Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူခရိုင်ဦးစီးမှူးရုံးတွင် မြေအောက်ရေတင်စနစ်ဖြင့် စားဖိုဆောင်သီးနှံများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားလျက်ရှိ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီး မှူးရုံးအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်ချက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်ချက်၊ ခရိုင်ဦးစီးမှူး၏ညွှန်ကြားကြီးကြပ်မှုတို့ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများ အထောက်အကူဖြစ်စေရန်အတွက် ဆောင်းရာသီ စားဖို ဆောင်သီးနှံ များ တစ်ပိုင် တစ်နိုင်အနေဖြင့် စိုက်ပျိုးထားကြောင်း သိရှိပါသည်။

   ထိုသို့ စိုက်ပျိုးထားရှိရာတွင် စားဖိုဆောင်သီးနှံများကို ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး မိုးရာသီ သီးနှံများဖြစ်သည့် ကျောက်ဖရုံပင်၊ ကင်းမုံပင်၊ ကြက်ဟင်းခါးပင်၊ ချဉ်ပေါင်ပင်၊ ကျောက်စိမ်းပန်းပင် ဒန့်ဒလွန်ပင်၊ တောင်ကြီးဂန္ဓမာပန်းပင်၊ ငှက်ပျောပင်၊ ခဆော့သီးပင်၊ ခဝဲပင်၊ ဘိုစားပဲပင်၊ ရုံးပတီသီးပင် နှင့် ကန်ဇွန်းပင်များကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးထားရှိရာ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး သုံးစွဲခြင်းမရှိသည့်အတွက် ဘေးအန္တရာယ်ကင်းရှင်း၍ လတ်လတ် ဆတ်ဆတ် ခူးဆွတ်စားသုံးရပြီး  ဝန်ထမ်းမိသားစုဝင်များ အထောက်အကူရရှိကြောင်း သိရသည်။

ဆက်လက်ပြီး ကန့်ဘလူခရိုင်ဦးစီးမှူးရုံး ဝန်ထမ်းမိသားစုများအနေဖြင့် ရာသီအလိုက် စိုက်ပျိုး ရသော စားဖိုဆောင်သီးနှံမျာကိုလည်း တစ်ပိုင်တစ်နိုင်အနေဖြင့်  ဆက်လက်စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

    

ကျွန်းလှမြို့မှ သခွပ်ပွင့်ခြောက် နှင့် ကြောင်လျှာပွင့်ခြောက် ဈေးနှုန်း

   ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီပေါ်သီးနှံ များ၊ အခြားဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါ တွင် ရာသီစာ သခွပ်ပွင့်ခြောက် နှင့် ကြောင်လျှာပွင့်ခြောက်များကို မိမိတို့ဒေသထွက် နှင့်  ရွှေဘိုမြို့ နယ်တို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ ယခု ဩဂုတ်လ‌ ဒုတိယပတ်အတွင်း ‌ရောင်းချနေသော သခွပ်ပွင့်ခြောက် ဈေးနှုန်းများမှာ သခွပ်ပွင့်ခြောက် တစ်ပိဿာလျှင်(၂၀၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်နှင့် ကြောင်လျှာပွင့် ခြောက် တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်နှင့် ‌ (၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်ရောင်းချလျက်ရှိကြောင်း သိရ သည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ဝက်အူချောင်း ဈေးနှုန်း

   ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများရောင်းချသည့်အနက်မှ အသား/ငါး ဈေးနှုန်းများထဲမှ ဝက်အူချောင်းဈေးနှုန်းသည်လည်း မြင့်တက် လျက်ရှိပါသည်။

   ကျွန်းလှမြို့ ဩဂုတ်လ ဒုတိယပတ်၏ ရောင်းချနေသော ဝက်အူချောင်း တစ်ပိဿာလျှင် (၄၆၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၂၃၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင် (၄၆၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ထက် ဈေးအနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ‌ရောင်းချလျက်ရှိသော ဝက်သားဈေးနှုန်း

   ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများရောင်းချသည့်အနက်မှ အသား/ငါး ဈေးနှုန်းများထဲမှ ဝက်သားဈေးနှုန်းသည်လည်း မြင့်တက် လျက်ရှိပါသည်။

   ကျွန်းလှမြို့ ဩဂုတ်လ ဒုတိယပတ်၏ ရောင်းချနေသော သားဝက်ဈေးနှုန်းများမှာ ဝက်သားရှယ် (အသားသီးသန့်) လက်လီ တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ဝက်သား(ပေါင်သား) လက်လီ တစ်ပိဿာ လျှင်(၃၂၀၀၀) ကျပ်၊ ဝက်သားရိုးရိုး(နံကိုင်းသား) လက်လီတစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ ဝက်သားဝမ်းတွင်းကလီစာ လက်လီတစ်ပိဿာလျှင်(၂၄၀၀၀)ကျပ် နှင့် ဝက်သား(မေးဖျား၊ နားရွက်) တစ်ပိဿာ လျှင်(၂၅၀၀၀)ကျပ်၊ ဝက်သွေးခဲ(၁)ပိဿာလျှင်(၆၀၀၀)ကျပ်၊ ဝက်ရိုးအကြမ်း တစ်ပိဿာ(၁၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဝက်စလေပိုင်ရှင်ထံမှ  သိရ ပါသည်။

DOCA(စစ်ကိုင်း)

ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော လက်ပန်ပွင့်ခြောက် နှင့် သရက်သီးခြောက်ဈေးနှုန်း

   ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် မိမိဒေသထွက်ကုန်များအပြင်  အခြား ဒေသမှဝင်ရောက်လာသည့် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများ ကိုရောင်းချလျက်ရှိသည့်အနက်  အပွင့်ခြောက်/အသီးခြောက်မျိုးစုံဖြစ်သည့် ကြောင်လျှာပွင့်ခြောက်၊ လက်ပန်ပွင့်ခြောက်၊ သရက်သီး ခြောက်၊ ခရမ်းသီးခြောက်၊ ဘူးသီးခြောက်နှင့် ဇီးဖြူသီးခြောက် တို့ကို ရောင်းချလျက်ရှိရာမှ လက်ပန်ပွင့်ခြောက် ကိုလည်း ရောင်းချလျက်ရှိပါသည်။

   ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ရောင်းချ လျက်ရှိသော လက်ပန်ပွင့်ခြောက် ဈေးနှုန်းမှာ လက်ပန်ပွင့်ခြောက် တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် ‌ ()ကျပ်သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိပြီး၊ အလားတူပင် သရက်သီး ခြောက် ဈေးနှုန်းအနေဖြင့် သရက်သီးခြောက် တစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၂၃၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ‌ရွှေဖရုံသီး နှင့် ဘူးသီး ဈေးနှုန်း

   ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးသည့် ရွှေဖရုံသီးများကို  ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိပြီး ရာသီချိန်မဟုတ်သည့် ကာလများတွင် ရွှေဖရုံသီးများ ကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချရကြောင်း သိရှိရပါ သည်။

   ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယအပတ်တွင် ရောင်းချနေသော ရွှေဖရုံသီး ဈေးနှုန်းများမှာ ရွှေဖရုံသီး တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့် တစ်စိတ်လျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ ဘူးသီး ဈေးနှုန်းအနေဖြင့် ဘူးသီး အလုံး (အကြီး) တစ်လုံးလျှင် (၂၅၀၀)ကျပ်၊ ဘူးသီး(အသေး)တစ်လုံးလျှင်(၁၅၀၀)ကျပ် နှင့် ဘူးသီး တစ်စိတ်လျှင် (၅၀၀) ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)

ဓနုဖြူမြို့နယ်တွင် မိုးစပါး  (၉၈၉၉၃)ဧက စိုက်ပျိုးပြီးစီး

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးကို အဓိက ဆောင်ရွက်လျက်ရှိရာ  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့် များကိုစိုက်ပျိုးလျက်ရှိပြီး  မိုးစပါးလျာထားဧက (၉၈၉၉၃) ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။

      ဓနုဖြူမြို့နယ်အတွင်း ယခုနှစ် စပါးမျိုးများ ကို  ပျိုးထောင်စိုက်ပျိုးခြင်း ၂၄၂၅ ဧက၊ အစေ့ချ မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့်စိုက်ပျိုးခြင်း ၆၀၆၃၁ ဧက ကျဲခင်း ၁၃၀၈၈ ဧက ၊ လည်းကောင်း၊ ကောက်စိုက် ခြင်း ၁၄၅၀၂ ဧက လျာထားဧကပြည့်မီစွာ  စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းသိရသည်။

          ဓနုဖြူမြို့နယ်  မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိနိုင်ရေးအတွက် စိုက်ပျိုးနည်းစနစ်သင်တန်း များဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြသခြင်း၊ သွင်းအားစုများ ထောက်ပံ့ပေးခြင်းတို့အပြင် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ ရောစပ်ကြဲပက်ခြင်း များ၊ စပါး အထွက်နှုန်းတိုးတက်မြင့်မားစေရန် တောင်သူများအား နည်းပညာပေးခြင်း၊ လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး၊ အရည်အသွေး ကောင်းမွန်စေရေး၊ မိုးစပါးစိုက်ပျိုး ထုတ်လုပ်ရာတွင် စီးပွားရေးအရ တွက်ခြေကိုက်သည့် အထွက်နှုန်း မြင့်မားပြီး အရည်အသွေး ကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါးမျိုးများအား တောင်သူများ ပိုမိုကျယ်ပြန့်စွာ စိုက်ပျိုး သွားနိုင်ရန်ရည်ရွယ်၍ တိုင်းဒေသကြီးအဖွဲနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှတာ ဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ကျွန်းလှမြို့တွင် ရောင်းချနေသော ရွှေပန်း၊ ငွေပန်း နှင့် ဆောင်းစံပါယ်ပန်း ဈေးနှုန်း

   ကျွန်းလှမြို့ရှိ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ရွှေပန်း၊ ငွေပန်း၊ ဆောင်းစံပါယ် ပန်း၊ ဂန္ဓာမာပန်း၊ သစ္စာပန်း၊ နှင်းဆီ၊ ဇွန်ပန်း၊ ရှင်မွေးလွန်း၊ သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

   ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်တွင် ရောင်းချနေသော ရွှေပန်း၊ ငွေပန်း ဈေးနှုန်းများမှာ ရွှေပန်း/ငွေပန်း(၅)ပွင့်ပါ တစ်ကုံးလျှင်(၁၀၀)ကျပ်၊ငွေကျပ်(၅၀၀)ဖိုး(၆)ကုံး၊ ဆောင်စံပါယ်ပန်း တစ်ကုံး လျှင်(၂၀၀)ကျပ်၊ ဆောင်းစံပါယ်ကန်း(၃)ကုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းသည်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော မုံလာဥဖြူ ဈေးနှုန်း

   ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံဖြစ်သည့် မုံလာဥဖြူကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင်ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယအပတ်၌ ရောင်းချနေသော မုံလာဥဖြူ ဈေးနှုန်းမှာ မုံလာဥဖြူ()လုံးပါ တစ်တွဲလျှင်(၈၀၀)ကျပ်၊ ()တွဲလျှင်(၁၅၀၀)ကျပ် နှင့် မုံလာဥဖြူ()လုံးပါ (၁၀)တွဲလျှင်(၇၅၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော မန်ကျည်းသီးမှည့် ဈေးနှုန်း

    ကျွန်းလှမြို့ရှိ ပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ မိမိယာမြေများတွင် သစ်သီးဝလံ ပန်းမန်များအပြင် အရိပ်ရအပင်များဖြစ်သည့် မန်ကျဉ်းပင်များ စိုက်ပျိုးထားပြီး အသီးအမှည့်များကို ဈေးကွက်သို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ရောင်းချနေသော မန်ကျည်းသီးမှည့် ဈေးနှုန်းများမှာ မန်ကျည်းသီးမှည့်(အစေ့လွတ်) တစ်ပိဿာလျှင်(၈၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၁၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၁၀၀)ကျပ် နှင့် မန်ကျည်းသီးမှည့်(အစေ့ပါ) တစ်ပိဿာလျှင် (၆၀၀၀)ကျပ် နှင့် (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း