
ဝဥသီးနှံကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြပြီး ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ သံလွင်မြစ် အနီးဒေသများတွင် အဓိကထားစိုက်ပျိုးကြပါသည်။ဝဥသီးနှံသည် ရေဓာတ်များသော သီးနှံဖြစ်ပြီး ဗီ တာမင်စီ၊ အိုက်ယွန်း နှင့် အာဟာရဓာတ်များစွာ ပါဝင်၍ အဖျားကျစေခြင်း၊ အစာအိမ်အေးစေခြင်း စသော ကျန်းမာရေးအတွက် အထောက်အကူပြုသော သီးနှံတစ်မျိုးဖြစ်ပါသည်။
ဝဥသီးနှံများကို ပရဆေး၊ ဝဥကြာဇံ၊ ဝဥဟင်းချို၊ အသားတုပြုလုပ်ရာတို့တွင် အသုံးပြုသည့် အပြင် ပြည်ပနိုင်ငံများသို့လည်း တင်ပို့ကြသဖြင့် ဈေးကွက်ခိုင်မာသောသီးနှံဖြစ်ပါသည်။ဝဥသီးနှံကို မိုးရာသီ၊ နွေရာသီ နှင့် ဆောင်းရာသီ ဟူ၍ တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပြီး ယခုအချိန် မိုးရာသီတွင် စိုက်ပျိုးထားသော ဝဥသီးနှံများ ဈေးကွက်ဝင်ရောက်လာပြီး အဝယ်လိုက်နေသဖြင့် တစ်ပိဿာလျှင် (၂၀၀၀-၂၂၀၀)ကျပ် ဈေးရှိနေကြောင်း နှင့် နောက်ပတ်များတွင်ဈေးကောင်းပိုရ၍ ဈေးကွက်ခိုင်မာနေ ဦးမည်ဖြစ်ကြောင်း လေ့လာသိရှိရ၍ ရေးသားတင်ပြအပ်ပါသည်။
DOCA(ရှမ်း)
