Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မအူပင်မြို့နယ်တွင်း ရောင်းချနေသော ကျိုတ်လတ် မြို့နယ်ထွက် ကျောက်စိမ်းဘုရာပန်း ဈေးကွက်ဈေးနှုန်း အခြေအနေ

      မအူပင်မြို့နယ်တွင် ဘုရားပန်းရောင်းချသူ လုပ်ငန်းရှင်များရှိပြီး ဘုရားပန်းရောင်းချသည် ပန်းဒိုင်ကြီးများလည်းရှိသည်။ ကျောက်စိမ်း ဘုရားပန်းသည် ကျိုတ်လတ်မြို့နယ်မှ စိုက်ပျိုးကြပြီး မအူပင်မြို့နယ် ဘုရားပန်းဒိုင်မှ မှာယူရောင်းချကြောင်း သိရသည်။

   မအူပင်ပန်း အရောင်းဒိုင်မှ ကျောက်စိမ်းပန်း အဖြူနှင့်အဝါ ပန်းများကို ဖျာပုံခရိုင် ကျိတ်လတ်မြို့နယ်မှ  ပန်းထုံး ၅၀-၁၀၀ အထိ နေ့စဉ် မှာယူကြောင်း၊ ပန်းထုံး ၁ထုံးလျှင် ဘုရားပန်းအစီးရေ ၂၀ခန့် ထွက်ရှိကြောင်း၊ လက်ကား ကျောက်စိမ်းပန်း ၁စီးလျှင် ၁၅၀၀ကျပ်ဖြင့် ဖောက်သည်ပေးပြီး ဈေးကွက်အတွင်းတွင် ပန်း၁စီးလျှင် ၂၀၀၀ကျပ်ဖြင့် ‌ရောင်းချလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။  

     ယခင်အပတ်ဈေးဖြင့် နှိုင်းယှဉ်ပါက ၃၀၀ ကျပ်ဈေးမြင့်တက်လာကြောင်း တွေ့ရှိရသည်။ ပန်းထုံး ၁ထုံးရင်းနှီးငွေမှာ ၃၀ ၀၀၀ ကျပ် ဖြင့် ဝယ်ယူရကြောင်း၊ ပန်းထုံး ၁၀၀လျှင် ငွေကျပ် ၃ ၀၀၀ ၀၀၀ ကျပ်ရင်းနှီးရကြောင်း၊ အကျိုးအမြတ် အနေဖြင့် ပန်းထုံး ၂၀စီးပါ ၁ထုံးရောင်းချရပါက ငွေကျပ် ၁၀ ၀၀၀ ကျပ်  ကျန်ရှိသဖြင့် စီးပွားဖြစ်အဆင်ပြေလျက်ရှိကြောင်း ဈေးကွက်အတွင်း လက်လီပန်း ရောင်းချသူများ အတွက်လည်း အကျိုးအမြတ်ကျန်ရှိ၍ တွက်ခြေ ကိုက်စီးပွားဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မုံရွာမြို့တွင် ရောင်းချနေသော ပဲမြစ်နှင့် အာဒါလွတ်ဥ ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် မန်ကျည်းတောဒေသ ထွက်ပဲမြစ်နှင့်အာဒါလွတ်ဥများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ မန်ကျည်းတောပဲမြစ်နှင့် အာဒါလွတ်ဥများကို ဒေသတွင်း တစ်နိုင်တစ်ပိုင် အနေဖြင့် စိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အတွက် မန်ကျည်းတောပဲမြစ်နှင့်အာဒါလွတ်ဥများ စိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။   

       ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထအပတ်အတွင်း ရောင်းချနေသော မန်ကျည်းတောပဲမြစ်နှင့် အာဒါလွတ်ဥဈေးနှုန်းမှာ မန်ကျည်းတောပဲမြစ် ၂၅ကျပ်သားလျှင်(၁၂၅၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ အလားတူ အာဒါလွတ်ဥဈေးနှုန်းများမှာ ၂၅ကျပ်သားလျှင် (၉၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၉၀၀)ကျပ်၊ တစ်ပိဿာလျှင်(၃၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသောဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မအူပင်မြို့နယ်တွင်းရောင်းချနေသော သစ္စာပန်း ဈေးကွက်ဈေးနှုန်း အခြေအနေ

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်တွင် ဘုရားပန်းဈေးကွက်၌ သစ္စာပန်းနှင့် ကျောက်စိမ်း ဘုရားပန်းများ ရန်ကုန်သီရိမင်္ဂလာဈေးမှ ဝင်ရောက်လျက်ရှိပြီး ၂၀၂၅ခုနှစ် ဒီဇင်ဘာလအတွင်း အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တွင် မအူပင်မြို့နယ်အတွင်း ရောင်းချနေသော သစ္စာပန်း ဈေးနှုန်း အနေဖြင့် သစ္စာပန်း (၅)ခက်ပါ တစ်စီးလျှင်(၂၅၀၀-၃၀၀၀)ကျပ်၊ ဖြင့်လက်လီရောင်းချလျက်ရှိကြောင်း ဈေးကွက် အတွင်းမှသိရသည်။  ရောင်းချနေသော သစ္စာပန်း အရောင်များမှ အဖြူ၊ ပန်းရောင်၊ အနီရောင်တို့ ဖြစ်ပြီး အဖြူရောင်ပန်းနှင့် အနီရောင်သစ္စာပန်းမှာ ၅ခက်ပါ ၁စီး လျှင် ၃၀၀၀ကျပ်၊ ပန်းရောင် ၅ခက် ပါ ၁စီးလျှင် ၂၅၀၀ကျပ် ဖြင့် လက်ကားရောင်းချလျက်ရှိပြီး ၊ သစ္စာပန်း အဖြူနှင့်အနီပန်းကို  ၅ပင်စီး ၅စီးပါ အထုံး ၁ထုံးကို ငွေကျပ် ၁၂၅၀၀ကျပ် ဖြင့်လည်းကောင်း၊ အထုံး ၃၀လျှင် ၃၇၅၀၀၀ ကျပ် ရင်းနှီးရပြီး၊ ငွေကျပ် ၇၅၀၀၀ကျပ် အကျိုးအမြတ်ကျန်ရှိကြောင်း ၊ ပန်းရောင်သစ္စာပန်း ၅ပင်စီး ၅စီးပါ ၁ထုံးလျှင် ၇၅၀၀ ကျပ် ဖြင့်ဝယ်ယူရပြီး အထုံး ၃၀လျှင် ၂၂၅၀၀၀ကျပ် ရင်းနှီးရပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၇၅၀၀၀ကျပ် ကျန်ရှိကြောင်း မအူပင်မြို့နယ် ပန်းရောင်းချသူ ဦးကျော်ဆန်းထံမှ သိရသည်။  ပန်းများကို ၁ပါတ်လျှင် အထုံး ၃၀ခန့် မှာယူပြီး မအူပင်ဈေးကွက်အတွင်း ရောင်းချကြောင်း၊ သစ္စာပန်းများ အ‌ရောင်းအဝယ်‌ ကောင်းမွန် လျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မုံရွာမြို့တွင် ရောင်းချနေသော ပန်းသစ်တော်သီးနှင့် ပန်းသီး ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ပန်းသစ်တော်သီးနှင့် ပန်းသီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပန်းသစ်တော်သီးနှင့် ပန်းသီးတို့သည် အေး၍ စိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသောရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  သစ်သီးဆိုင်များတွင် ပန်းသစ်တော်သီး အသေးတစ်လုံးလျှင်(၂၅၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၃၀၀၀)ကျပ်နှင့်   အကြီးတစ်လုံးလျှင် (၅၀၀၀)ကျပ်၊ ပန်းသီးဈေးနှုန်းမှာ အသေးတစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၂၀၀၀)ကျပ်နှင့်   အကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်တွင်ရောင်းချနေသော ပန်းဖယ်လိမ္မော်သီးနှင့် ဆန်းကစ်သီး ဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် ပန်းဖယ်လိမ္မော်သီးနှင့် ဆန်းကစ်သီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပန်းဖယ်လိမ္မော်သီးနှင့် ဆန်းကစ်သီးများကို အေး၍စိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသောရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထအပတ်အတွင်းတွင် ရောင်းချနေသော ပန်းဖယ်လိမ္မော်သီးနှင့် ဆန်းကစ်သီးဈေးနှုန်းမှာ ပန်းဖယ်လိမ္မော်သီး ၂၅ ကျပ်သား (၂၀၀၀)ကျပ်၊ ၅၀ ကျပ်သား (၄၀၀၀) ကျပ် နှင့် ၁ ပိဿာ လျှင် (၁၀၀၀၀) ကျပ်၊ အလားတူ ဆန်းကစ်သီးဈေးနှုန်းမှာ ၂၅ ကျပ်သား (၁၇၀၀)ကျပ်၊ ၅၀ကျပ်သား (၃၅၀၀)ကျပ်နှင့် ၁ပိဿာလျှင် (၇၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံမျိုးစုံရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံမြို့၏ကုလားပဲများဈေးနှုန်းကျဆင်းလာခြင်း

                            မြင်းခြံမြို့ရှိ ပွဲရုံများ၌ လယ်ယာထွက်ကုန် ပဲမျိုးစုံသီးနှံများကိုရောင်းဝယ်လျက်ရှိသည့်အနက် ပြည်တွင်း၌စားသုံးမှုမြင့်မားသော ကုလားပဲများကိုလည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် ကုလားပဲV2တစ်တင်းလျှင် (၇၈၀၀၀)ကျပ်၊ ကုလားပဲ929တစ်တင်းလျှင် (၇၇၀၀၀)ကျပ်ခန့်ပေါက်ဈေးများဖြင့်‌ ရောင်းချလျက်ရှိကြောင်း၊ ယခင်လ နိုဝင်ဘာလ၌ ကုလားပဲ V2တစ်တင်းလျှင် (၇၉၀၀၀)ကျပ်၊ ကုလားပဲ929တစ်တင်းလျှင် (၇၈၅၀၀)ကျပ်ခန့် ပေါက်ဈေး များဖြင့်‌ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ၊  ယခင်လနှင့် နှိုင်းယှဉ်ပါက  ယခုလတွင် ကုလားပဲ V2တစ်တင်းလျှင် (၁၀၀၀) ကျပ်၊ ကုလားပဲ929 တစ်တင်းလျှင်(၁၅၀၀)ကျပ်ခန့်  ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ နေ့စဉ်အိတ်ရေ ၁၀၀ အိတ်မှ ၂၀၀ အိတ်ခန့်အရောင်းအဝယ် ပြုလုပ်ကြကြောင်း၊ ကုလားပဲသည် ပရိုတင်းဓာတ်ပါဝင်မှု မြင့်မားသောကြောင့် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ စားသုံးမှု များပြားသလို  ဒေသအတွင်းရှိ ပဲကြော်လုပ်ငန်းများမှလည်း ဝယ်ယူသုံးစွဲကြသလို  ပိုလျှံသောပဲကြီး များကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့လည်း တင်ပို့ရောင်း ချကြောင်း၊ ပွဲရုံလုပ်ငန်းလုပ်ကိုင်သူတစ်ဦး ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)

 

 

မုံရွာမြို့ ၊ ဈေးကွက်သို့ ရောက်ရှိလာသော ပန်းဈေးနှုန်းများ

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပန်းစျေးကွက်သို့ ဒီဇင်ဘာလ စတုတ္တပတ်အတွင်း ရောက်ရှိလာသောပန်းများကို အမရပူရ၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မိတ္တီလာခရိုင်နှင့် မြင်းခြံခရိုင်တို့မှထွက်သည့် ပန်းများ၊ ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှ ထွက်ရှိသည့် မေမြို့ပန်းများနှင့် မုံရွာမြို့ရှိ ကျေးရွာများမှထွက်ရှိသည့် ပန်းမျိုးစုံများ ဈေးကွက်သို့ အပြိုင်အဆိုင်ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

         ၂၀၂၅ ခုနှစ်ဒီဇင်ဘာ စတုတ္တပတ်အတွင်း ရောင်းချနေသည့် ပန်းမျိုးစုံစျေးနှုန်းများမှာ မုံရွာမြို့ထွက် မေမြို့ပန်း လက္ကားစျေး (အစီးကြီး) တစ်ထုံးလျှင် ၁၂၀၀၀ ကျပ်နှင့် ၁၅၀၀၀ ကျပ်၊ (အစီးသေး) ၁ စီးလျှင် ၂၀၀၀ ကျပ် နှင့် ၂၅၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး  ဂန္ဒမာပန်း တစ်စီးလျှင်   ၃၀၀၀ ကျပ်၊ သစ္စာပန်းတစ်စီးလျှင် ၂၅၀၀ ကျပ်၊ရေမွှေးနှင်းဆီပန်း (၁၀)ပွင့်ပါ တစ်စီးလျှင် (၁၅၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။ ပန်းမျိုးစုံစျေးကွက်အတွင်း နတ်တော်လတွင် ဘုရားပွဲနှင့် အလှူပွဲတော်များ ကျင်းပသည့်အချိန်ဖြစ်၍ မေမြို့ပန်းများနှင့် ပန်းမျိုးစုံ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျောက်ပန်းတောင်းမြို့နယ်၏ နှမ်းစိုက်ပျိုးထွက်ရှိမှု၊တောင်သူအကျိုးအမြတ်နှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

               မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ကျောက်ပန်းတောင်းမြို့နယ်တွင်ဆီထွက်သီးနှံဖြစ်သည့် မိုးနှမ်းကိုအဓိကထားစိုက်ပျိုးလျှက်ရှိပြီး နွေနှမ်းနှင့်ဆောင်းနှမ်းကို အနည်းငယ်သာစိုက်ပျိုးကြပါသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင်  နှမ်းသီးနှံကို သီးသန့်စိုက်ပျိုးကြသလို ပဲစဉ်းငုံသီးနှံနှင့်သီးညှပ် စိုက်ပျိုးမှုမှာ ပို၍များကြောင်းသိရသည်။၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးနှမ်းကို (၁၂၁၁၅၁)ဧကလျာထားခဲ့ပြီး စိုက်ဧက(၁၃၄၆၁၇)ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် (၄.၇၈)တင်းနှုန်းထွက်ရှိ၍ စုစု ပေါင်း (၆၅၅၅၈၅)တင်း ထွက်ရှိခဲ့ပါသည်။ လျာထားဧကထက် (၁၃၄၆၆ )ဧက ပိုမိုစိုက်ပျိုးခဲ့ကြသည်။ ဇွန်လ မိုးဦးကျချိန်တွင် စတင်စိုက်ပျိုး၍ ဇူလိုင်လကုန် ဩဂုတ်လ ပထမပတ်တွင် လှိုင်လှိုင်ထွက်ရှိပြီး  နွေနှမ်းကို မတ်၊ဧပြီလတို့တွင် စတင်စိုက်ပျိုး၍ ဇွန်၊ ဇူလိုင်လများတွင် ထွက်ရှိပါသည်။ ဇူလိုင်လကုန်နှင့် ဩဂုတ်လများတွင် ကျောက်ပန်းတောင်းမြို့နှင့် ထိဆက်လျက်ရှိသောကျေးရွာများမှ မြို့ပေါ်ရှိ ပွဲရုံများ၊ ဆီစက်များသို့ လာရောက်၍ရောင်းဝယ်မှု ပြုလုပ်ကြသည်။ ယခုနှစ်နှမ်းသီးနှံစတင်ထွက်ပေါ်ချိန်တွင် နှမ်းနီတစ်တင်းလျှင် (၉၅၀၀၀)ကျပ်၊နှမ်းဖြူတစ်တင်းလျှင် (၁၀၂၀၀၀)ကျပ်ဈေးဖြင့် ရောင်းဝယ်စတင်ခဲ့ပြီး ဩဂုတ်လနောက်ဆုံးပတ်တွင် နှမ်းနီတစ်တင်း (၈၈၀၀၀)ကျပ် ၊ နှမ်းဖြူတစ်တင်း (၉၁၀၀၀)ကျပ် ၊ ဒီဇင်ဘာလတွင်လည်း နှမ်းနီတစ်တင်းလျှင် (၈၈၀၀၀)ကျပ် ၊ နှမ်းဖြူတစ်တင်းလျှင် ( ၉၁၀၀၀ /၉၀၀၀၀ )ကျပ်ဖြင့်‌ ဈေးနှုန်းတည်ငြိမ်စွာ အရောင်းအဝယ်ဖြစ်လျှက်ရှိသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးနှမ်းစိုက်ပျိုးမှု တစ်ဧကကုန်ကျစရိတ်အနေဖြင့်(၂၆၉၀၀၀)ကျပ် ကျသင့်ပြီး တစ်ဧကပျှမ်းမျှအထွက် နှုန်းမှာ (၄.၈၇)တင်းနှုန်းထွက်ရှိ၍ တစ်တင်းရောင်းဈေး (၉၁၀၀၀) ကျပ်ဖြင့် ရောင်းချခဲ့ရသောကြောင့် တစ်ဧကအကျိုးအမြတ်မှာ (၁၇၄၁၇၀)ကျပ်ရရှိစေပါသည်။ ဒေသထွက်နှမ်းများကို ယခင်က အခြားဒေသများသို့ တင်ပို့ရောင်းချမှုများ ရှိခဲ့သော်လည်း ယခုအချိန်တွင်ပြင်ပသို့ ရောင်းချမှုနည်းပါးလာပြီး ဒေသတွင်း၌သာ ဆီကြိတ်ခွဲသုံးစွဲမှုများ များလာကြပါသည်။ တောင်သူအကျိုးအမြတ်ရရှိသော ဆီထွက်သီးနှံကို ပိုမိုစိုက်ပျိုးပြီး ပြည်ပသို့ရောင်းချခြင်း မပြုပဲပြည်တွင်း၌ သုံးစွဲခြင်း၊ ဆီကြိတ်ခွဲ ရောင်းချခြင်းများ ပြုလုပ်ပါက ဒေသတွင်းဆီစားသုံးမှုဖူလုံ လာခြင်း၊တိရစ္ဆာန်အစာများ ပေါများလာခြင်း၊ ဒေသတွင်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်း များပိုမိုရရှိစေလာခြင်းအပြင် ဘေးအန္တရာယ်ကင်းသော ဆီများစားသုံးရခြင်းကြောင့် ကျန်းမာရေးညီညွတ်ကောင်းမွန်လာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိစေသည့်အတွက် နှမ်းအပါအဝင် ဆီထွက်သီးနှံများအား ပိုမိုတိုးချဲ့စိုက်ပျိုး သင့်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။

DOCA(မန္တလေး)

အညာနေကြာစိုက်ပျိုးထွက်ရှိမှု

                                           မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးခရိုင် ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံ စေရေးအတွက် အရေးကြီးသီးနှံတစ်မျိုးဖြစ်သည့် နေကြာများစိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးနေကြာကို တစ်မြို့နယ်လုံးအနေဖြင့် (၁၀၃၁၄)ဧက လျာထားခဲ့၍ အမှန်စိုက်ပျိုးဧက (၁၀၃၁၆)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဒီဇင်ဘာလဒုတိယပတ်တွင်(၂၅၁၇ )ဧက ရိတ်သိမ်းခဲ့ပြီး အထွက်နှုန်းအနေဖြင့်( ၂၁.၃၅) တင်းနှုန်း၊ အထွက်တင်း ( ၅၃၇၃၈ )တင်း ထွက်ရှိခဲ့သည်။ မိုးနေကြာကို ဇွန်လတွင် စတင်စိုက်ပျိုး၍ အောက်တိုဘာ၊ နိုဝင်ဘာလများတွင် စတင်ရိတ်သိမ်းကြသည်။ ကျောက်ပန်းတောင်း မြို့နယ်တွင် နေကြာကို ပုပ္ပားမြောက်ဘက်ခြမ်းရှိကျေးရွာများ ၊ မြောက်တောကျေးရွာ ၊ ကြက်ပစ်ကျေး ရွာ ၊ လက်ပံပျားကျေးရွာ ၊ တောင်ဦး‌ကျေးရွာ ၊ စင်မြင့်ကျေးရွာ ၊ ဗြိစင်အင်းကျေးရွာ စသည့်ကျေးရွာ များတွင် အဓိကစိုက်ပျိုးကြသည်။ မိုးနေကြာတစ်တင်းလျှင် ( ၆၆၅၀၀ )ကျပ်နှုန်းဖြင့် ကျေးရွာတွင်းရှိ ဆီစက်များသို့ စတင်အရောင်းအဝယ် ဖြစ်လျှက်ရှိသည်။အချို့ကို မိမိအိမ်စားသုံးရန် ဆီကြိတ် ခွဲကြကြောင်း ၊ နေကြာတစ်ဧကစိုက်ပျိုးလျှင် (၇၂၂၀၀၀ )ကျပ်ခန့်ကုန်ကျနိုင်သဖြင့် တောင်သူအနေဖြင့် နေကြာ(၁)ဧကလျှင် အကျိုးအမြတ် ( ၆၉၇၈၀၀ ) ကျပ်အကျိုးအမြတ်ရရှိနိုင်ကြောင်း၊ ကျောက်ပန်း တောင်းမြို့ အညာတောင်သူများသည် နေကြာသီးနှံကို ဆင်းရွှေကြာ-၂ နှင့် ရေဆင်း (၁ )မျိုး နေကြာမျိုး ကို အဓိကစိုက်ပျိုးကြကြောင်း နေကြာစိုက်တောင်သူတဦးထံမှ သိရှိရသည်။

DOCA(မန္တလေး)                                    

ကျောက်ပန်းတောင်းမြို့နယ်မိုးစပါးစိုက်ပျိုးထွက်ရှိမှုနှင့်ဆန်စပါးဈေးနှုန်း

                    မန္တလေးတိုင်းဒေသကြီး ၊ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးစပါးသီးနှံကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး၊ ဒီဇင်ဘာလလည်နှင့် ဇန်နဝါရီလတို့တွင်စတင် ရိတ်သိမ်းကြကြောင်း ၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးစပါးသီးနှံကို  (၁၆၈၅၀)ဧက လျာထားပြီး (၁၆၉၆၅) ဧကစိုက်ပျိုးပြီး (၃၆၂၄ )ဧကရိတ်သိမ်း၍ အထွက်နှုန်း(၅၈.၈၀ )တင်း အထွက်စုစုပေါင်း (၂၁၃၀၇၄ ) တင်းထွက်ရှိကြောင်းနှင့် ကြက်မောက်တောင်ဆည်ရေသောက် နွေစပါးကို (၁၄၀၆)ဧက လျာထား ကြောင်း စိုက်ပျိုး‌ရေးဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ မိုးစပါးကို လျာထားဧကထက် ( ၁၁၅ )ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ၊ ကျောက်ပန်းတောင်းမြို့တွင် မိုးစပါးစိုက်ဧကများကို  ကိုင်းကျေးရွာ ၊ မကျီးတိုင်းကျေးရွာ ၊ သရက်တောကျေးရွာ ၊ စီးကန်ကျေးရွာ ၊အိုးအိုင်ကျေးရွာ ၊ အိမ်အိုကျေးရွာ စသည့်ကျေးရွာများ၌ အများဆုံးစိုက်ပျိုးထားကြောင်း သိရှိရသည်။ စိုက်ပျိုးသည့် စပါးမျိုးများမှာ  မနောသုခနှင့် အောင်နိုင်တိုး စပါးမျိုးများကိုသာ  စိုက်ပျိုးထားကြောင်း ၊ ပျိုးထောင်ရက် (၂၁)ရက် အကြာတွင် စိုက်ပျိုးမည့်လယ်မြေအတွင်း ရွေ့ပြောင်းစိုက်ရပြီး စပါးတစ်သီးရင့်မှည့်ချိန်အထိ ငါးလ ကြာမြင့်ကြောင်း ယခု ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် မိုးစပါးများ စတင်ရိတ်သိမ်းပြီဖြစ်ကြောင်း ၊ မိုးလေဝသမှန်ကန်သည့် နှစ်များတွင် မိုးစပါးများကို စောစောစိုက်ပျိုးလေ့ရှိကြောင်း  သိရှိရသည်။ ယခင် ၂၀၂၄-၂၀၂၅ခုနှစ်တွင် တစ်ဧက အထွက်နှုန်းအနေဖြင့် ၆၆ တင်းခန့်ထွက်ရှိခဲ့၍ ၊ စပါးစတင် ထွက်ပေါ် ချိန်တွင် စပါးတစ်တင်းလျှင် ဒေသပေါက်ဈေး (၁၈၀၀၀-၂၀၀၀၀) ကျပ်ခန့်ပေါက်ဈေးရှိပြီးယခု ၂၀၂၅-၂၀၂၆ ခုနှစ် စပါးစပေါ်ချိန်တွင် စပါးအသစ်တစ်တင်းလျှင် (၁၂၅၀၀)ကျပ်ခန့်ရှိပြီး စပါးအဟောင်း တစ်တင်းလျှင် (၁၅၀၀၀ ) ကျပ်ခန့်ရှိကြောင်း ၊ စပါးတစ်ဧကစိုက်ပျိုးလျှင်ကုန်ကျစရိတ် (၅၉၇၀၀၀)ကျပ်ခန့် ကုန်ကျသဖြင့် စပါးတစ်ဧကစိုက်တောင်သူအနေဖြင့် (၁၃၈၀၀၀)ကျပ်ခန့်အကျိုး အမြတ်ရရှိနိုင်ကြောင်း ၊ ဒေသထွက်စပါးများကို အခြားသို့တင်ပို့ အရောင်းအဝယ်ပြုလုပ်ခြင်းမရှိဘဲ၊ ထွက်ရှိ သောစပါးများကို ကျေးရွာအတွင်းရှိစက်များ၌ ကြိတ်ခွဲပြီး ရရှိလာသောဆန်များကို မိမိတို့၏မိသားစု ဝမ်းစာနှင့် တိရိစ္ဆာန်အစာအဖြစ် အသုံးပြုကြကြောင်း၊ ဒေသတွင်း‌ပေါက်ဈေးအနေဖြင့် မနောသုခ ဆန်တစ်တင်းခွဲ တစ်အိတ်လျှင် (၇၅၀၀၀-၈၀၀၀၀) ကျပ်ခန့်ရှိကြောင်းသိရှိရသည်။ 

 DOCA(မန္တလေး)                                                                                                       

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း