
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်တွင် ၊ မိသားစု စားဝတ် နေရေးအတွက် တစ်ဖက် တစ်လမ်းမှ အပိုဝင်ငွေရရှိရန်အတွက်သော်လည်းကောင်း ဝါသနာအရသော်လည်း ကောင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ သစ်ခွပန်းပင်အမျိုးမျိုးကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးပြီး အပင်ပေါက်နှင့် အပွင့်များကို ရောင်းချလျက်ရှိပြီး ဝင်ငွေရရှိလျက်ရှိကြောင်း သိရပါသည်။
ပင့်ကူသစ်ခွပန်းများကို မြေဘောင်တင် မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးလျက်ရှိပြီး တိုင်ထောင် ပေးရသော သစ်ခွမျိုးဖြစ်ပါသည်။ ပင့်ကူသစ်ခွပန်းသည် အရောင်များမှာ အဝါရောင်၊ ကြက်သွေးရောင် တို့ရှိပြီး အလှူပွဲ၊ မင်္ဂလာပွဲများတွင် ရောင်းရသလို တရားပွဲများ တွင်ပန်းအလှဆင်ရန် ပန်းအိုးထိုးရန် အတွက်လည်း အသုံးပြုကြပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ် ကျွန်းလှမြို့၏ ပင့်ကူသစ်ခွပန်းပျိုးပင် ဈေးနှုန်းနှင့် ပင့်ကူသစ်ခွပန်းအပွင့် ဈေးနှုန်းအနေဖြင့် ပင့်ကူသစ်ခွပျိုးပင် တစ်ပင်လျှင်(၅၀၀၀)ကျပ်ဈေးနှုန်းရှိပြီး ပင့်ကူသစ်ခွပန်းပွင့် တစ်ပွင့်လျှင်(၁၀၀)ကျပ်၊ ငွေကျပ်(၅၀၀၀)ဖိုးလျှင်(၆)ပွင့် နှင့် ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၁၂)ပွင့်တို့ဖြင့် ရောင်းချကြောင်း ပန်းဥယာဉ်စိုက်ပျိုး ရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)