Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန်ဇွန်းရွက် နှင့် ဂွေးတောက်ရွက် ဈေးနှုန်း

              ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီး နှင့်  ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ကန်ဇွန်းရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိ ပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။  

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေသော ကန်ဇွန်းရွက် ဈေးနှုန်းများမှာ ကန်ဇွန်းရွက် လက္ကားဈေး တစ်စီးလျှင်(၁၀၀)ကျပ်၊ ကန်ဇွန်းရွက် လက်လီ ဈေး တစ်စီးလျှင်(၁၅၀)ကျပ်ဖြင့်လည်းကောင်း၊ ဂွေးတောက်ရွက်ဈေးနှုန်းမှာ လက္ကား()ပိဿာလျှင် (၂၅၀၀)ကျပ်၊ လက်လီ()ပိဿာလျှင်(၂၇၀၀)ကျပ်ဈေးနှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

“မုန်ညှင်းဆလပ်စျေးနှုန်းစျေးကွက်”

           ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေးနှင့်မြို့မစျေးများသို့ မုန်ညှင်းဆလပ်များ ဝင်ရောက်လျက်ရှိရာ စျေးကွက်အနေဖြင့် အောင်ပန်း၊ ကလော၊ရွာငံနှင့်ရေဦးမြို့များမှ စျေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပြီး ယခင်လ(၁)ပိဿာကို(၂၃၀၀-၂၅၀၀)ကျပ်အထိရောင်းချရပြီး သြဂုတ်လမှ စတင်၍စျေးနှုန်းများမြင့်တက်လျက်ရှိကြောင်း၊ လက်ရှိ မုန်ညှင်းဆလပ်(၁)ပိဿာလျှင် ဖောက်သည် စျေး(၃၀၀၀/-)ကျပ်အထိအရောင်းချရကြောင်း၊ လက်လီစျေးအနေဖြင့် (၁)ပိဿာလျှင်(၄၀၀၀/-)ကျပ် စျေးနှုန်းဖြင့်ရောင်းချရသောကြောင့်ယခင်လနှင်းနှိုင်းယှဉ်လျှင် မုန်ညှင်းဆလပ်(၁)ပိဿာကို (၁၀၀၀-၁၅၀၀)ကျပ် စျေးနှုန်းမြင့်တက်ရောင်းချရသောကြောင့် မုန်ညှင်းဆလပ်စိုက်ပျိုးသော တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်းလျက်ရှိကြောင်း၊ မုန်ညှင်းဆလပ်ကို အစိမ်းကြော်၊ ကင်ချီပြုလုပ်၍စားသောက်ကြကြောင်း၊ မုန်ညှင်းဆလပ်ကိုစားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိစေပြီး ဝယ်လိုအားရှိသောမုန်ညှင်းဆလပ်ကို တောင်သူကြီးများတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

မိတ္ထီလာဆန်ဈေးကွက်

    မိတ္ထီလာ ဆန်ဈေးကွက်တွင် ဩဂုတ်လ ဒုတိယပတ်၌ ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းများမှာ (၂၄) ပြည် တစ်အိတ်လျှင် ရွှေဘိုပေါ်ဆန်း (အလတ်စ) မှာ (၁၃၀၀၀၀) ကျပ်၊ မြောင်းမြပေါ်ဆန်းမှာ (၁၃၀၀၀၀) ကျပ်၊ မြောင်းမြပဒေသာမှာ (၁၁၀၀၀၀) ကျပ်၊ ကျောက်ဆည်ပဒေသာမှာ (၁၂၀၀၀၀) ကျပ်  ကုန်းစောင်းပဒေသာမှာ (၁၄၀၀၀၀) ကျပ်၊ ဖန်သီးသုခမှာ (၈၅၀၀၀) ကျပ်၊ အရပ်သုခမှာ (၈၅၀၀၀) ကျပ်၊ အောက်ပြည်သုခမှာ (၇၅၀၀၀) ကျပ်၊ ငစိမ်မှာ (၆၂၀၀၀) ကျပ်၊ ရက် (၉၀) အဟောင်းမှာ (၆၅၀၀၀) ကျပ်၊ ရက် (၉၀) အသစ်မှာ (၆၀၀၀၀) ကျပ်ဈေးရှိပြီး၊ ယခင်လနှင့် နှိုင်းယှည်ပါက ဈေးငြိမ် နေကြောင်း၊ ယခုရက်များတွင် ဈေးကွက်၌ ရက် (၉၀) ဆန်သစ်များ အရောင်းအဝယ်ဖြစ်လာကြောင်း သိရသည်။

    မိတ္ထီလာမြို့ရှိ ဆန်ဆိုင်၊ ဆန်ပွဲရုံများအနေဖြင့် ဒေသထွက်ဆန် အနည်းငယ်နှင့် ကျောက်ဆည်၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီတိုင်းတို့မှ မှာယူ၍ ပြန်လည်ရောင်းချကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA(မန္တလေး)

မလှိုင်မြို့နယ်တွင် ပြောင်းဖူးစိုက်ပျိုးခြင်းမှာလည်း အကျိုးကျေးဇူးများစွာရရှိ

          မလှိုင်မြို့နယ်ရှိ နှမ်းစိုက်တောင်သူအချို့မှာ ပြောင်းဖူးကို နှမ်းနှင့်ရော၍ စိုက်ပျိုးရာ အကျိုးအ မြတ်ရရှိခဲ့ကြောင်းသိရသည်။ နှမ်းခင်းအတွင်း ပြောင်းဖူးစေ့ကို နှစ်ပြည်ခန့် ရော၍ စိုက်ပျိုးကြပြီး၊ စိုက်  ပျိုးစရိတ်အနေဖြင့် သီးခြားကုန်ကျမှုမရှိဘဲ မျိုးစေ့ဘိုးအနေနှင့် တစ်ပြည် (၁၀၀၀၀) ကျပ်နှုန်းဖြင့်သာ ကုန်ကျခဲ့ကြောင်း၊ ထွက်ရှိလာသော ပြောင်းဖူးပင်ကို နွားစာအဖြစ် အသုံးပြုနိုင်ပြီး၊ ပြောင်းဖူးကို မိသားစုအတွက် သွားရည်စာအဖြစ်လည်းကောင်း၊ ဟင်းချက်၍လည်းကောင်း စားသုံးနိုသ်သည့်အပြင် ပြောင်းဖူးကို မလှိုင်မြို့ပေါ်သို့ သွားရောက်ရောင်းချရာမှာတော့ ကျပ်တစ်သိန်းကျော်ရရှိကြောင်း ပြောင်းဖူးစိုက်တောင်သူများထံမှ သိရှိရပါသည်။ မိုးတွင်းမှာ နှမ်းနှင့်ရော၍ စိုက်ပျိုးရာမှ ရရှိခဲ့သော ပြောင်းဖူးစေ့ကို မျိုးစေ့အနည်းငယ်ချန်ကာ လာမည့်ဆောင်းသီးနှံ ထောပတ်ပဲနှင့်ရော၍ စိုက်ပျိုးသွား မည်ဖြစ်ကြောင်း၊ ထောပတ်ပဲပင်အနွယ်တက်ရန်ကိုလည်း အထောက်အကူဖြစ်သဖြင့် အကျိုးကျေးဇူး များစွာ ရရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ကုန်စိမ်းဈေးနှုန်း/ဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်တွင် ဆိပ်ငယ်ဈေးကြီးနှင့် စမ်းချောင်း ကုန်စိမ်းဈေးများတွင် ခရမ်းသီး၊ ဂေါ်ဖီထုတ်၊ ကန်စွန်းရွက်၊ ခဲဝဲသီး၊ မုန်လာထုပ်၊ ပြောင်းဖူး၊ ထိုင်ဝမ်မုန်ညင်း၊ ရွှေဖရုံသီး၊ ဆလပ်ရွက်၊ ဘိုစားပဲ၊ ပဲရှည်သီး၊ ပဲပင် ပေါက်အစရှိသည့် ကုန်စိမ်း များကို ရောင်းချကြကြောင်း သိရှိရပါသည်။

    ၂၀၂၅ခုနှစ်၊ သြဂုတ်လတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ကုန်စိမ်း ဈေးများမှာ ကန်စွန်းရွက်တစ်စည်းလျှင်(၈၀၀)ကျပ်၊ ခဝဲသီးတစ်လုံးလျှင်(၁၅၀၀)ကျပ်၊ ထိုင် ဝမ်မုန်ညင်းတစ်စည်းလျှင်(၈၀၀)ကျပ်၊ ရွှေဖရုံသီးတစ်လုံးလျှင်(၇၀၀၀)ကျပ်၊ ဆလပ်ရွက် တစ် စည်းလျှင် (၁၅၀၀)ကျပ်၊ ကြက်သွန်မိတ်တစ်စည်းလျှင်(၆၀၀)ကျပ်၊ ချဥ်ပေါင်ရွက်တစ်စည်း လျှင်(၅၀၀)ကျပ် ပူစီနံတစ်စည်းလျှင်(၅၀၀)ကျပ်၊ ပဲတောင့်ရှည်တစ်စည်းလျှင်(၉၀၀)ကျပ်၊ ဘူးသီးတစ်လုံးလျှင် (၅၀၀၀)ကျပ်၊ ဒညင်းသီး(၁၀)လုံးလျှင် (၁၄၀၀)ကျပ်၊ ရုံးပတီသီး တစ်တောင့်လျှင် (၃၀၀)ကျပ် ရှိကြောင်း ကုန်စိမ်း‌ရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ပေါ်ရှိ ကန်စွန်းရွက်ဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် တောင်ယာလုပ်ငန်းကို အများဆုံးလုပ်ကိုင် ကြပါသည့်အပြင် ရာသီပေါ်သီးနှံနှင့် စားဖိုဆောင်သီးနှံများကို အများအပြားစိုက်ပျိုးကြပါ သည်။ စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ကန်စွန်း၊ ခရမ်းသီး၊ ဘူးသီး၊ ပဲသီး အစရှိသည့် သီးနှံမျိုးစုံကို စိုက်ပျိုးကြပါသည်။ ကန်စွန်းရွက်ပင်ကို အိမ်တိုင်းလိုလိုစိုက်ပျိုးကြပါသည်။ ကန်စွန်းပင်သည် အပူပိုင်းဒေသတွင် ပေါက်ရောက်သော အပင်တစ်မျိုးလည်းဖြစ်ပါသည်။ ကန်စွန်းပင်သည် ရေထဲ (သို့မဟုတ်) စိုစွတ်သောမြေကြီးပေါ်တွင် ပေါက်လေ့ရှိပြီး ကန်စွန်းရိုး အဆစ်များမှ တစ်ဆင့်အမြစ် များထွက်ပြီး ကြီးထွားလေ့ရှိပါသည်။

    ယခု၂၀၂၅ခုနှစ်၊ သြဂုတ်လတတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ကန်စွန်းရွက်ဈေးနှုန်းမှာ ကန်စွန်းရွက်အချောတစ်စည်းလျှင်(၈၀၀)ကျပ်နှင့်ကန်စွန်းရွက်အကြမ်းတစ်စည်းလျှင် (၅၀၀) ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းသေကြီး၊ မြိတ်မြို့ပေါ်ရှိ မုန်ညင်းဈေးနှုန်း

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်တွင် ဆိပ်ငယ်ဈေးကြီးနှင့် စမ်းချောင်း ကုန်စိမ်းဈေးများတွင် ခရမ်းသီး၊ ဂေါ်ဖီထုပ်၊ ကန်စွန်းရွက်၊ ခဲဝဲသီး၊ မုန်လာထုပ်၊ ပြောင်းဖူး၊ ထိုင်ဝမ်မုန်ညင်း၊ ရွှေဖရုံသီး၊ ဆလပ်ရွက်၊ ရုံးပတီသီး၊ ဘိုစားပဲ၊ ပဲရှည်သီး၊ ပဲပင်ပေါက်အစရှိသည့် ကုန်စိမ်း များကို ရောင်းချကြကြောင်း သိရှိရပါသည်။

      ယခု၂၀၂၅ခုနှစ်၊ သြဂုတ်လတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ထိုင်ဝမ်မုန်ညင်းဈေးနှုန်းမှာ တစ်စည်းလျှင် (၈၀၀)ကျပ်ဖြင့်ရောင်းချနေကြောင်း ကုန်စိမ်း ရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

         

 

 

တနင်္သာရီတိုင်းသေကြီး၊ မြိတ်မြို့ပေါ်ရှိ ဆလပ်ရွက်ဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်တွင် ဆိပ်ငယ်ဈေးကြီးနှင့် စမ်းချောင်း ကုန်စိမ်းဈေးများတွင် ခရမ်းသီး၊ ဂေါ်ဖီထုပ်၊ ကန်စွန်းရွက်၊ ခဲဝဲသီး၊ မုန်လာထုပ်၊ ပြောင်းဖူး၊ ထိုင်ဝမ်မုန်ညင်း၊ ရွှေဖရုံသီး၊ ဆလပ်ရွက်၊ ဘိုစားပဲ၊ ပဲရှည်သီး၊ ပဲပင်ပေါက်၊ ရုံးပတီသီး အစရှိသည့် ကုန်စိမ်းများကို ရောင်းချကြကြောင်း သိရှိရပါသည်။

          ယခု၂၀၂၅ခုနှစ်၊ သြဂုတ်လတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ဆလပ် ရွက်ဈေးနှုန်းမှာ တစ်စည်းလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း ကုန်စိမ်းရောင်းချနေသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ခရမ်းကြွပ်သီးဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ရာသီစာသီးနှံများနှင့် စာဖိုဆောင် သီးနှံများကို အဓိကထားစိုက်ပျိုးကြပါသည်။ ယခုအခါ မြိတ်မြို့ပေါ်ရှိ ကျေးရွာများနှင့် ကျေးရွာများတွင် ခရမ်းကြွပ်သီးများကို စိုက်ပျိုးကြပြီး ခရမ်းကြွပ်သီးများကို ဆိပ်ငယ်ဈေးကြီးနှင့် စမ်းချောင်းကုန်စိမ်းဈေးများတွင် ရောင်းချကြကြောင်း သိရှိရပါသည်။ ခရမ်းကြွပ်သီးများကို ငပိရည် နှင့် တွဲဖက်၍ အတို့အမြုပ်အဖြစ်စားသုံးကြကြောင်း ထမင်းဆိုင်များမှ နေ့စဥ်ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသူများထံမှ သိရှိရပါသည်။

          ယခု၂၀၂၅ခုနှစ်၊ သြဂုတ်လတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ခရမ်း ကြွပ်သီးဈေးနှုန်းမှာ တစ်လုံလျှင် (၁၀၀)ကျပ်ခန့်ရှိပြီး၊ ၁၁လုံးခန့်ပါ တစ်ထုတ်လျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရျိကြောင်းသိရှိရပါသည်။

           DOCA(တနင်္သာရီ)

 

 

 

 

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ဒညင်းသီးဈေးနှုန်း

       ဒညင်းသီးပင်ကို တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မော်လမြိုင်၊ ပဲခူးတိုင်းဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး စသည့်ဒေသများတွင်လည်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ဒညင်းသီးကို စားသုံးသူတော်တော်များများစားသုံးကြပြီး ကြိုက်နှစ်သက်သည့် အစားအစာဖြစ်သည့် အတွက်ကြောင့် ဒညင်းသီးများကို အုန်းနို့ဆမ်း၊ ဒညင်းသီးဝက်သားချက်၊ ဒညင်းသီးပြုတ်စသည့် ဟင်းအမျိုးမျိုးများ ပြုလုပ်စားသုံးကြပါသည်။ ဒညင်းသီးသည် တန်ဆေးလွန်ဘေး ဆိုသည့် အတိုင်း မဖြစ်အောင်စားသုံးရန်လိုအပ်ကြောင်း လေ့လာသိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ သြဂုတ်လတတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ဒညင်းသီးမှာ ၁၀လုံးလျှင် (၁၄၀၀)ကျပ်ရှိပြီး ဒညင်းသီးပြုတ်မှာ ၈လုံးလျှင်(၁၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း