Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့သစ်သီးဈေးကွက်၌ အရောင်းအဝယ်ဖြစ်နေသည့် စပျစ်သီး

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် စပျစ်သီး၊ တယ်သီး၊ ပန်းသီး၊ လိမ္မော်သီးနှင့် ပန်းသီးများကို မြစ်ကြီးနားနှင့် မန္တလေးမြို့တို့ရှိ သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူမြို့သစ်သီးဈေးကွက်၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း စပျစ်သီး အစေ့ပါ(၁)ပိဿာလျှင်(၃၁၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၁၅၅၀၀)ကျပ်၊ စပျစ်သီးအစေ့လွတ် (၁)ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိ ရာ ယခုနိုဝင်ဘာလ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တတိယပတ်အတွင်း စပျစ်သီးအစေ့ ပါ(၁)ပိဿာလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း သစ်သီးရောင်းချသူများထံမှ သိရ သည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးရှိ အမဲသား၊ ဝက်သားနှင့် ဆိတ်သားဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်း မျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက် အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက် အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ဝက်သားများကို ကန့်ဘလူမြို့ရှိ လက်လီ/ လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း  ကန့်ဘလူမြို့မဈေးတွင် ဝက်သားရှယ်()ပိဿာ(၃၂၀၀၀)ကျပ်၊ ဝက်ပေါင် သား()ပိဿာလျှင် (၂၉၀၀၀)ကျပ်၊ နံကိုင်းသား()ပိဿာလျှင် (၂၇၀၀၀)ကျပ်၊  အမဲသားသန့် ()ပိဿာလျှင်(၃၀၀၀၀)ကျပ်နှင့် ဆိတ်သား()ပိဿာလျှင် (၃၇၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိရာ  ယခုနိုဝင်ဘာလ ဒုတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဝက်သား ()ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း  အသားရောင်းချသူများထံမှ သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ လိမ္မော်သီးနှင့် ချယ်ရီပန်းသီး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ်သီး၊ နာနတ်သီး၊ ပန်းသီး၊ သခွားမွှေးသီး၊ ဖရဲသီး၊ ငှက်ပျောသီးနှင့် လိမ္မော်သီးများ ရောင်းချလျက်ရှိရာ ချယ်ရီပန်းသီးနှင့် လိမ္မော်သီးများကို မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း လိမ္မော် သီး(၂၅)ကျပ်သားလျှင်(၄၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၉၀၀၀)ကျပ်၊ (၁)ပိဿာလျှင်(၁၈၀၀၀) ကျပ်၊ ပျားလိမ္မော်သီး(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ ချယ်ရီပန်းသီး (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလတတိယပတ်အတွင်း လိမ္မော်သီး(၁)ပိဿာလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရသည်။

DOCA(စစ်ကိုင်း)

 

သာစည်မြို့ ၊ ကျောက်ဖရုံသီး ဈေးကွက်

              သာစည်မြို့နယ်တွင် စပါး၊ပဲစဉ်းငုံ၊ဆီထွက်သီးနှံများအပြင် ကုန်စိမ်းသီးနှံဖြစ်သော ကျောက် ဖရုံသီးသီးနှံကိုလည်း စိုက်ပျိုးကြပါသည်။ သာစည်မြို့နယ်အနေဖြင့်  အိုမီကာ(ထိုင်ဝမ်)မျိုးနှင့် ဗမာမျိုး (၂)မျိုးကိုသာ စိုက်ပျိုးကြပါသည်။(၁)ဧကလျှင် မျိုးစေ့ (၅)ထုပ်စိုက်ပျိုးပြီး၊ မျိုးစေ့(၁)ထုပ် ဈေးနှုန်း အိုမီကာ ထိုင်ဝမ်မျိုး(၁၈၀၀၀)ကျပ်၊ဗမာမျိုး(၁)ထုပ်လျှင် (၁၁၀၀၀ - ၁၂၀၀၀)ကျပ် ရှိ ကြောင်းသိရပါသည်။ ကျောက်ဖရုံသီးကို သာစည်မြို့နယ်တွင် လှိုင်းတက်၊မြိုင်သာ၊ကံကြီးအောက်၊ မင်းကုန်း၊ကွမ်းခြံရိုး၊ဆည်ကြီး၊ကြက်မောက် ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် (၆၀၀၀၀၀)ကျပ်ဝန်းကျင်ခန့်ကုန်ကျ ကြောင်း သိရပါသည့်။ကျောက်ဖရုံသီးကို စိုက်ခင်းထဲအထိ ပွဲစားများမှ လာရောက်ဝယ်ယူကြပြီး ၊ ပွဲစားများမှကျောက်ဖရုံယိုလုပ်ငန်းများသို့လည်းကောင်း၊မိတ္ထီလာ၊မန္တလေးမြို့များသို့ ပြန်လည်ရောင်း ချကြကြောင်း သိရှိရပါသည်။ကျောက်ဖရုံသီးကို ပိဿာချိန်ဖြင့်ဝယ်ယူကြပြီး လက်ရှိပေါက်ဈေး (၁)ပိဿာလျှင် (၄၀၀-၅၀၀)ကျပ်ခန့်ရရှိပြီး ကျောက်ဖရုံသီး(၁)လုံးလျှင် အလေးချိန် (၅-၁၀)ပိဿာ ဝန်းကျင်ရှိကြောင်း ၊ သီးနှုန််းမှာ (၁)ဧက အလုံး (၃၀၀)မှ (၄၀၀)ခန့်အထိ သီးသည့်အတွက် တစ်ဧက အကျိုးအမြတ် (၅၀၀၀၀၀)ကျပ် အထိရရှိကြောင်းသိရှိရပါသည်။

DOCA(မန္တ‌လေး)

 

မြို့မဈေး၌ နေ့စဉ်အရောင်းအဝယ်ဖြစ်သည့် CPကြက်သားနှင့် ဗမာကြက်သား

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   ကန့်ဘလူခရိုင်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း၊ ကန့်ဘလူ“မြို့မဈေး”တွင် ရောင်းချလျက်ရှိသည့် CPကြက်သား များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့မဈေးတွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း  CPကြက်ကောင်လုံး ဈေး(၁)ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ကြက်ရင်ပုံသားသန့် (၅၀)ကျပ်သားလျှင် (၁၄၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၇၀၀၀)ကျပ်၊  ဒေသကြက်(၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ ကြက်ခြေထောက် နှင့်ကြက်တောင်ပံ (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ယခုနိုဝင်ဘာလဒုတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်ရင်ပုံသား(၁)ပိဿာလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း  ကြက်သားရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့ပန်းဈေးကွက်ရှိ သပြေပန်း၊ ရက်(၁၀၀)သပြေ၊ အာဆီယံသပြေပန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်သာမက အခြားသောဒေသ များတွင်လည်း ပန်းစိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးလျက် ရှိကြကြောင်း သိရသည်။ သပြေပန်းကို ယခင်က တောတောင်များ၌သာ တွေ့ရလေ့ရှိပြီး ယခုအခါ မိမိတို့ခြံဝင်းများ၊ ယာခင်းများ၌ခြံဖွဲ့၍ တောသပြေ၊ အာဆီယံသပြေ၊ ရက်(၁၀၀)သပြေနှင့် ရွှေသပြေများစိုက်ပျိုးလျက်ရှိပြီး မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့ ပန်းဈေးကွက်တွင် သပြေပန်း ငုတ်၊ သပြေပန်းခက်အစည်း၊ အာဆီယံသပြေနှင့် ရက်(၁၀၀)သပြေစသည်ဖြင့် ရောင်းချလျက်ရှိရာ တောသပြေပန်းခက် (၁)စီးလျှင်(၁၃၀၀)ကျပ်၊ တောသပြေငုတ်အကြီး (၁)ငုတ်လျှင်(၅၀၀၀)ကျပ်၊ အသေး(၁)ငုတ်လျှင်(၂၀၀၀မှ ၃၀၀၀)ကျပ်၊ ရက်(၁၀၀)သပြေငုတ် (၁)ငုတ်လျှင်(၃၀၀၀)ကျပ်နှင့် အာဆီယံသပြေ(၁)စည်းလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခု နိုဝင်ဘာလ ဒုတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း အာဆီယံသပြေ(၁)စီး လျှင်(၃၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း ပန်းရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ပန်းဈေးကွက်ရှိ ဂန္ဓမာပန်းနှင့် ပန်းတိမ်ငိုပန်းဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပန်းဈေးကွက်၌ နှင်းဆီပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ သပြေပန်း၊ အာစီယံသပြေ၊ စံပါယ်ပန်း၊ ဇွန်ပန်း၊ ပန်းထိမ်ငိုပန်းစသည့် ပန်းမျိုးစုံရောင်းချ လျက်ရှိကြောင်း၊ ဒေသခံပြည်သူများကလည်း ဘုရားပန်းကပ်လှူရန်၊ ပန်းအလှဆင်ရန်နှင့် အမျိုး သမီးများအလှပန်ဆင်ရန် နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့ပန်းဈေးကွက်၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ပြင်ဦးလွင်ဒေသ ထွက်ဂန္ဓမာပန်း(၁)စီးလျှင်(၃၅၀၀)ကျပ်၊ ဒေသထွက် ဂန္ဓမာပန်း(၁)စီးလျှင်(၂၀၀၀)ကျပ်၊ ပန်းထိမ်ငို ပန်းအသေး(၁)စီးလျှင် (၁၀၀၀)ကျပ်၊ ပန်းထိမ်ငိုပန်းကြီး(၁)စီးလျှင် (၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်အ ရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုနိုဝင်ဘာလ ဒုတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တတိယ ပတ်အတွင်း ဂန္ဓမာပန်း(၁)စီးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း ပန်းရောင်းချသူများ ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးတွင် ရောင်းချလျက်ရှိသော စားတော်ပဲပြုတ်နှင့် ပဲနီရေပွ

     စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရပ်ကွက်များမှ ပြည်သူများသည် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်နှင့် အပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ အပြင် စွန်တာနီ(ခေါ်)ပဲနီနှင့် စားတော်ပဲတို့ကိုပြုတ်၍ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိ ကြောင်း သိရှိရသည်။

    စားတော်ပဲပြုတ်ကို ထမင်းဆီဆမ်းနှင့်တွဲဖက်စားသုံးကြသလို၊ ပလာတာ၊ အီကြာကွေးတို့ဖြင့်   လည်းတွဲဖက်စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း စွန်တာနီပဲ(ခေါ်) ပဲနီရေပွ(၁)ပြည်လျှင် (၅၅၀၀)ကျပ်၊ နို့ဆီဗူး(၁)ဘူးလျှင် (၇၀၀)ကျပ်နှင့် စားတော်ပဲပြုတ်(၁)ပန်း ကန်လျှင်(၃၀၀)ကျပ်၊ (၂)ပန်းကန်လျှင် (၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုနိုဝင်ဘာလ ဒုတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တတိယပတ်အတွင်း စားတော်ပဲပြုတ်(၁) ပန်းကန်လျှင် (၁၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း   ပဲနီရေပွနှင့်စားတော်ပဲပြုတ် ရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးရှိ ငါးရံ့၊ ငါးဘတ်နှင့် တီလားဗီးယားငါးဈေးနှုန်း/ဈေးကွက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် တီလားဗီးယားငါး အကြီး(၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ အသေး(၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ငါးဘတ်(၁)ပိဿာလျှင် (၂၇၀၀၀)ကျပ်၊  ငါးရံ့(၁)ပိဿာ (၂၅၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုနိုဝင်ဘာလ ဒုတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တတိယ ပတ်အတွင်း တီလားဗီးယားငါး(၁)ပိဿာလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း ဈေးကွက် အနေဖြင့် စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အကင်ဆိုင်များမှ ဝယ်ယူလျက်ရှိကြောင်း ငါးရောင်းဝယ်ရေးဒိုင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

မြို့မဈေးတွင်အရောင်းအဝယ်ဖြစ်နေသည့် ငရုတ်သီးခြောက်နှင့် ငရုတ်သီးမှုန့်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ငရုတ်သီးစိမ်း၊ ငရုတ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူစသည့် မီးဖိုချောင်သုံးပစ္စည်းတို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ်အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ရောင်းချနေသော ငရုတ်သီးခြောက်အညှာလွတ် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ငရုတ်သီးခြောက်အညှာပါ တစ်ပိဿာ လျှင်(၁၅၀၀၀)ကျပ်၊ အိန္ဒိယခြောက်(အပု)တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀၀)ကျပ်၊ ငရုတ်သီးမှုန့်(၁၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ယခုနိုဝင်ဘာလ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တတိယပတ်အတွင်း ငရုတ်သီးခြောက်(၁)ပိဿာလျှင် (၂၀၀၀)ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း  ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း