Main menu

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသည့် မြေပဲဆံနှင့် အစေ့ထုတ်ပြောင်းဈေးနှုန်း

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း များကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး၊ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိုးသီးနှံအစေ့ထုတ်ပြောင်းနှင့် မြေပဲသီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

     ကျွန်းလှမြို့နယ်၌ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လစတုတ္ထပတ်အတွင်း အစေ့ထုတ် ပြောင်း(၁)တင်းလျှင် (၂၃၇၀၀)ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၃၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း မြေပဲလုံးဆံ(၁)တင်းလျှင် (၁၇၇၀၀၀၀) ကျပ်တို့ဖြင့်ရောင်းချကြောင်း၊ ဈေးကွက်အတွင်း အစေ့ထုတ်ပြောင်း ဝင်ရောက်မှုနည်းသော်လည်း ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ဒေသတွင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)