Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကယားပြည်နယ် လွိုင်ကော်မြို့ စားဖိုဆောင်သီးနှံဈေးနှုန်း

     ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ ဩဂုတ်လ တတိယပတ်တွင် ငရုတ်သီးခြောက်(အပု) တစ်ပိဿာလျှင်(၄၀၀၀၀)ကျပ်၊ ငရုတ်သီးခြောက် (အရှည်) တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်စ) တစ်ပိဿာ လျှင် (၁၆၀၀၀)ကျပ်၊ နနွင်းတက် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ချင်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကုလားပဲတစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ မန်ကျည်းသီးတစ်ပိဿာလျှင်(၅၀၀၀) ကျပ်၊ အာလူး တစ်ပိဿာလျှင်(၄၅၀၀)ကျပ်၊ ဆား တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ သကြား တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ကန်စွန်းရွက် တစ်စည်းလျှင် (၅၀၀)ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ် လျှင်(၂၀၀၀)ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၂၀၀၀)ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ပဲသီး()ပဲတောင့်ရှည် တစ်စည်းလျှင်(၅၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

      ယခင်တစ်ပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်လျှင် မန်ကျည်းသီးတစ်ပိဿာလျှင်(၁၀၀၀) ကျပ်ဈေးနှုန်းကျဆင်းသွားပြီး၊ သကြားတစ်ပိဿာလျှင်(၄၀၀)ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၅၀၀)ကျပ် ဈေးနှုန်းတက်သွားကြောင်းနှင့် ကျန်စားဖိုဆောင်သီးနှံဈေးနှုန်းများ တည်ငြိမ်လျက် ရှိကြောင်း၊ ဈေးနှုန်းများ ပြောင်းလဲသွားရခြင်းမှာ သယ်ယူစရိတ်နှင့် တစ်ဆင့်ခံ ဝယ်ယူရသည့် ဈေးနှုန်းများကြောင့်ဖြစ်ကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ကယား)

 

ကန့်ဘလူမြို့၏ ဩဂုတ်လ တတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော ပုဇွန်ထုပ်နှင့်ပုဇွန်ဆိတ်ဈေးနှုန်းများ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် အသားငါးအမျိုးစုံအပြင် ရေထွက်ကုန်ပစ္စည်းတစ်မျိုးဖြစ်သော ပုစွန်ထုပ်နှင့် ပုစွန်ဆိတ်များကိုလည်း ရောင်းချလျက်ရှိပါသည်။ ယခုအခါ  ပုဇွန်ထုပ်များကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိပြီး၊ ပုဇွန်ဆိတ်များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ပုဇွန်ထုပ်နှင့် ပုစွန်ဆိတ်ဈေးနှုန်းများမှာ ပုဇွန်ထုပ် (၁)ပိဿာလျှင် (၆၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၂၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၆၅၀၀)ကျပ်နှင့် ပုဇွန်ဆိတ်(အကြီး)တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ ပုဇွန်ဆိတ်(အသေး) တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ ပုဇွန် ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ဖြစ်ပေါ်လျက်ရှိသော သင်္ဘောသီးစိမ်းနှင့် ရွှေဖရုံသီးဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်ကြကြောင်းသိရပါသည်။ စိုက်ပျိုးသီးနှံများဖြစ်သည့် သခွားသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ်ရွက်၊ ရုံးပတီသီး၊ ဘူးသီး၊ ငရုတ်သီး စသည့်သီးနှံများကို စိုက်ပျိုးကြသည့်အပြင် သင်္ဘောသီးစိမ်းနှင့် ရွှေဖရုံသီးများကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး‌ကြပြီး ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြကြောင်း သိရှိရသည်။

          ၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော သင်္ဘောသီးစိမ်းဈေးနှုန်းမှာ သင်္ဘောသီးစိမ်း(၁)လုံးလျှင် (၇၀၀)ကျပ်၊ (၃)လုံးလျှင် (၂၀၀၀)ကျပ်နှင့် ရွှေဖရုံသီး(၁)ပိဿာလျှင်  (၂၈၀၀)ကျပ်၊ ရွှေဖရုံသီး(၁)စိတ်လျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်းများ ဈေးနှုန်းအခြေအနေ

          ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းများမှာ ရန်ကုန်မြို့မှ မှာယူရောင်းချကြကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၏ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန်ပစ္စည်း ဈေးနှုန်းများမှာ ပုဇွန်ခြောက်(အချို)(၁)ပိဿာလျှင် (၁၂၀၀၀၀)ကျပ်၊ ငါးရံ့ခြောက်(လုံး)(၁)ပိဿာ လျှင်(၃၀၀၀၀)ကျပ်၊ ငါးကြီးသားခြောက်(၁)ပိဿာလျှင် (၁၁၅၀၀၀)ကျပ်၊ ငါးနီတူခြောက်(၁)ပိဿာ လျှင်(၃၀၀၀၀)ကျပ်၊ လသာခြောက်(အချို)(၁)ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ ငါးရောင်ခြောက်(၁)ပိ ဿာလျှင်(၄၀၀၀၀)ကျပ်၊ အာပြဲခြောက်(၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ အသားမျှင်ခြောက်(၁) ပိဿာလျှင်(၄၄၀၀၀)ကျပ်၊ ငါးတံခွန်ခြောက်(၁)ပိဿာလျှင် (၂၅၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခုအခါ အလှူအတန်းများပြုလုပ်ရာတွင် ရေထွက်ကုန်ပစ္စည်းများကို အသုံးပြုကြသဖြင့်အရောင်း ဝယ်သွက်လျက်ရှိကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးအတွင်း ငါးခြောက်ရောင်းချသည့်လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကယားပြည်နယ်အတွင်း ဖူးစားပြောင်း ဈေးနှုန်းဈေးကွက်

        Maiza (or) Corn ဟုခေါ်ကြသည့် ပြောင်းဖူးများကို ကမ္ဘာတစ်ဝန်းလုံး လူမျိုးဘာသာမရွေး၊ ကလေးလူကြီးမရွေး စားသောက်ကြသော အသီးအနှံတစ်မျိုးဖြစ်ပါသည်။ ပြောင်းဖူးများတွင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမည့် အာဟာရဓာတ်စုံလင်စွာပါရှိပါသည်။ ထို့ကြောင့် ပြောင်းဖူးစားသုံးခြင်းဖြင့် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးခြင်း၊ ရောင်ရမ်းမှုကို သက်သာစေခြင်း၊ ကင်ဆာရောဂါကိုကာကွယ်ပေးခြင်း၊ မှတ်ဉာဏ်အားကောင်းစေခြင်း စသည်ဖြင့် ရောဂါအများစုကို ကာကွယ်ပေးနိုင်ပါသည်။

    ပြောင်းဖူးများကို ကြော်၍သော်လည်းကောင်း၊ ပြုတ်၍သော်လည်းကောင်း၊ ဖုတ်၍သော်လည်းကောင်း၊ သရေစာအဖြစ်စားသောက်ကြသည့်အပြင် အခြားအသီးအရွက်၊ အသား၊ ငါးများနှင့်ရော၍ ဟင်းတစ်မျိုးအဖြစ်လည်း ချက်ပြုတ်စားသောက်ကြပါသည်။

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်း (၂၂-၈-၂၀၂၅)ရက်နေ့တွင် ဖြစ်ပေါ်နေသော ဖူးစားပြောင်းဈေးနှုန်းများမှာ သကြားပြောင်း(အစိမ်း) တစ်ဖူးလျင် (၈၀၀ မှ ၁၀၀၀) ကျပ်၊ သကြားပြောင်းဖူး(အပြုတ် )တစ်ဖူးလျင် (၁၂၀၀ မှ ၁၅၀၀)ကျပ်၊ ရှမ်းပြောင်း(အစိမ်း) တစ်ဖူးလျင် (၅၀၀ မှ ၇၀၀)ကျပ်၊ ရှမ်းပြောင်းဖူး(အပြုတ်) တစ်ဖူးလျင်(၈၀၀ မှ ၁၀၀၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဖူးစားပြောင်းများကို ကယားပြည်နယ်၊ လောပိတ၊ လောဓလေးတို့တွင် အများဆုံးစိုက်ပျိုးရောင်းချကြပြီး လွိုင်ကော်မြို့အတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးစားသောက်ကြကြောင်း ပြောင်းဖူးရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

 

(မုန့်တီ၊ မုန့်ဟင်းခါး)မုန့်ဖက်ဈေးနှုန်း၊ ဈေးကွက်

            ကန့်ဘလူမြို့ပေါ်ရှိ ရပ်ကွက်များတွင် မိသားစုစားဝတ်နေရေးအတွက် (မုန့်တီ၊ မုန့်ဟင်းခါး)မုန့်ဖက်လုပ်ငန်းများကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပါသည်။ ထို(မုန့်တီ၊ မုန့်ဟင်း ခါး)မုန့်ဖက်များကို ကန့်ဘလူမြို့ပေါ်နှင့် ကျေးရွာများမှ ဝယ်ယူစားသုံးကြကြောင်း၊ မုန့်တီ၊ မုန့်ဟင်းခါး ရောင်းချသူများ၊  အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်တွင် ရောင်းချလျက်ရှိသော (မုန့်တီ၊ မုန့်ဟင်းခါး)မုန့်ဖက်ဈေးနှုန်းများမှာ (မုန့်တီ၊ မုန့်ဟင်းခါး)မုန့်ဖက်()ပိဿာလျှင် (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၂၅)ကျပ် သားလျှင် (၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း (မုန့်တီ၊ မုန့်ဟင်းခါး)မုန့်ဖက်ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 လွိုင်ကော်မြို့တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

      ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ပြန်လည်ဖွင့်လှစ် ရောင်းချနေကြပြီး ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၂၂)ရက်နေ့တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်း များမှာ Octane(92) တစ်လီတာလျှင် (၃၇၈၀)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၈၅၅)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၄၀၀၅)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၃၄၀၀) ကျပ်ဖြင့် ရောင်းချနေကြောင်း သိရပါသည်။

     ယခင်တစ်ပတ်ဈေးနှုန်းများမှာ Octane(92) တစ်လီတာလျှင် (၃၇၆၀)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၈၂၀)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၄၁၀၀)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၃၄၇၅) ကျပ်ဖြင့် ရောင်းချခဲ့ကြပြီး ဈေးနှုန်းများနှိုင်းယှဉ်ကြည့်လျှင် Octane(92) တစ်လီတာလျှင် (၂၀)ကျပ်၊ Octane(95)တစ်လီတာလျှင်(၃၅)ကျပ် ဈေးနှုန်းမြှင့်တက်လာကြောင်း၊  ပရီမီယမ်ဒီဇယ် တစ်လီတာလျှင်(၉၅)ကျပ်၊ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၇၅) ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလာကြောင်း စက်သုံးဆီရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ကယား)

 

ရာသီစာ မန်ကျည်းသီးစိမ်းနှင့် မန်ကျည်းရွက်နုဈေးနှုန်းများ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် မန်ကျည်းပင်များကို အခြားစားပင်သီးပင်များကဲ့သို့ ခြံဖွဲ့၍ စိုက်ပျိုးခြင်းမရှိသော်လည်း ကန့်ဘလူမြို့နယ်နေရာအနှံ့အပြားတွင် အများအပြား လေ့ကျပေါက်ရောက်ကြသည်။  မန်ကျည်းပင်သည် အေးမြသောအရိပ်ကိုပေးသည့်အပြင်  အရွက်၊ အသီး၊ အခေါက် တစ်ပင်လုံးနီးပါး လူတို့အတွက် အသုံးဝင်ပါသည်။ လယ်တော၊ ယာတောများနှင့် မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် မန်ကျည်းသီးစိမ်းနှင့် မန်ကျည်းရွက်နုများကို ကန့်ဘလူမြို့မဈေးတွင် လာရောက်ရောင်းချကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း မန်ကျည်းသီးစိမ်း တစ်ပြည်လျှင် (၃၈၀၀)ကျပ်၊ မန်ကျည်းသီးစိမ်း(၁)ဘူးလျှင် (၅၀၀)ကျပ်နှင့် မန်ကျည်းရွက်နု(၁)ပုံလျှင် (၃၀၀)ကျပ်နှင့် မန်ကျည်း ရွက်နု(၂)ပုံလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ရာသီစာတစ်ခုဖြစ်သည့် မန်ကျည်းသီးစိမ်းနှင့် မန်ကျည်းရွက်နုများအား  အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ ထမင်းဆိုင်များတွင်လည်း အသုံးပြုကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသည့် ပူစီနံနံရွက်နှင့် တရုတ်နံနံဈေးနှုန်းအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ပူစီနံနံပင်နှင့် တရုတ်နံနံပင်များကို  နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။  

          ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ ပူစီနံနံရွက်နှင့် တရုတ်နံနံများကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာများမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ပူစီနံနံရွက်နှင့်တရုတ်နံနံများကို အစည်းလေးများစည်း၍ ရောင်းချရာ(၁)စည်းလျှင် (၂၀၀)ကျပ်၊ (၃)စည်းလျှင် (၅၀၀)ကျပ်၊ (၇)စည်းလျှင် (၁၀၀၀)ကျပ်နှင့် တရုတ်နံနံ (၁)စည်းလျှင်(၃၀၀)ကျပ်၊ (၂)စည်းလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ တရုတ်နံနံကို အိမ်ရှင်မများဟင်းချက်ရာတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြုကြကြောင်း၊ ပူစီနံနံရွက်များ ကိုဒံပေါက်ဆိုင်များနှင့် ထမင်းဆိုင်များမှဝယ်ယူသည့်အတွက် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော သကြားခွေနှင့် ဇီးပြား ဈေးနှုန်း

          ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များနှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် သကြားခွေနှင့် ဇီးပြားများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

         ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ် ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ဇီးပြားဈေးနှုန်းအနေဖြင့် ဇီးပြား တစ်ပိဿာလျှင်(၈၂၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၁၀၀)ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း သကြားခွေ ဈေးနှုန်းအနေဖြင့် သကြားခွေ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေး နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်ထက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဇီးပြားဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း