Main menu

မိတ္ထီလာမြို့ ၊ပေါက်ချောင်းဈေးရှိ ခရမ်းသီး(ထောပတ်)ဈေးကွက်

Powered by Drupal

          မိတ္ထီလာမြို့၊ ပေါက်ချောင်းဈေးကွက်တွင် စက်တင်ဘာလ၊ ဒုတိယပတ်၌ ခရမ်းသီး(ထောပတ်) အလုံးဝိုင်းကြီးများကို ရမည်းသင်းမြို့နယ်၊ ရွှေဒါးကျေးရွာမှ ဝင်ရောက်လျက်ရှိပြီး အဆိုပါခရမ်းသီး (ထောပတ်)အလုံးဝိုင်းကြီးများမှာ အသားအနှစ်များပြီး အမျိုးမျိုးချက်ပြုတ်စားသောက်၍ရသဖြင့် လူကြိုက်များပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

       ယခုစက်တင်ဘာလ၊ ဒုတိယပတ်တွင် ခရမ်းသီး(ထောပတ်)အလုံးဝိုင်းကြီး တစ်ပိဿာလျှင် (၃၀၀၀) ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ခရမ်းသီး (ထောပတ်) အလုံး ဝိုင်းကြီး တစ်ပိဿာလျှင်(၅၀၀)ကျပ် ခန့်ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ မိုးရွာသွန်းမှုများသဖြင့် စိုက်ပျိုးခင်းများထိခိုက်ပျက်စီး၍ အထွက်နှုန်းနည်းသည့်အတွက် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း ဈေးကွက်မှသိရပါသည်။

DOCA(မန္တလေး)