Main menu

ကျွန်းလှမြို့တွင် ရောင်းချနေသော တောကြက်ဟင်းခါးသီး၊ ကြောင်လျှာသီး၊ ခရမ်းသီးနှင့် ခဆော့သီးဈေးနှုန်း

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံ နှင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိပြီး တောကြက်ဟင်းခါးသီး၊ ကြောင်လျှာသီးနှင့် ခဆော့သီးကိုလည်း ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျွန်းလှမြို့နယ် အတွင်းရှိကျေးရွာများ ဖြစ်သော ရှမ်းစုကျေးရွာ၊ မန်ကျီးအင်းကျေးရွာနှင့် တင်းတိန်ရံကျေးရွာတို့တွင် တောကြက်ဟင်းခါးသီးကို စင်ထိုး စိုက်ပျိုးကြသလို ခြံစည်းရိုးပေါ်တင်ပြီးလည်း စိုက်ပျိုးကြပါသည်။ ခဆော့သီးပင်ကိုလည်း မြေကျင်းတူး၍ စိုက်ပျိုးလျက်ရှိပြီး၊ ကြောင်လျှာသီးပင်ကိုတော့ နှစ်ရှည်ပင်အဖြစ် အိမ်ခြံစည်းရိုးများတွင် အများဆုံး စိုက်ပျိုးကြပြီး ခရမ်းသီးများကိုလည်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက် ရောင်းချ ကာ ဈေး‌ကောင်ရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရသည်။

           ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ရောင်းချလျက် ရှိသည့် တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တောကြက်ဟင်းခါးသီး တစ်ပြည်လျှင်(၄၀၀၀)ကျပ်၊ နို့ဆီ တစ်ဘူးလျှင်(၅၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အလုံးကြီး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင် (၂၀၀၀)ကျပ် ဈေးဖြင့်လည်းကောင်း ခဆော့သီး တစ်ပြည်လျှင်(၄၀၀၀)ကျပ်၊ နို့ဆီ တစ်ဘူးလျှင် (၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ကြောင်လျှာသီး အကြီး တစ်တောင့်လျှင်(၁၅၀၀)ကျပ်၊ ကြောင်လျှာသီး အသေး တစ်တောင့်လျှင်(၁၀၀၀ မှ ၅၀၀)ကျပ်နှုန်း၊ ခရမ်းသီးဈေးနှုန်းလက်လီ တစ်ပိဿာ လျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  ရောင်းချလျက်ရှိပါကြောင်း  ယခင်အပတ်နှင့် နှိုင်းယှဥ်လျှင် ဈေးအနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)