Main menu

ပန်းတနော် ခတ္တိယကျေးရွာတွင် ဆင်းသုခ စပါးရိတ်သိမ်းထွက်ရှိ

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် စပါးစိုက်ပျိုးတောင်သူများအနေဖြင့် လက်ရှိမိုးစပါးရိတ်သိမ်းချိန် စပါးဈေးနှုန်းတည်ငြိမ်နေပြီး နွေစပါးစိုက်ပျိုးရေရရှိပါက လျာထား ဧကထက်ပိုမို စိုက်ပျိုးလာနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ကသိရသည်။

   ပန်းတနော်မြို့နယ်၊ ခတ္တိယကျေးရွာတွင် မိုးစပါးဈေးနှုန်းသည် လက်ရှိအနေထားတွင် သွင်းအားစု ကုန်ကျစရိတ်များရှိသော်လည်းဒေသပေါက်ဈေး၊ အနည်းကျဆင်းနေကြောင်း၊ လက်ရှိစပါးပေါက်ဈေးမှာ မနောသုခ စပါးတင်း (၁၀၀) လျှင် ( ၉၅၀၀၀၀)  သိန်းဝန်ကျင်ရှိကြောင်း သိရသည်။ မိုးစပါးကိုတောင်သူ များမှ (၁၄၁၂၄၄)ဧကစိုက်ပျိုးခဲ့ကြ၍ စပါးအထွက်နှုန်းအနေဖြင့် ပျှမ်းမျှ တစ်ဧက (၆၀) တင်းဝန်းကျင်ထွက်ရှိခဲ့ကြောင်း၊ စိုက်ပျိုးရေရရှိပါက ယခုနှစ်နွေစပါးကိုလျာထား  ဧကထက်ပိုမိုစိုက်ပျိုးလာနိုင်ကြောင်းသိရသည်။ 

DOCA(ဧရာဝတီ)