Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချလျက်ရှိသော ဒေသထွက် ဖရဲသီး ဈေးနှုန်း

      ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်းစိုက်ပျိုးကြသလို  မိမိတို့ တောင်ယာများ ထဲတွင် တစ်ပိုင်တစ်နိုင် အနေဖြင့် ရာသီပေါ်သီးနှံဖြစ်သည့် ဖရဲသီးများကို မန်ကျည်းအင်းကျေးရွာ၊ သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဖရဲသီး ဈေးနှုန်းများ မှာ ဖရဲသီးအကြီး တစ်လုံးလျှင်(၆၅၀၀)ကျပ်၊  အသေး တစ်လုံးလျှင်(၄၀၀၀)ကျပ် နှင့် ဖရဲသီးစိတ် တစ်စိတ်လျှင်(၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင် ဈေး၌ သစ်သီး မျိုးစုံ  ရောင်းချနေသော ဈေးသည်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပျားသလက် နှင့် ပျားရည် ဈေးနှုန်း

     ကန့်ဘလူခရိုင်၊ ကျွန်းမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိသော ပြည်သူများ ရှိသ လို စာဝတ်နေရေးအတွက် စိုက်ပျိုးရေးမဟုတ်ပဲ ကျရာပင်ပေါက် လုပ်ကိုင်ရသော လက်လုပ် လက်စားသမားလေးများလည်းရှိပါသည်။ ထိုလက်လုပ်လက်စားလုပ်ငန်း လုပ်ကိုင်ပြီး မိသားစု စားဝတ်နေရေးအတွက် တောတောင်ဒေသကိုအမှီပြု၍ ရာသီအလိုက် ပေါက်ရောက်သော သီးနှံများ ဖြစ်သည့် မျှစ်ရာသီ မျှစ်ချိုးခြင်း၊ မှိုရာသီ မှိုရှာခြင်းနှင့် နှမ်း၊ အခြားပန်းများနှင့် နေကြာပွင့်ချိန်တွင် ပျားဖွတ်၍ ပျားရည် နှင့် ပျားသလက် ရှာဖွေသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိသည့်အနက် ပျားသလက် နှင့် ပျားရည်ကို ကျွန်းလှမြို့ဈေးသို့ လာရောက်ရောင်းချကြပါသည်။

     ၂၀၂၅ခုနှစ်၊ ဩဂုတ်လ စတုတ္ထအပတ် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ပျားသလက် ဈေးနှုန်းအနေဖြင့် ပျားသလက် တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်နှုန်း၊ (၁၀)ကျပ်သားခန့် တစ်ပြားလျှင်(၁၂၀၀)ကျပ် နှင့် (၅)ကျပ်သားခန့် တစ်ပြားလျှင်(၇၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်း ကောင်း အလားတူပင် ပျားရည်ဈေးနှုန်းအနေဖြင့် ပျားရည်(၄၀)ကျပ်သားဝင် တစ်ပုလင်းကို (၂၀၀၀၀)ကျပ်၊ ပျားရည်(၂၀)ကျပ်သားဝင် ဂျပ်ပြား တစ်ပုလင်းကို(၁၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပျားသလက် နှင့် ပျားရည်ရောင်းချသူထံမှ သိရပါ သည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော နေကြာစေ့လှော် ဈေးနှုန်း

    ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နေကြာစေ့များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ တို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော နေကြာစေ့လှော် ဈေးနှုန်း အနေဖြင့် နေကြာစေ့လှော်(ရိုးရိုး) လက်က္ကား တစ်ပြည်လျှင် (၉၃၀၀)ကျပ်၊ နေကြာစေ့လှော်(ရိုးရိုး)လက်လီ တစ်ပြည်လျှင်(၉၆၀၀)ကျပ်၊ နို့ဆီဘူး()ဘူးလျှင်(၄၈၀၀) ကျပ်၊ နို့ဆီဘူး(၁)ဘူးလျှင်(၁၂၀၀)ကျပ် နှင့် နေကြာစေ့လှော်(သစ်ကြားသီးအနံ့) တစ်ပြည်လျှင်(၁၂၀၀၀) ကျပ်၊ နို့ဆီ(၄)ဘူးလျှင်(၆၀၀၀)ကျပ်၊ နို့ဆီဘူး(၁)ဘူးလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော နွားနို့၊ နွားနို့ခဲ နှင့် ဒိန်ချဉ် ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျွန်းလှမြို့ ပေါ်ရပ်ကွက်များတွင် မွေးမြူရေး နှင့်  စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ ရိုးရိုး ဗမာနွားများနှင့် မေထုံခေါ် နို့စားနွား မွေးမြူရေးလုပ်ငန်းကိုလည်း တစ်ပိုင် တစ်နိုင် မွေးမြူလျက်ရှိပြီး နွားနို့ နှင့် ဒိန်ချဉ်များကို ကျွန်းလှမြို့ ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ကာ ရောင်းချ လျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နွားနို့ ဈေးနှုန်းများမှာ နွားနို့(၁)လီတာ တစ်ဘူးလျှင်(၂၂၀၀)ကျပ်၊ နွားနို့ခဲတစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်  (၇၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ဒိန်ချဉ်(၁)လီတာ တစ်ဘူးလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မွေးမြူရေး လုပ်ငန်း လုပ်ပြီး နွားနို့  ရောင်းချနေသူထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော နဂါးမောက်သီးနှင့် မာလကာသီး ဈေးနှုန်း

      ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စား သောက်ကြရာမှာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင် တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး နဂါးမောက်သီးများကို မန်ကျည်းအင်းကျေးရွာ၊ အင်းကောင်းကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နဂါးမောက်သီး ဈေးနှုန်းများမှာ နဂါးမောက်သီး အကြီးတစ်လုံးလျှင်(၁၅၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၁၀၀၀)ကျပ်၊ မာလကာသီး ဈေးနှုန်းအနေဖြင့် မာလကာသီး အကြီး တစ်လုံးလျှင်(၅၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုး(၂)လုံး၊ မာလကာသီး အသေး တစ်လုံးလျှင် (၃၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုး(၃)လုံး ဈေးနှုန်းတို့ဖြင့် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေး၌ သစ်သီးမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဒညှင်းသီး ဈေးနှုန်း

     ကျွန်းလှမြို့ ရပ်ကွက်ဈေးများတွင် သစ်သီးဝလံမျိုးစုံဖြစ်သည့် ပန်းသီး၊ စပျစ်သီး၊ ပန်းသစ်တော် သီး၊ ဖရဲသီး၊ နာနတ်သီး၊ ဒညှင်းသီး၊ ငှက်ပျောသီး နှင့်သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာမှ နာနတ်သီး နှင့် ဒညှင်းသီး ကိုလည်း မန္တလေးမြို့၊ အင်းတော်မြို့၊ ကသာမြို့နှင့်မဲဇာမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိ ကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ် အတွင်း ဖြစ်ပေါ်နေ‌သော ဒညှင်းသီး ဈေးနှုန်းအနေဖြင့် ဒညှင်းသီး အကြီး တစ်လုံးလျှင်(၂၅၀)ကျပ် နှင့် ဒညှင်းသီး အသေး တစ်လုံးလျှင်(၂၀၀/၁၅၀)ကျပ်၊ ဒညှင်းသီး အပြုတ် အကြီး တစ်လုံးလျှင်(၃၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၂၀၀)ကျပ် ငွေကျပ်(၁၀၀၀)ဖိုး (၄/၅)လုံး ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ဒညှင်းသီးသည် ဆီးရောဂါနှင့် ကျောက်ကပ် ရောဂါတို့ကို အဆိုးဆုံး နှင့် အများဆုံး ဖြစ်စေသော်လည်း လူအများကကြိုက်နှစ်သက်သည့်အတွက်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့တွင် သစ်သီးဝလံမျိုးစုံ ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)                

 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော တို့ဟူးစိမ်း နှင့် တို့ဟူးခြောက် ဈေးနှုန်း

         ကျွန်းလှမြို့၊ ပိ‌တောက်မြိုင်ဈေးထဲတွင် ကုန်စိမ်းသီးနှံနှင့် တွက်ဖက်၍ ပဲရေဖွှ၊ တို့ဟူးစိမ်း တို့ကိုပါ လုပ်ကိုင်ရောင်းချလျက်ရှိပါသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော တို့ဟူးစိမ်း ဈေးနှုန်းများမှာ တို့ဟူးစိမ်း တစ်ပိဿာလျှင်(၃၄၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၇၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၈၅၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌လည်းကောင်း တို့ဟူးခြောက် တစ်ပိဿာ(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၁၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ထက် တို့ဟူးစိမ်း တစ်ပိဿာလျှင်(၂၀၀)ကျပ် နှင့် တို့ဟူးခြောက် တစ်ပိဿာလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)                

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မျှစ်စိမ်း၊ မျှစ်ပြုတ်နှင့် ဆူးပုတ်ရွက် ဈေးနှုန်း

       ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို  ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကာ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရှိရပါသည်။ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အနက် ဆူးပုတ်ရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ပိတ်ချင်းရွက် နှင့် ဆူပုတ်ရွက်တို့ကို ကန့်ဘလူမြို့နယ်၊ ပေကုန်းကျေးရွာနှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီးတို့မှ   လာရောက်ရောင်းချခြင်းဖြစ်ပါသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်းက ပိတောက်မြိုင်ဈေးတွင် ဖြစ်ပေါ်နေသော မျှစ်ဈေးနှုန်းများ အနေဖြင့် မျှစ်စိမ်း တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅)ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၁၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀) ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ဆူးပုတ်ရွက် ဈေးနှုန်းအနေဖြင့် ဆူးပုတ်အစည်း()စည်းလျှင်(၃၀၀)ကျပ်၊ (၂)စီးလျှင်(၅၀၀)ကျပ် နှင့် (၁၀)စည်းပါ တစ်ထုံးလျှင်(၂၇၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း  ကုန်စိမ်းရောင်းချသူထံမှ သိရပါ သည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဆန်လှော်မရွှေး ဈေးနှုန်း

     ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်မျိုးစုံဆိုင်များ ရောင်းချလျက်ရှိရာမှ မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်သည့် ဆန်လှော်မ‌ရွေးကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ဆန်လှော်မရွေးကိုလည်း သဘာဝဆန်ကြမ်းဖြင့် ပြုလုပ်ပြီး ထန်းလျက်‌‌ရေ ၊ ကြံသကာရေ ‌လောင်းထား‌သော မြန်မာမုန့်ဖြစ်ပြီး ရွှေဘိုမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေ‌သော ဆန်လှော် မ‌ရွေး ဈေးနှုန်းအနေဖြင့် ဆန်လှော်မ‌ရွေး တစ်ပိဿာလျှင်(၈၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၃၀၀)ကျပ် (၂၅)ကျပ်သားလျှင်(၂၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်မျိုးစုံ ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

အပတ်စဉ် ပြောင်းလဲနေသော စက်သုံးဆီဈေးနှုန်း

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေ ဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် သတ် မှတ်ထုတ်ပြန် ပေးလျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်()ဆိုင် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိကာ စက်သုံးဆီ ပြတ်လတ်မှုမရှဘဲ (PPRD) စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်း အတိုင်း ရောင်းချပြီး အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချလျက်ရှိကြောင်း ယခင် ဩဂုတ်လ တတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၃၁၀၀)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၁၇၆)ကျပ် ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်(၂၇၂၀)ကျပ်နှင့် ဒီဇယ်(ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၃၂၆)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု ဩဂုတ် လ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92)တစ်လီတာလျှင်(၃၁၁၈)ကျပ်၊ ဓါတ် ဆီ Octane(95)တစ်လီတာလျှင်(၃၂၀၆)ကျပ်၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်(၂၇၁၆)ကျပ် နှင့် ဒီဇယ် (ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၃၂၁)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင် အပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက စက်သုံးဆီဈေး 92တစ်လီတာလျှင်(၁၈)ကျပ်၊  95တစ်လီတာလျှင် (၃၀)ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိပြီး၊ ဒီဇယ်(ရိုးရိုး)HSDတစ်လီတာလျှင်()ကျပ်၊ ဒီဇယ်(ပရီမီယမ်) PHSDတစ်လီတာလျှင်(၅)ကျပ် ဈေးနှုန်းများကျဆင်းကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါ သည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း