Main menu

ကျွန်းလှမြို့မှ မန်ကျည်းသီးစိမ်း ဈေးနှုန်းကျဆင်းလျက်ရှိ

Powered by Drupal

     ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြားဒေသမှ ဝင် ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် မန်ကျည်းသီးစိမ်း များကို ဒေသထွက်ဖြစ်သည့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီး နှင့် ကျွန်းလှမြို့နယ် အတွင်းရှိ ကျေးရွာအချို့တို့မှ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့ဈေးများအတွင်း ရောင်းချ နေသည့်  မန်ကျည်းသီးစိမ်း ဈေးနှုန်းမှာ တစ်ပြည်လျှင်(၂၃၀၀)ကျပ်၊ နို့ဆီ(၁)ဘူးလျှင် (၃၀၀)ကျပ် နှင့် မန်ကျည်းသီးစိမ်း(၁)ပုံလျှင်(၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ယခင်ပတ်ထက် မန်ကျည်းသီးစိမ်း ဈေးနှုန်း တစ်ပြည်လျှင်(၂၀၀၀)ကျပ် ကျဆင်းပြီး  အရောင်း အဝယ်ဖြစ်လျက် ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)