Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မန္တလေးစျေးကွက်တွင် ခရမ်းချဉ်သီးစျေးမြင့်တက်လျက်ရှိ

         နတ်တော်လဆန်းကာလတွင် မန္တလေးစျေးကွက်သို့ ခရမ်းချဉ်သီးဝင်ရောက်မှု အပေါ်မူတည်၍  စျေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။ မန္တလေးစျေးချို၊ ကိုင်းတန်းစျေးရှိ ခရမ်းချဉ်သီးပွဲရုံများ၊ သီရိမာလာစျေး (ပိုက်ကျုံးစျေး)နှင့် ၄၁လမ်း၊  ကမ်းနားလမ်းရှိ  ကုန်စိမ်းလက္ကားစျေးတို့တွင် ခရမ်းချဉ်သီးအားခေါင်သီးနှင့် အလတ်စသီးဟူ၍ အမျိုးအစားခွဲခြား ရောင်းချလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း   ဖြစ်ပေါ်လျှက်ရှိသော  ခရမ်းချဉ်သီး လက္ကားစျေးအနေဖြင့် အင်းသီးတစ်သေတ္တာ(၂၀ ပိဿာပါ)လျှင်  ၅၀၀၀၀ကျပ် နှင့် ၆၅၀၀၀ကျပ်၊ လက်လီစျေးအနေဖြင့် ခရမ်းချဉ်သီး ဘောလုံးသီးနှင့်  အင်းသီး တစ်ပိဿာလျှင်    ၃၀၀၀ ကျပ်နှင့် ၄၀၀၀ ကျပ် တို့ဖြင့်ရောင်းချလျက်ရှိပြီး၊ နိုဝင်ဘာလတတိယပတ်စျေးနှင့် နှိုင်းယှဉ်ပါက တစ်ပိသာ လျှင် ၅၀၀ ကျပကွာခြားမှုရှိပြီး၊ စျေးအနည်းငယ်မြင့်တက် သွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်တွင် ငါးခြောက်စျေးအနည်းငယ် မြင့်တက်လျက်ရှိ

        မန္တလေးစျေးချိုတော်တွင် နတ်တော်လဆန်းပိုင်းအတွင်း ငါးခြောက်ဝင်ရောက်မှုအပေါ်မူတည်၍ စျေးအနည်းငယ်မြင့်တက်သွားပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅   ခုနှစ် နိုဝင်ဘာလစတုတ္ထပတ်အတွင်း အမျိုးအစားအလိုက်တစ်ပိဿာ ပေါက်စျေးတို့မှာ  ငါးနီတူးခြောက် ၂၀၀၀ဝိ/-  နှင့် ၂၈၀၀ဝိ/-၊ ငါးဖောင်ရိုးခြောက် ၄၀၀၀ဝိ/- နှင့် ၆၀၀၀ဝိ/-၊ ငါးပုတ်သင်ခြောက် (လုံး) ၁၆၀၀ဝိ/-နှင့်၂၀၀၀ဝိ/-၊ ငါးပုတ် သင်ခြောက်(ပြား)၂၀၀၀ဝိ/-နှင့်၂၅၀၀ဝိ/၊ငါးရောင်ခြောက်၄၅၀၀ဝိ/-နှင့် ၇၀၀၀ဝိ/-၊ ငါးရံ့ခြောက်(လုံး)၆၅၀၀ဝိ/- နှင့် ၇၅၀၀ဝိ/-၊ ငါးရံ့ခြောက် (ပြား)၈၅၀၀ဝိ/-နှင့် ၉၅၀၀ဝိ/-၊ပုဇွန်ခြောက် ၂၅၀၀ဝိ/- နှင့်၆၀၀၀ဝိ/- စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဘုရားပွဲများနှင့် အလှူပွဲတော်များတွင် ငါးခြောက်သုံးစွဲမှုများပြားသည့်အတွက်  နတ်တော်လဆန်းအတွင်း အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်တွင် ထောပတ်သီးစျေးကျဆင်းလျက်ရှိ

          စျေးကွက်အတွင်းသို့   နတ်တော်လဆန်းတွင် မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်‌ ထောပတ်သီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ် နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ထောပတ်သီး ၁၀ လုံးလျှင် အလုံး(ကြီး) ၁၅၀၀၀ ကျပ်နှင့် ၂၅၀၀၀ကျပ်၊ အလုံးလတ် ၇၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်၊ ဟက်စ် (Hass) မျိုးမှာ  Kg စျေးနှင့် ပိဿာစျေးနှစ်မျိုးဖြင့် ရောင်းချလျက်ရှိပြီး၊ တစ်ပိဿာလျှင်  ၁၀၀၀၀ ကျပ်နှင့် ၁၂၀၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။ နတ်တော်လဆန်းတွင် ထောပတ်သီးခူးဆွတ်သည့် ရာသီချိန်ဖြစ်၍ ဝင်ရောက်မှုများပြီး၊  ယခင်အပတ်ပေါက်စျေးနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ခန့်စျေးကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်တွင် စျေးငြိမ်နေသည့်မာလကာသီး

         စျေးကွက်သို့ နတ်တော်လဆန်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းအမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်မာလကာသီးများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးငြိမ်ကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်သည့်   စျေးနှုန်းများမှာ မာလကာသီး ၁ လုံး လျှင် အလုံး(ကြီး)၂၅၀၀ကျပ်နှင့် ၃၀၀၀ကျပ်၊  အလုံး(လတ်)  ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်၊ အလုံး (သေး) ၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်စျေးတို့ ဖြင့်ရောင်းချပြီး၊ အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်တွင် ဂဗ္ဗလာသီးစျေးကျဆင်း

        မန္တလေးစျေးကွက်သို့   နတ်တော်လဆန်းတွင်  မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့် ဂဗ္ဗလာသီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ဂဗ္ဗလာသီး ၁၀ လုံးလျှင် အလုံး(ကြီး) ၂၀၀၀ ကျပ်နှင့်၂၅၀၀ ကျပ်၊ အလုံး (လတ်)၁၅၀၀ ကျပ် နှင့် ၁၈၀၀ ကျပ်၊ အလုံး(သေး) ၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်စျေးတို့ဖြင့်ရောင်းချပြီး၊ အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း   သိရှိရပါသည်။ ဂဗ္ဗလာသီးများ အားအသီးအတိုင်းစားသုံးခြင်းနှင့် ကျမ္မာရေးဓါတ်စာဖျော်ရည်အဖြစ် စားသုံးခြင်းတို့ကြောင့် စျေးကွက် အတွင်းအရောင်း သွက်လျက်ရှိကြောင်း ရှမ်းစျေးရှိသစ်သီးရောင်းချသူ တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

တော်ဝင်သဇင်ပန်းအကြောင်း

        သဇင်ပန်းသည် မြန်မာမင်းများ လက်ထက်က ဘုရင်မိဖုရားတို့သာ ဦးဦးဖျားဖျား ပန်ခွင့်ရှိသောတော်ဝင်ပန်းဖြစ်ကြောင်း၊ သဇင်ပန်းသည်နတ်တော်လ၌ပွင့်သဖြင့် အမြတ်တနိုးထား၍ နတ်တင် ကြသောကြောင့် နတ်ပန်းဟုလည်းခေါ်ဆိုကြကြောင်း၊ သဇင်ပန်းသည်သန့်ရှင်း စင်ကြယ်သော နေရာများနှင့် အအေးပိုင်းဒေသများ၌ အပင်ဖြစ်ထွန်းကြောင်း၊ သဇင်ပန်းသည်သစ်ခွမျိုးတွင် ပါဝင်ပြီး သဇင်ပန်းသည် သစ်ကိုင်းသစ်ခက် အုန်းခွံတို့တွင် တွယ်ကပ်၍လည်းကောင်း၊ အိုးထဲ၌အုန်းဆံပွပွနှင့် ထည့်၍လည်းကောင်း ခပ်သန့်သန့်စိုက်ရသော ဥမှထွက်သည့် အပင်ကလေး မျိုးဖြစ်ကြောင်း၊ သဇင်ဥသည် စိမ်းညိုရောင်လုံးရှည်သွယ်ဖြစ်၍ တစ်လက်မခန့်ကြီးကြောင်း၊ သဇင်ဥအရင်းမှ အရွက်ကလေးနှစ်ရွက်သည် မိုးဥကျစတွင်ထွက်ကြောင်း၊ အရွက်သည်တစ်လက်မမှ သုံးလက်မအထိ ရှည်၍အစိမ်းနုရောင်ဖြစ်ကြောင်း၊အလယ်ကြောမကြီး တစ်ခုသာပါ၍ အရွက်သားသည် ပြောင်ချော ကြောင်း၊ အပွင့်ပွင့်ချိန်၌ အရွက်များကြွေကျကြောင်း၊ အပွင့်သည် ခိုင်တံသွယ်သွယ်၌ ဘေးတစ်ဖက် တစ်ချက်စီပွင့်ကြောင်း၊ အပွင့်သည် သေးငယ်၍ အလယ်၌ ဝတ်ဆံပါပြီး သဇင်ပန်းပွင့်အရောင်မှာ လေးမျိုးရှိကြောင်း သဇင်ဖြူ၊ သဇင်ဝါ၊ သဇင်နီ၊ သဇင်နက် တို့ဖြစ်ကြောင်း၊ သဇင်ဖြူသည် အပွင့်ကြီးပြီး ရိုးတံတွင်အပွင့်ကျဲ၍ သဇင်ဝါလောက် အမွှေးရနံ့နည်းကြောင်း၊ သဇင်ဝါသည် အပွင့်သေး၍ ရိုးတံ၌အဆုပ်လိုက် အခိုင်လိုက်ပွင့်၍ ရနံအလွန် မွှေးကြောင်း၊ သဇင်နက်နှင့် သဇင်နီသည် ရှားပါးပြီး အတွေ့ရအလွန်နည်းကြောင်း၊ သဇင်နက်ပွင့်သည် မီးသွေးခဲကဲ့သို့နက်မှောင်၍ သဇင်ဥမှာစိမ်းပြီး ရှာပါးလွန်းကြောင်း၊ သဇင်ပန်းများသည် တစ်နှစ်တစ်ခါသာပွင့်သော အပင်မျိုးဖြစ်၍ နတ်တော်လ၊ ပြာသိုလများတွင် လှိုင်လှိုင်ပွင့်ကြောင်း၊ စာပေများမှ လေ့လာသိရှိရသည်။

DOCA(မန္တလေး)  

မန္တလေးစျေးကွက်တွင် တည်သီးများအရောင်းသွက်လျက်ရှိ

          မန္တလေးစျေးကွက်သို့  နတ်တော်လဆန်းတွင် မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့မှထွက်သည့် တည်သီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်နိုဝင်ဘာစတုတ္ထပတ်အတွင်း  ဖြစ်ပေါ်သည့် စျေးနှုန်းများမှာ တည်သီး ၁ လုံးလျှင် အလုံး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၅၀၀ကျပ်၊ အလုံး(လတ်) ၁၅၀၀ ကျပ်နှင့် ၂၀၀၀ကျပ်စျေး၊ ထုံးရည်စိမ်၍ အကြွပ်သီးအဖြစ်ရောင်းချရာတွင်အလုံး(ကြီး) ၅၀၀ ကျပ်နှင့် ၇၀၀ကျပ်၊ အလုံး(လတ်) ၃၀၀ ကျပ်နှင့် ၄၀၀ကျပ်တို့ဖြင့် အမျိုးအစား ခွဲခြား၍ရောင်းချကြောင်း သိရှိရပါသည်။ သစ်သီးမျိုးစုံရောင်းချသည့် ရတနာပုံစျေးရှိ စျေးသည်တစ်ဦး၏ပြောပြချက်အရ တည်သီးမှာ အစို(အခြောက်)အရောင်းသွက်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကျွဲကောသီးစျေးငြိမ်ပြီး အရောင်းသွက်လျက်ရှိ

      မန္တလေးစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့မှထွက်သည့် ကျွဲကောသီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ နတ်တော်လဆန်းတွင် စျေးငြိမ်ကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။၂၀၂၅ ခုနှစ်နိုဝင်ဘာ လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ကျွဲကောသီး ၁ လုံးလျှင် အလုံး(ကြီး) ၅၀၀၀ ကျပ်နှင့် ၇၀၀၀ကျပ်၊ အလုံး(လတ်) ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ အလုံး(သေး) ၃၀၀၀ ကျပ်နှင့် ၃၅၀၀ ကျပ်စျေးတို့ဖြင့် အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ သစ်သီးမျိုးစုံစျေးကွက်အတွင်း မော်လမြိုင်ကျွဲကောသီးမှာ အရည်ရွှမ်းကာ အချဉ်ဓါတ်လျော့နည်းသည့်အတွက် စားသုံးသူများကြိုက်နှစ်သက်ကာ အရောင်းသွက်လျက်ရှိကြောင်း   ရှမ်းစျေးရှိ စျေးသည်တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်တွင် သစ်အယ်သီးစျေးငြိမ်လျက်ရှိ

         စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှထွက်သည့် သစ်အယ်သီးများ နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဝင်ရောက်မှုလျော့နည်းလျက်ရှိပြီး၊ စျေးငြိမ်ကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း သစ်အယ်သီးအားအစိမ်းအတိုင်း ပြည်ချိန် (သို့မဟုတ်)ကီလိုဂရမ်ချိန်၍ ရောင်းချခြင်း၊ လှော်၍ အသင့်စားအစာအဖြစ် ရောင်းချခြင်းတို့တွေ့ ရှိရပါသည်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလ စတုတ္ထပတ်အတွင်း သစ်အယ်သီးလက်လီစျေးနှုန်းများမှာ ၁ ပြည်လျှင် (လုံးကြီး) ၃၀၀၀၀ ကျပ်နှင့် ၄၀၀၀၀ ကျပ်၊ (လုံးလတ်) ၂၅၀၀၀ ကျပ်နှင့်၂၈၀၀၀ကျပ်၊(လုံးသေး) ၂၀၀၀၀ကျပ်နှင့် ၂၃၀၀၀ကျပ် စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ ရှမ်းစျေးရှိစျေးသည်တစ်ဦး၏ ပြောပြချက်အရယခင်နှစ်ပေါက်စျေးနှင့် နှိုင်းယှဉ်ပါက သစ်အယ်သီး ၁ ပြည်လျှင် ၅၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်အထိ စျေးနှုန်းမြှင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်တွင် ပန်းဂေါ်ဖီစိမ်းပေါက်စျေးငြိမ်လျက်ရှိ

        မန္တလေးကုန်စိမ်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး၊  စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသများမှ  ထွက်ရှိသည့်ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းများ ဝင်ရောက်မှုများပြားပြီး၊ နိုဝင်ဘာလစတုတ္ထပတ်အတွင်း ပန်းဂေါ်ဖီစိမ်းပေါက်စျေးငြိမ်နေကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ပန်းဂေါ်ဖီပွင့်ဖြူနှင့်ပန်းဂေါ်ဖီပွင့်စိမ်းမှာ အရောင်းသွက်သည့် ကုန်စိမ်းအမယ်များဖြစ်ပြီး၊ ပန်းဂေါ်ဖီစိမ်းမှာ နူးညံ့မှုပိုသည့်အတွက် စျေးပိုမိုရရှိကြောင်း သိရှိရပါသည်။ မန္တလေးကုန်စိမ်းစျေးကွက်အတွင်း ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ပန်းဂေါ်ဖီစိမ်း တစ်ခုလျှင် လက္ကားစျေး  ၁၅၀ဝိ/-နှင့် ၁၇၀ဝိ/- စျေး၊လက်လီစျေးမှာ  ၁၈၀ဝိ/- နှင့် ၂၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း