Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်၌ ကွမ်းဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

           မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်း ကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော ကန့်ဘလူမြို့နယ်၏ ကွမ်းရွက် ဈေးနှုန်းများမှာ အရည်အသွေးပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် (၄၅၀၀မှ ၅၅၀၀)ကျပ်၊ ကွမ်းရွက်(ကြီး)တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကွမ်းရွက်ရှယ်တစ်ပိဿာလျှင် (၅၀၀)ကျပ်ဆက်လက်မြင့်တက်လာကြောင်း၊ ကွမ်းရွက်များကို ကန့်ဘလူခရိုင်အတွင်းနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း ကွမ်းရွက်ရောင်းဝယ်ရေး လုပ်ငန်း ရှင်များထံမှ သိရှိရပါသည်။

Doca(စစ်ကိုင်း)

                                                                            

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော မြေပဲလုံးဆံဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မြေပဲလုံးဆံများကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း ၊ ဆီစက်လုပ်ငန်းရှင် အချို့မှ မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချကြောင်း၊ မြေပဲလုံးဆံကို မြေပဲယို၊ မြေပဲဆားလှော် စသည်ဖြင့်လည်း အသုံးပြုကြကြောင်း၊ ကန့်ဘလူမြို့နယ်တွင် အရောင်း အဝယ်ဖြစ်နေသည့် မြေပဲလုံးဆံများကို ဒေသတွင်းရှိ စိုက်ပျိုတောင်သူများထံမှလည်းကောင်း၊ မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှလည်းကောင်း ဝင်ရောက်လျက်ရှိကြောင်း၊ ဩဂုတ်လ တတိယပတ် အတွင်း မြေပဲလုံးဆံ(၂၅)ပိဿာတစ်အိတ်လျှင် (၁၇၇၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်လျက်ရှိ ကြောင်း၊ မြေပဲလုံးဆံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

Doca(စစ်ကိုင်း)

 ကန့်ဘလူမြို့ပဲဈေးကွက်၌ မတ်ပဲဈေးနှုန်း အနည်းငယ်ကျဆင်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက် ရှိကြောင်း၊ ကန့်ဘလူမြို့နယ် မြေထူးကျေးရွာ၊ တောက္ကရှပ်ကျေးရွာ၊ ညောင်ဇင်ကျေးရွာများတွင် မတ်ပဲသီးနှံကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၇၇၅၀၀)ကျပ်၊ မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် (၈၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ဩဂုတ်လ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တတိယပတ်အတွင်း မတ်ပဲရိုးရိုး(၁)တင်း လျှင်(၆၀၀၀)ကျပ်နှင့် မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် (၅၅၀၀)ကျပ် ဈေးနှုန်းဆက်လက်ကျဆင်း သွားကြောင်း၊ ထွက်ရှိသော မတ်ပဲသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

Doca(စစ်ကိုင်း)

 ကန့်ဘလူမြို့နယ်၌ ဘိလပ်စေ့သီးနှံဈေးနှုန်း ဆက်လက်ကျဆင်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများ အပြင် ဘိလပ်စေ့သီးနှံကိုလည်း စိုက်ပျိုးကြောင်း၊ ဘိလပ်စေ့ကို ယာကွက်လွတ်များ၌ လည်း ကောင်း၊ ယာခင်းဘေး ပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုး ကြကြောင်း၊ ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသော ကျေးရွာ များမှ ဝင်ရောက်လျက်ရှိပြီး ဘိလပ်စေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူ များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ဘိလပ်စေ့တစ်တင်းလျှင် (၅၉၀၀၀)ကျပ်၊ ဘိလပ်စေ့ညံ့လျှင် (၅၈၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ဘိလပ်စေ့သီးနှံဈေးနှုန်းမှာ (၁)တင်းလျှင်(၅၀၀၀)ကျပ် ဆက်လက်ကျဆင်းသွားကြောင်း၊ ဈေးကွက် အနေဖြင့် ကန့်ဘလူမြို့ နယ်မှထွက်ရှိသော ဘိလပ်စေ့များကို  မန္တလေးမြို့ရှိပွဲရုံများနှင့် ကုန်စည်ဒိုင် များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

Doca(စစ်ကိုင်း)

 ကန့်ဘလူမြို့ပဲဈေးကွက်၌ ပဲလွန်းဖြူဈေးနှုန်းမြင့်တက်လာ

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက် သီးနှံများ အပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲလွန်းဖြူသီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေး ရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း၊  ပဲလွန်းဖြူသီးနှံ သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် ဝင်ငွေရရှိကာ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ဈေးနှုန်းများမှာ ပဲလွန်းဖြူတစ်တင်းလျှင် (၁၀၂၀၀၀)ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် (၁၀၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ဩဂုတ်လ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တတိယပတ်အတွင်း ပဲလွန်းဖြူသီးနှံ (၁)တင်းလျှင် (၁၀၀၀၀)ကျပ် ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း၊ ဝယ်ယူရရှိသော ပဲလွန်းဖြူ သီးနှံများကို မန္တလေးမြို့ရှိ ကုန်စည်ဒိုင်များ၊ ပွဲရုံများသို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

Doca(စစ်ကိုင်း)

 

                                               

၂၈.၈.၂၀၂၅ ရက်နေ့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

    ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၂၈.၈.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၇၆၀၀ ကျပ်ခန့် ၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၂၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၉၅၀၀၀ ကျပ်ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန်(၁၆၅၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ယခုတစ်ပတ်တွင် မြေပဲလုံးဆံ တစ်ပိဿာလျှင် ၇၆၀၀ ကျပ်ခန့်၊ မြေပဲဆီဆံတစ်ပိဿာလျှင် ၇၁၀၀ကျပ်ခန့် ၊ ယခင်တစ်ပတ်တွင်  ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် (၁၇၀၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း တန်ချိန် ၁၆၅၀၀ ဝန်းကျင်ရှိမည်ဟုခန့်မှန်းကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသည့်  ပဲတီစိမ်းဈေးနှုန်း

                စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ပဲတီစိမ်းသီးနှံကို ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီး ဌာန၏ စာရင်းများအရ သိရှိရသည်။

        ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၇၈၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၈၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲတီစိမ်းရိုးရိုး(၁)တင်းလျှင် (၁၀၀၀၀) ကျပ်နှင့် ထွက်တိုး(၁)တင်းလျှင် (၁၀၀၀၀)ကျပ်ခန့် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ဈေးကွက်အနေ ဖြင့် ပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ အများဆုံးတင်ပို့ ရောင်းချကြောင်း၊ ဒေသတွင်း သီးနှံပွဲရုံများထံမှ သိရှိရပါသည်။

Doca(စစ်ကိုင်း)

 ကန့်ဘလူမြို့ပဲဈေးကွက်၌ ဈေးနှုန်းကျဆင်းနေသာ ပဲဇီးကွက်

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပဲဇီးကွက်သီးနှံကို ကန့်ဘလူမြို့နယ် ဆန္ဒယားကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် အခြားသောကျေး ရွာများတွင်လည်း စိုက်ပျိုးကြောင်း သိရှိရသည်။

       ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင် (၁၀၀၅၀၀)ကျပ်၊ အကွဲအနာပါလျှင်(၁၀၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ ဒုတိယပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တတိယပတ်အတွင်း ပဲဇီးကွက်သီးနှံ(၁)တင်းလျှင် (၁၀၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ကန့်ဘလူမြို့နယ်မှ ထွက်ရှိသော ပဲဇီးကွက်သီးနှံများကို မန္တလေးမြို့ ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

Doca(စစ်ကိုင်း)

ကန့်ဘလူမြို့သီးနှံဈေးကွက်၌ ပဲစဉ်းငုံဈေးနှုန်းဆက်လက်ကျဆင်း

      မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်လည်း သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသည့် ပဲစဉ်းငုံသီးနှံကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

   ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးသည့်ပဲစဉ်းငုံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူ ရောင်မျိုးဟူ၍ (၂)မျိုးရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် (၇၄၀၀၀)ကျပ်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၇၂၀၀၀)ကျပ်နှင့် ညံ့လျှင်(၇၁၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ ယခုလ တတိယပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်း လျှင်(၄၀၀၀)ကျပ်နှင့် ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၃၅၀၀)ကျပ် ဆက်လက်ကျဆင်းသွားကြောင်း၊ ဒေသထွက်ပဲစဉ်းငုံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံ ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

Doca(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဈေးနှုန်းမြင့်တက်လာသည့် အစေ့ထုတ်ပြောင်း

                     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများကိုလုပ်ကိုင်လျက်ရှိရာ ကန့်ဘလူမြို့နယ်၏ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့်  အစေ့ထုတ် ပြောင်းကို ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင်လည်း စိုက်ပျိုး ကြောင်း၊ အစေ့ထုတ်ပြောင်းစိုက်ပျိုးရာတွင် C.P.808နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြ ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း အစေ့ထုတ်ပြောင်း()တင်းလျှင် (၂၄၂၀၀) ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း အစေ့ထုတ်ပြောင်း()တင်းလျှင် (၁၂၀၀) ကျပ် ဈေးနှုန်းဆက်လက်မြင့်တက်လာကြောင်း၊ ဈေးကွက်အတွင်း အစေ့ထုတ်ပြောင်း ဝင်ရောက်မှု နည်းသော်လည်း ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

Doca(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း