
မုံရွာမြို့၊ သာစည်ဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးတန်းများတွင် ခါကြက်ဥ၊ သခွားသီးများလည်း ရောင်းချလျက်ရှိပါသည်။ ခါကြက်ဥနှင့် သခွားသီးများကို အိမ်ရှင်မများက အိမ်သုံးချက်ပြုတ်ရန်အတွက် ဝယ်ယူကြပြီး စားသောက်ဆိုင်များမှလည်း စီးပွားဖြစ် အသုံးပြန်ရန် အဓိကဝယ်ယူကြောင်း သိရှိရပါသည်။ ခါကြက်ဥနှင့်သခွားသီးကို ထမင်းဝိုင်းများတွင် အတို့မြှုပ်အဖြစ်လည်းကောင်း၊ ခါးကြက်ဥကို မြေပဲဆံ၊ ပဲမှုန့်တို့ဖြင့် သုပ်၍လည်းကောင်း စားသုံးကြကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်တွင် ခါကြက်ဥဈေးနှုန်းမှာ ခါကြက်ဥ ဥကြီး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ခါကြက်ဥ ဥသေး တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ သခွားသီး ဈေးနှုန်းအနေဖြင့် အသေးတစ်လုံးလျှင် (၂၀၀)ကျပ်၊ အကြီးတစ်လုံးလျှင် (၃၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံ ရောင်းချသူများထံမှ သိရသည်။
DOCA(စစ်ကိုင်း)