ စိုက်ပျိုးဆဲဖြစ်ပြီး ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နှင့် တောင်ကြီးမြို့တို့မှ မှာယူရောင်းချရ၍ သယ်ယူစရိတ်မြင့်မားသောကြောင့် ခရမ်းချဉ်သီးဈေးနှုန်းမှာ မြင့်တက်ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။
DOCA(မကွေး)

မကွေးဈေးကွက်၏ ပဲမျိုးစုံဈေးနှုန်းအခြေအနေ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲနှောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် ကုလားပဲ(929)(၁)တင်းလျှင် ကျပ်(၉၈၅၀၀)၊ ကုလားပဲဟော်လန်(၁)တင်းလျှင် ကျပ်(၉၇၅၀၀)၊ ပဲလွန်းဝါ(ကျွန်း) (၁)တင်းလျှင် ကျပ်(၆၀၀၀၀)၊ ပဲကြီးဖြူ(၁)တင်းလျှင် ကျပ်(၈၅၀၀၀)၊ ပဲတီစိမ်း(၁)တင်းလျှင် ကျပ်(၈၁၀၀၀)၊ ပဲနှောက်(၁)တင်းလျှင် ကျပ်(၈၀၀၀၀)၊ မြေပဲလုံးဆန်(နီ)(၁)ပိဿာလျှင် ကျပ်(၇၇၀၀)၊ မြေပဲလုံးဆန်(ဖြူ) (၁)ပိဿာလျှင် ကျပ်(၇၈၀၀)၊ မြေပဲ (အောက်ကျဆီဆန်)(၁)ပိဿာလျှင် ကျပ်(၆၀၀၀)တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အောက်တိုဘာလ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ကုလားပဲ(929) ကျပ်(၁၀၀၀)၊ ကုလားပဲဟော်လန် ကျပ်(၁၀၀၀)၊ ပဲနှောက် ကျပ်(၈၀၀၀)၊ ပဲတီစိမ်း ကျပ်(၄၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပဲလွန်းဝါ(ကျွန်း) ကျပ်(၅၀၀၀)၊ မြေပဲလုံးဆန်(နီ) ကျပ်(၁၀၀)၊ မြေပဲလုံးဆန်(ဖြူ) ကျပ်(၂၀၀)၊ မြေပဲ(အောက်ကျဆီဆန်) ကျပ်(၅၀၀) ဈေးနှုန်းလျော့ကျခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် တစ်ပတ်အတွင်း ရန်ကုန်မြို့သို့ ကုလားပဲအိတ်(၁၀၀၀)၊ ပဲတီစိမ်းအိတ်(၁၀၀၀)၊ မြေပဲအိတ်(၅၀၀)၊ မန္တလေးမြို့သို့ မြေပဲအိတ်(၅၀၀)၊ စုစုပေါင်းအိတ်ရေ (၃၀၀၀)တင်ပို့ခဲ့ပြီး တန်ချိန်(၁၂၃၀) အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)

မကွေးဈေးကွက်၏ နှမ်းဈေးနှုန်းဈေးကွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ နတ်မောက်မြို့တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၁၇၀၀၀)၊ နှမ်းဖြူ(၁)တင်းလျှင် ကျပ်(၁၃၀၀၀၀)၊ နှမ်းနက်(စမုံ) (၁)တင်းလျှင် ကျပ်(၂၁၃၀၀၀)၊ နှမ်းညိုကြား(၁)တင်းလျှင် ကျပ်(၉၇၀၀၀)ဖြစ်ပြီး အောက်တိုဘာလ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် နှမ်းနီ ကျပ်(၂၀၀၀)၊ နှမ်းဖြူ ကျပ်(၅၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး နှမ်းနက်(စမုံ) ကျပ်(၇၀၀၀)ဈေးနှုန်းကျဆင်းခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် တစ်ပတ်အတွင်း မန္တလေးမြို့သို့ အိတ်ရေ(၂၀၀၀)၊ ရန်ကုန်မြို့သို့ အိတ်ရေ (၁၀၀၀)တင်ပို့ခဲ့ပြီး တန်ချိန်(၂၀၀) အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါသည်။
DOCA(မကွေး)

မကွေးမြို့၌ မြေပဲလုံးဆန် အရောင်းအဝယ်သွက်လျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြေပဲသီးနှံ (မြေပဲလုံးဆန်ဖြူ၊ မြေပဲလုံးဆန်နီ၊ မြေပြန့်လုံးဆန်)တို့ကို မကွေးမြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် အဓိကစိုက်ပျိုးပြီး တစ်ရက်လျှင် အိတ်ရေ(၁၅၀)မှ (၃၀၀)ထိအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။
ဈေးနှုန်းများအနေဖြင့် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် မြေပဲလုံးဆန်ဖြူတစ်ပိဿာလျှင် ငွေကျပ်(၇၅၀၀-၇၈၀၀)၊ မြေပဲလုံးဆန်နီတစ်ပိဿာလျှင် ငွေကျပ်(၇၅၀၀-၇၈၀၀)၊ မြေပြန့်လုံးဆန် တစ်ပိဿာလျှင် (၇၇၀၀-၇၉၀)၊ မြေပဲလုံးဆန်ဖြူနီ(အရော) တစ်ပိဿာလျှင် ငွေကျပ် (၇၂၀၀-၇၃၀၀) တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဒေသတွင်းဆီကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းရှင်များအပြင် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ပြည်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ မြေပဲပေါ်ချိန်ဖြစ်သည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ် သွက်လျက်ရှိကြောင်း မကွေးဈေးကွက်မှသိရှိရပါသည်။
DOCA(မကွေး)

မကွေးမြို့၌ စားဖိုဆောင်သီးနှံဖြစ်သည့် အာလူးဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ကုန်စိမ်းသီးနှံဈေးကွက်သို့ စားဖိုဆောင်သီးနှံဖြစ်သည့် အာလူးကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အာလူးကို ဆင်ဖြူကျွန်းမြို့မှ စိုက်ပျိုးထွက်ရှိသော်လည်း အာလူးထွက်ပေါ်ချိန်မဟုတ်သည့်အတွက် အခြားဒေသထွက်အာလူးများကိုသာ ဈေးကွက်အတွင်း ရောင်းချကြောင်းသိရသည်။
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် အာလူး(ကြီး) တစ်ပိဿာလျှင် ကျပ်(၇၅၀၀)၊ အာလူး(လတ်) ကျပ် (၅၅၀၀)၊ အာလူး(သေး) ကျပ်(၄၅၀၀)ဈေးရှိ၍ ယခင် အောက်တိုဘာလ (ပထမပတ်) ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်ပါက အာလူးတစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသောကြောင့်လည်းကောင်း၊ စားသုံးသူများနှင့် ဒေသတွင်းအာလူးကြော်လုပ်ငန်းရှင်များက ဝယ်လိုအားကောင်းသောကြောင့်လည်းကောင်း ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။
DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း