
မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ရှမ်းစုကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် တောင်သူ ဦးဝင်းမောင်မှ ကြံစိုက်ပျိုးထားကြောင်းသိရပြီး နှစ်စဉ် စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ဓနုဖြူမြို့နယ် ကြံစိုက်ပျိုးဧက (၃၈)ဧကရှိသည်။
ကြံစိုက်ပျိုးမှု မျိုးအနေဖြင့် ကြံအညိုကို စိုက်ပျိုးပြီး စိုက်ဧက ၀.၅၀ ဧကတွင် စိုက်ခင်း ၃ခင်း စိုက်ပျိုးထားကြောင်း၊ ကြံအပင်ရေ ၁၀၀၀၀ ပင် စိုက်ပျိုးထားပြီး ၊ ကြံမျိုး ၁ပင်လျှင် ၅၀၀/-ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရသည်။ ၂၀၂၅ခုနှစ် ဩဂုတ်လတွင် စတင်စိုက်ပျိုးခဲ့ပြီး စိုက်ပျိုးပြီး ၈လ အကြာတွင် ၂၀၂၆ခုနှစ် မတ်လဆန်းတွင် စတင်ရောင်းတမ်းဖြန့်ချီမည်ဖြစ်ကြောင်း စိုက်ပျိုးသူထံမှ သိရသည်။ ကြံမျိုးပင်သည် တစ်နှစ်သက်တမ်းအကြာထွက်ရှိပြီး စိုက်ပျိုးမှု ကုန်ကျစရိတ် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ရေတင်ခ၊ အနေဖြင့် ကြံညို သိန်း ၇၀ ခန့် ကုန်ကျကြောင်း သိရသည်။ ယခင်နှစ် ၂၀၂၅ခုနှစ် မတ်လက ကြံထွက်ရှိရောင်းချမှု လက်ကားဈေးအနေဖြင့် တစ်ချောင်းလျှင် ၁၀၀၀ ကျပ်ဈေးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုနှစ် ၂၀၂၆ခုနှစ်တွင် ကြံဈေးနှုန်းအနေဖြင့် ၁၃၀၀-၁၅၀၀ကျပ် ယနေ့ ဈေးပေါက်နေပြီး ကြံထွက်ရှိမှုအနေဖြင့် အပင်တစ်သောင်းတွင် အလေအလွင့်နှုတ်ပြီး ၇၀၀၀ခန့် ထွက်ရှိနိုင်ကြောင်း၊ ဈေးနှုန်းအပြောင်းအလဲပေါ်မူတည်၍ အကျိုးအမြတ်ကျန်ရှိနိုင်ပြီး စိုက်ဧကတွင် ပျမ်းမျှ ငွေကျပ် ၂၅-၃၀ သိန်းခန့် ကျန်ရှိနိုင်ကြောင်း စိုက်ပျိုးသူ တောင်သူထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)
