Main menu

ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော စကားဖြူပန်းနှင့်စကားဝါပန်း ဈေးနှုန်း

Powered by Drupal

    ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် စကားဖြူပန်း၊ စကားဝါပန်းများကို ရောင်းချလျက်ရှိရာ စက်တင်ဘာလ တတိယပတ်တွင်ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော စကားဖြူပန်း ဈေးနှုန်းဖြင့် စကားဖြူပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၄၀၀)ကျပ်၊ စကားဖြူပန်း(၅)ကုံးလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း စကားဝါပန်း ဈေးနှုန်းဖြင့် စကားဝါပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၃၀၀)ကျပ်၊ စကားဝါပန်း (၂)ကုံးလျှင်လျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း စကားဝါပန်းသည် စိုက်ပျိုးရောင်းချသူပေါသည့်အတွက် ဈေးအနည်းငယ်ဖြင့်ရောင်းချပြီး စကားဖြူပန်းသည် စိုက်ပျိုးသူ နည်းပြီး ရှားပါးသည့်အတွက် စကားဝါပန်းထက် ဈေးပိုကြောင်း ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည်တစ်ဦးထံမှ သိရှိရပါသည်။ 

DOCA(စစ်ကိုင်း)