Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မအူပင်မြို့နယ် အရှေ့ဘက်ကမ်း ဥယျာဉ်ခြံမြေတွင် စိုက်ပျိုးထွက်ရှိသော သင်္ဘောသီး

   မအူပင်ခရိုင်၊ အရှေ့ဘက်ကမ်းကျေးရွာတွင် ဟင်းသီးဟင်းရွက် အများဆုံးစိုက်ပျိုးသော ကျေးရွာတစ်ခုဖြစ်သည်။ မြစ်နှင့် နီး၍ ဆောင်ရာသီတွင် နှုန်းမြေပေါ်၌ ဆောင်ရာသီ ဟင်းသီးဟင်းရွက် အများဆုံးစိုက်ပျိုးကြသည်။ စိုက်ပျိုးသီးနှံများမှာ ပန်းဂေါ်ဖီ၊ ဂေါ်ဖီပွင်ံံ၊ ပဲသီး၊ စံပယ်ပန်း၊ သင်္ဘောသီး၊ ငရုတ်၊ သခွား၊ ကြက်ဟင်းခါးသီး၊ ဗုံလုံသီး၊ ပြောင်း၊ ကြံ၊ မုန့်လာဥ၊ ချဉ်ပေါင်၊ ရုံပတီသီး၊ အစာရှိသော သီနှံများစွာကို စိုက်ပျိုးကြသည်။

   စိုက်ပျိုးသီးနှံထဲမှ သင်္ဘောသီး ထွက်ရှိနေ၍ စိုက်ပျိုးရောင်းချနေမှုကို လေ့လာရာ အရှေ့ဘက်ကမ်း ဥယျဉ်ခြံ မြေတွင် အပင် ၁၀၀ကို စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးမှု အနေဖြင့် အပင်ပေါက်ကို စိုက်ပျိုးပြီး တစ်ပင်လျှင် ၂၀၀၀ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ သင်္ဘောပင်စိုက်ပျိုးရာတွင် အပင်သက်တမ်း ခုနစ်လမှစ၍ အသီး စတင်ခူးဆွတ်လေ့ရှိကြောင်း၊ သင်္ဘောပင်၏ သက်တမ်းကို နှစ်နှစ်သားအထိ ထားလေ့ရှိကြောင်း စိုက်ပျိုးသူမှ ရှင်းပြသည်။  ယခုသင်္ဘောပင်ကို ၂၀၂၄ခုနှစ် ၅လပိုင်းမှ စတင်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ဒီဇင်ဘာလတွင် အသီးစတင်ထွက်ရှိပြီး ၄လခန့်အကြာ ရောင်းတန်းဝင်အသီးများကို ခူးယူရောင်းချကြောင်းသိရသည်။

  စိုက်ပျိုးမှု မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ကုန်ကျစရိတ်အနေဖြင့်  သိန်း ၄၀ ခန့်ကုန်ကျကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် ဧပြီလတွင် သင်္ဘောသီ ခေါင်သီးကောင်းများထွက်ရှိပြီး တစ်လုံးလျှင် လက်လီဈေး ၇၀၀၀ကျပ်ထိ ဈေးကောင်း ရရှိပြီး ယခုဩဂုတ်တွင် သင်္ဘောသီး အကျများသာကျန်ရှိ၍ တစ်လုံးလျှင် အမြင့်ဆုံးဈေးမှာ ၂၀၀၀-၃၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ စိုက်ပျိုးသူမှ ရှင်းလင်းပြောကြားသည်။

   သင်္ဘောတစ်ပင်မှ အသီး ၄၀ခန့် ထွက်ရှိပြီး ၂၀၂၅ခုနှစ် ဧပြီလမှ ဩဂုတ်လ ၅လအတွင်း ထွက်ရှိရောင်းချနေကြောင်း၊ ထွက်ရှိမှုအနေဖြင့် အသီး ၃၀၀၀ခန့်ရရှိသည်။ လက်ကားဈေးအနေဖြင့် ဈေးကွက်အတွင်း ၆၀၀၀-၂၅၀၀-၁၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးမှုမှ ငွေကျပ် ၆ ၀၀၀ ၀၀၀ကျပ် ကျန်ရှိကြောင်း၊ သင်္သောပင်သည် စီးပွားဖြစ်စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်သည်။ အပင် ၁၀၀စိုက်ပျိုး ခြင်းမှ ဒေသတွင်းနှင့် မြို့နယ် နီးစပ်သော ဒေသများသို့ တင်ပို့ရောင်းချကြောင်း၊ ရန်ကုန်သို့ အနည်းငယ်သာ တင်ပို့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်တွင် မိုးစပါး  (၅၇၈၀၁)ဧက စိုက်ပျိုးပြီးစီး

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးကို အဓိက ဆောင်ရွက်လျက်ရှိရာ  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့် များကိုစိုက်ပျိုးလျက်ရှိပြီး  မိုးစပါးလျာထားဧက (၅၇၈၀၁) ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။ စိုက်ပျိုးထွက်ရှိသော စပါးများကို ညောင်တုန်းမြို့နယ် ဆန်စက်ကြီးများမှ အဆင့်မြင့်စွာ ကြိတ်ခွဲပြီး ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်းများကို အများဆုံးလုပ်ကိုင်ဆောင်ရွက်နေသော မြို့တစ်မြို့ဖြစ်သည်။

    ညောင်တုန်းမြို့နယ်အတွင်း  စိုက်ပျိုးသော စပါးများမှာ GW-11 စပါး၊ မှော်ဘီ ၅ စပါး၊ ဆင်းသုခ စပါး၊ မှော်ဘီ-၃စပါး၊ ဧရာမင်း စပါးများကို စိုက်ပျိုးကြောင်း သိရသည်။ ယခုနှစ် စပါးမျိုးများ ကို  ပျိုးထောင်စိုက်ပျိုးခြင်း ၂၃၁၀ ဧက၊ အစေ့ချ မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့်စိုက်ပျိုးခြင်း ၂၁၇၄၂ ဧက ကျဲခင်း ၁၂၉၅၅ ဧက ၊  ကောက်စိုက် ခြင်း ၂၃၁၀၄ ဧက လျာထား ဧကပြည့်မီ စွာ  စိုက်ပျိုး ပြီးစီး ပြီဖြစ်ကြောင်းသိရသည်။

    ညောင်တုန်းမြို့နယ်  မိုးစပါး တစ်ဧကပန်းတိုင်ထွက်ရှိအောင် စိုက်ပျိုးရေးရှေ့တန်းစခန်းများအလိုက် ကွင်းဆင်းကူညီ ပံ့ပိုးပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ မီုးစေ့ထုတ်စိုက်ခင်းများကို အချိန်မီစိုက်ပျိုးပြီးစီးနိုင်ရေးတို့အား ကြိုးစားဆောင်ရွက်လျက်ရှိပြီး တောင်သူလယ်သမားများနှင့် ပူးပေါင်းကာ မိုးစပါးလျာထားဧကပြည့်မီအောင် စိုက်ပျိုးပြီးစီးကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဟင်္သာတကုန်စည်ဒိုင်မှ ပြည်ပပို့ကုန်မတ်ပဲနှင့် အစေ့ထုတ်ပြောင်းလစဉ်တင်ပို့ရောင်းချလျက်ရှိ

     ဧရာဝတီတိုင်းဒေသကြီးအတွင်း ဟင်္သာတခရိုင်နှင့်မြန်အောင်ခရိုင်တို့သည် လယ်ယာထုတ်ကုန်ကဏ္ဍတွင် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်၍ ပြည်တွင်းဈေးကွက်အတွင်း စားသုံးမှုရှိသည့်အပြင် ဈေးကွက်ဝယ်လိုအားရှိသော မတ်ပဲ၊ပဲတီစိမ်းနှင့်အစေ့ ထုတ်ပြောင်း တို့ကိုလည်း နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး ဟင်္သာတကုန်စည်ဒိုင်မှ တစ်ဆင့်လစဉ်ရန်ကုန်မြို့သို့ ရောင်းချလျက်ရှိရာ ရန်ကုန်မြို့မှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

     ဟင်္သာတကုန်စည်ဒိုင်မှ ဇူလိုင်လအတွင်း မတ်ပဲတန် ၂၃၂၅ နှင့် အစေ့ထုတ်ပြောင်းတန် ၂၂၀၀ တင့်ပိုရောင်းချခဲ့ပြီး ဩဂုတ်လ ဒုတိယပတ်အတွင်း မတ်ပဲတန် ၁၆၂၅ နှင့်အစေ့ထုတ်ပြောင်း တန် ၁၅၇၅ တင်ပို့နိုင်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိ ပြည်ပပို့ကုန်များတွင် ဆန်၊ဆန်ကွဲ၊ပေါင်းဆန်ပြီးလျှင် ပြည်ပပို့ကုန်အဖြစ် ပဲကိုအများဆုံး တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

(DOCA ဧရာဝတီ)              

ပုသိမ်ဆန်စပါးဈေးကွက် ဇူလိုင်လနှင့်ဩဂုတ်လဆန်းဈေးအနည်းငယ်မြင့်တက်

      ပုသိမ်မြို့ဆန်စပါးဈေးကွက်တွင် လူနည်းစုစားသုံးလျက်ရှိသော ပေါ်ဆန်းစပါး ၄၆ ပေါင် ၁တင်း ကျပ် ၂၄၅၃၃ ဈေး ပေါ်ဆန်းဆန် တစ်အိတ်ကျပ် ၁၁၅၀၀၀ ဈေး လူအများစားသုံးလျက်ရှိသော မိုးမနောသုခ စပါး ၄၆ ပေါင် ၁ တင်းကျပ် ၁၅၆၄၀ ဈေး ဆန်တစ်အိတ်ကျပ် ၇၀၀၀၀ ဈေးနှင့် ဈေးတန်းနိမ့်သော နွေသီးထပ်ရင် စပါး ၄၆ ပေါင် ၁ တင်းကျပ် ၁၂၈၈၀ ဆန်တစ်အိတ် ကျပ် ၅၇၀၀၀ ဈေးနှင့် ဇူလိုင်လအတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

   ဩဂုတ်လပထမပတ်တွင် ပေါ်ဆန်းစပါး ၁တင်း ကျပ်၂၄၅၃၃ ပေါ်ဆန်းဆန် တစ်အိတ် ၁၁၆၀၀၀ဈေး ၊မိုးမနောသုခစပါး ၁တင်း ကျပ် ၁၅၆၄၀ ဈေး၊ ဆန်တစ်အိတ်ကျပ် ၇၀၀၀၀ ၊နွေသီးထပ်ရင်စပါး ၁တင်းကျပ် ၁၂၈၈၀ ဈေး၊ ဆန်တစ်အိတ်ကျပ် ၆၁၀၀၀ ဈေးနှုန်းဖြင့် ဈေးကွက်တွင်ရောင်းချလျက်ရှိကြောင်း သိရသည်။

    ပုသိမ်မြို့ ဆန်စပါးဈေးကွက်တွင် ယခင်လနှင့် ယခုလကာလတူ နှိုင်းယှဉ်ပါက ပေါ်ဆန်းဆန်တစ်အိတ်ကျပ် ၁၀၀၀ နှင့် နွေသီးထပ်ရင် ဆန်တစ်အိတ်ကျပ် ၃၀၀၀ ဈေးနှုန်းမြင့် တက်လျက်ရှိကြောင်းဈေးကွက်မှသိရပါသည်။

(DOCA ဧရာဝတီ)

 

မြိတ်မြို့ရှိ ဒေသထွက် ပလောပီနံစျေးနှုန်း

   ဒေသထွက်ကုန်များထဲမှ ပလောပီနံများကို အိမ်တွင်းစိုက်ပျိုးသီးနှံအဖြစ်အများဆုံးထားရှိပြီး ဒေသတွင်းပြန်လည်ရောင်းချလျက်ရှိသည်။ မြိတ်ခရိုင်၊ ကျေးလက်ဒေသနှင့် ကျေးရွာများတွင် အများဆုံးထွက်ရှိကြသည်။ ကုန်ကျစရိတ်အနည်းငယ်ဖြင့် စိုက်ပျိုးနိုင်ပြီး နှစ်ရှည်ခံ ချုံပုတ်ပင်အမျိုး အစားဖြစ်သည့်အတွက် အပင်တိုးပွားလာနိုင်သည်။ ပုလောပီနံပင်ရှိ အရွက်၊ ဥများကို လူတို့စားသုံး နိုင်သလို တရိစ္ဆာတို့၏အစာအဖြစ်လည်း ထုတ်လုပ်နိုင်သည်။ အချိုမုန့်ထုတ်လုပ်ရာတွင်အမျာဆုံး သုံးစွဲကြကြောင်းသိရှိရပါသည်။ မြိတ်ခရိုင်တွင် ယခင်က ပလောပီနံဥ တစ်ပိဿာလျှင် ၁၅၀၀ကျပ် ရှိရာမှ ၂၀၂၅ခုနှစ်၊ သြဂုတ်လတွင် စျေးနှုန်းစုံစမ်းချက်အရ ၂၀၀၀ကျပ်ဖြစ်နေကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

ဆလပ်ရွက်စျေးနှုန်းစျေးကွက်အခြေအနေ

 တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် အသီးအရွက်များကို တစ်နိုင်တစ်ပိုင်သော်လည်း ကောင်း  စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပြီး အခြားဒေသများမှလည်း ဝယ်ယူလျက်ရှိပါ သည်။  စိုက်ပျိုးရေးသီးနှံများမှ ဆလပ်ရွက်ကို ဒေသတွင်းတစ်နိုင်တစ်ပိုင်စိုက်ပျိုးလျှက်ရှိပြီး ကုန် စိမ်းစျေးများတွင်ပြန်လည်ရောင်းချကြရှိသည်။ အသားနှင့်တွဲဖက်၍ဖြစ်စေ ဟင်းများတွင်ဖြစ်စေ တွဲဖက်စားသုံးလေ့ရှိပြီး ဟင်းသီးဟင်းရွက်များထဲမှ စျေးကောင်းရရှိသောအသီးအနှံတစ်မျိုးဖြစ် သည်။ ဆေးဖက်ဝင်သောအရွက်ဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သောကြောင့် မကြာခဏစားသုံး သင့်ပါသည်။ မြိတ်မြို့တွင် ဆလပ်ရွက်တစ်စည်းလျှင် ၁၅၀၀ ကျပ်ရှိနေပြီး အခြားသီနှံများထက် စျေးကောင်းရရှိလျက်ရှိသည်။

DOCA(တနင်္သာရီ)

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

                 ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၈.၈.၂၀၂၅) မှ (၁၃.၈.၂၀၂၅) နေ့ထိ ဆန်ဝင်ရောက် မှုစာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ကြားပျံ (၁၂၃၃၀) အိတ်၊ ပေါ်ဆန်းမွှေး (၂၁၂၆၅) အိတ်၊ ပေါ်ကျွဲ (၆၂၂၀) အိတ်၊ ဧည့်မထ (၉၀၁၃၅) အိတ်၊ ဆန်ကွဲ (၁၆၃၆၉) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း (အရှေ့) ကျောက်တံခါး၊ ညောင်လေးပင်၊ ဖြူးမြို့နယ်များမှ ဧည့်မထ (၅၆၉၆) အိတ် နှင့် ပဲခူးတိုင်း (အနောက်) မြို့နယ်များဖြစ်သော သာယာဝတီ၊ သုံးဆယ်၊ လက်ပံတန်း၊ ကြို့ပင်ကောက်မြို့နယ်များမှ ဧည့်မထ (၂၂၉၁၆) အိတ်၊ ငစိန် (၁၂၉၅) အိတ်နှင့် ရန်ကုန်တိုင်း ပြင်ပမြို့နယ်များဖြစ်သော ကော့မှူး၊ လက်ခုတ်ကုန်း၊ ပျော်ဘွယ်၊ တိုက်ကြီး၊ ခရမ်း၊ သုံးခွ၊ ဥက္ကံ မြို့နယ်များမှ ဧည့်မထ (၁၈၇၉၉) အိတ်တို့ဝင်ရောက်မှုရှိကြောင်း ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

            ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၁၄.၈.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၂၃၄၈ အိတ်နှင့် ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၈၂၀ နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၄၅၂ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၇၈၂ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၁၂၈ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၂၁၈၇ အိတ်၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၉၄၅၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၃၉၇၊  ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၂၅၄ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၀၄၇ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၂၅၆၃၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၁၅၄၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၃၂၀၊ ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၈၅၇၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၃၉၆၅ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။

          ၁၄.၈.၂၀၂၅ ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့  ရှယ်စ (၇၀၉၈) အိတ်၊ ထိပ်စ(၅၉၁၉) အိတ်၊ လက်စ(၄၁၆၉) အ်တ်၊ ၂၅ မတ် (၂၈၉၃) အိတ်၊ ဆန်ကွဲ(၁၂၁၄၀) အိတ်တို့ဝင်ရောက်ခဲ့ပြီး ဆန်ဈေးနှုန်းများမှာ အနည်းငယ်ပြောင်းလဲမှုရှိခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ရန်ကုန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

             ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၁၂.၈.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၂၉၅၀ အိတ်နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၆၈၇ နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၅၂၀ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၂၁ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၈၅၀ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၂၈၃၄ အိတ်၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၅၉၀၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၆၉၈၊  ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၇၅ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၇၈၃ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၂၄၇၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၃၆၄၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၄၉၃၊ ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၆၀၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၄၉၂၀ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။

          ၁၂.၈.၂၀၂၅ ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အိတ်စုစုပေါင်း (၃၈၉၉၂) အိတ်တို့ ဝင်ရောက်ခဲ့ကြောင်းနှင့် ဆန်ဈေးနှုန်းများမှာ အနည်းငယ်ပြောင်းလဲမှုရှိကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

မော်လမြိုင်မြို့၊ မောင်ငံဈေးတွင် ရောင်းချလျက်ရှိသော စားဖိုဆောင်သီးနှံဈေးနှုန်းအခြေအနေ

   မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ မောင်ငံဈေးတွင် စားဖိုဆောင်သီးနှံများ ဖြစ်သည့် ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ ပန်း‌ဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ဘိုစားပဲများကို ရန်ကုန်မြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

 ယခု ဩဂုတ်လ ဒုတိယပတ်တွင် မော်လမြိုင်မြို့၊ မောင်ငံဈေးတွင် ရောင်းချနေသော စားဖိုဆောင်သီးနှံများဖြစ်သည့် ပန်းဂေါ်ဖီဈေးနှုန်းမှာ အပွင့်ကြီးတစ်ပွင့်လျှင် (၄၀၀၀) ကျပ်၊ အပွင့်လတ် တစ်ပွင့်လျှင် (၃၅၀၀) ကျပ်၊ အပွင့်သေး တစ်ပွင့်လျှင် (၃၀၀၀) ကျပ်၊ ဂေါ်ဖီထုပ် တစ်ပိဿာလျှင် (၂၅၀၀) ကျပ်၊ ဘိုစားပဲ တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ ယခုဝါတွင်းကာလတွင် ကုန်စိမ်းသီးနှံများ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရသည်။

DOCA (မွန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း