
ကျွဲကောသီးလေးများသည် ရှောက်၊ သံပုရာ၊ လိမ္မော်တို့နှင့်အတူ ရှောက်မျိုးနွယ်ထဲတွင် ပါဝင်ပါ သည်။ ကျွဲကောသီးလေးများကို မိုးရာသီတွင် ပေါများစွာတွေ့ရှိရမှာဖြစ်ပါသည်။ ကျွဲကောသီးတွင် အာဟာရ ဓါတ်များစွာ ပါဝင်ပြီး အရည်ရွှမ်းတဲ့ အသီးတစ်မျိုး ဖြစ်တဲ့အပြင် ပိုတက်ဆီယမ်ဓါတ် ပါဝင်သောကြောင့် သွေးဖိအားကိုပုံမှန်ဖြစ်စေ၍ သွေးတိုးသမားများ စားသင့်သော အသီးတစ်မျိုးဖြစ်ပါသည်။ ကိုယ်ခံအား စနစ်ကိုကောင်းမွန်စေတဲ့ ဗီတာမင် C ပါဝင်သောကြောင့် ကျန်းမာသွက််လက်စေပြီး ဖျားနာမှုကို အကာ အကွယ်ပေးနိုင်ပါသည်။ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်၍ အစာချေစနစ်ကို ကောင်းမွန်စေခြင်းကြောင့် ဝမ်းချုပ်စေခြင်းကိုလည်းကာကွယ်ပေးပါသည်။
ကျွဲကောသီးရဲ့အရသာလေးသည်ချိုချဉ်လေးရှိသောကြောင့် ထမင်းစားပြီး အအီပြေစား၍ သင့်သော အသီးတစ်မျိုးထဲတွင် ပါဝင်ပါသည်။ကျွဲကောသီး အလုံးပေါ်မူတည်၍ တစ်လုံး လျှင် ၄၀၀၀ကျပ်မှ ၆၀၀၀ကျပ် အထိရောင်းချပြီး ၃လုံးအထက်ဝယ်ယူပါကဈေးနှုန်းသက်သာပါကြောင်း တောင်ငူမြို့ရှိ အသီးဆိုင်များ၏ပြောကြားချက်အရသိရှိရပါသည်။
DOCA(ပဲခူး)