
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ဂေါ်ရခါးညွန့်နှင့် ဂေါ်ရခါးသီး များ ရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။
ဈေးကွက်အတွင်းရောင်းချနေသော ဂေါ်ရခါးညွန့်များကို ရှမ်းပြည်နယ် ကလော၊ ပင်းတယ၊ ပင်လောင်း စသည့်ဒေသများမှ ဝင်ရောက်လာသည့် ဂေါ်ရခါးညွန့်နှင့် ဂေါ်ရခါးသီးများ အရောင်း အဝယ်ကောင်းနေ ကြောင်းသိရှိရပါသည်။
၂၀၂၅ခုနှစ်၊ ဩဂုတ်လ စတုတ္ထအပတ်အတွင်း ဖြစ်ပေါ်နေသော ဂေါ်ရခါးညွန့်ဈေးနှုန်းမှာ ဂေါ်ရခါးညွန့်(၂၅)ကျပ်သားလျှင် (၁၅၀၀) ကျပ် ဂေါ်ရခါးသီးဈေးနှုန်းမှာ (၁)လုံးလျှင်(၇၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
DOCA (စစ်ကိုင်း)