Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့မဈေးတွင်  အရောင်းအဝယ်ဖြစ်နေသည့် ဆီတို့ဟူးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင်  ရောင်းချလျှက်ရှိသော ဆီတို့ဟူးများကို ကချင်ပြည်နယ် ဟိုပင်မြို့နှင့် မိုးညှင်းမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ဆီတို့ဟူးကို ကြက်သွန်နီပါးပါးလှီးကာ ဆီစိမ်းဆမ်းပြီး သုပ်စားကြသလို၊ တစ်ချို့ကကြော်ချက်၍ စားသုံးကြ ကြောင်း၊ ဆီတို့ဟူးသည် ခံတွင်းမြိန်စေသည့် အရန်ဟင်းတခွက်ဖြစ်ပြီး ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ဆီတို့ဟူးလက်လီ()သေတ္တာလျှင် (၄၂၀၀) ကျပ်၊ လက္ကား()သေတ္တာလျှင် (၄၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်နှင့် ()ထုပ်လျှင် (၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အောက်တိုဘာလ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဘိုစားပဲသီးတောင့်စျေးအနည်းငယ်တက်

          ကုန်စိမ်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ဘိုစားပဲသီးကုန်စိမ်းများ ဝင်ရောက်မှုအနည်းငယ်လျော့ကျလျက်ရှိပြီး၊ပါက်စျေး အနည်း ငယ်တက်သွားကြောင်းသိရှိရပါသည်။ စျေးကွက်အတွင်းဝင်ရောက်လျှက်ရှိသည့် ဘိုစားပဲသီး တောင့် များအား အစိမ်းရောင်နှင့် ခရမ်းရောင်ပဲသီးတောင်များတွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာ စျေးနှင့် ၄၁လမ်းစျေးရှိကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသည့် ဘိုစားပဲသီးတောင့်စျေးနှုန်းများမှာ ၁ပိဿာလျှင် လက္ကားစျေး ၅၀၀၀ ကျပ် နှင့် ၆၅၀၀ကျပ်၊လက်လီစျေး၇၀၀၀ကျပ်နှင့်၈၀၀၀ကျပ်စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးအတွင်း နေ့စဉ်ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစား အလိုက် (Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ် (၄၀) စီးနှင့်(၆၀)စီးအကြားဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)             

 

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ စပျစ်သီးဈေးနှုန်း အနည်းငယ်ကျဆင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ်သီးများ ရောင်းချလျက်ရှိပြီး စပျစ်သီးနှင့် ဖရဲသီးများကို မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

       ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း စပျစ်သီး ဗမာမျိုး ()ပိဿာလျှင်(၂၀၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ အလုံးကြီးစပျစ် သီး()ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၆၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုနိုဝင်ဘာလ ပထမပတ်အတွင်း စပျစ်သီး အလုံးကြီး()ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း၊ သစ်သီးရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးတွင် ဂျင်း(ချင်း)တက်နှင့် ဂျင်းပေါက်များ အရောင်းအဝယ်ဖြစ်လျက်ရှိ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက် ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးမြို့မှ လည်းကောင်း ဝယ်ယူရကြောင်း၊ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်း မွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့်  ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၆၈၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၇၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်း တစ်နိုင်တစ်ပိုင် ဂျင်းပေါက်လုပ်ငန်း များလုပ်ကိုင်လျက်ရှိရာ ဂျင်းပေါက်လက်လီ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်နှင့် လက္ကားတစ်ပိဿာ လျှင် (၄၈၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခင်လဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဂျင်းတက်(၁)ပိဿာလျှင် (၅၀၀)ကျပ်မြင့်တက်လာကြောင်း ဂျင်းတက်ရောင်းချသည့် လုပ်ငန်းရှင် ထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ငရုတ်သီးစိမ်းပေါက်စျေးငြိမ်လျက်ရှိ

              ကုန်စိမ်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းငရုတ်ပွနှင့်ငရုတ်သီးစိမ်းများ ဝင်ရောက်လျှက်ရှိပြီး၊ပြောင်းလဲမှုမရှိဘဲ စျေးငြိမ်နေ ကြောင်းသိရှိရပါသည်။ စျေးကွက်အတွင်းဝင်ရောက်လျှက်ရှိသည့်ငရုတ်သီး စိမ်းအမျိုး အစား များမှာ ကုလားအော်ငရုတ်၊ လျှာဂျွန်းထိုးငရုတ်၊ ငရုတ်ရှည်နှင့် ငရုတ်ပွသီးများတွေ့ရှိရပြီး၊ အလေး ချိန်ဖြင့် ရောင်းချသကဲ့သို့ ငရုတ်ပွလုံးလေးများအား အလုံးအရွယ် အစားအလိုက်ရောင်းချကြောင်း တွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးနှင့် ၄၁လမ်းစျေးရှိ ကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့် ငရုတ်သီးပွ (လုံးသေး)စျေးနှုန်းများမှာ ၁ပိဿာလျှင် လက္ကားစျေး ၆၀၀၀ ကျပ် နှင့် ၇၀၀၀ ကျပ်၊ လက်လီ စျေး၈၀၀၀ကျပ်နှင့် ၉၀၀၀ကျပ်၊ ပန်းငရုတ်ပွ(လုံးသေး) တစ်ခုချင်းစျေးအနေဖြင့် ၃၀၀ ကျပ်နှင့် ၅၀၀ကျပ် ၊ မိုးထောင်ငရုတ်ရှည် ၁ပိဿာလျှင် လက္ကားစျေး ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ လက်လီစျေး ၅၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်၊ ကချင်သီးငရုတ်မှာ လက္ကားစျေး ၅၀၀၀ ကျပ်နှင့် ၆၅၀၀ ကျပ်၊လက်လီစျေး ၇၀၀၀ကျပ်နှင့် ၇၅၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)             

 

 

ကန့်ဘလူမြို့မဈေးရှိ ရာသီပေါ်ခဝဲသီးဈေးနှုန်း အနည်းငယ်ကျဆင်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ် ခဝဲသီး၊ ရုံးပတီ သီး၊ ခရမ်းသီး၊ ဒန့်ဒလွန်သီး၊ ဘူးညွှန့်၊ မုန့်ညှင်းရွက်စသည်ဖြင့် ရောင်းချလျက်ရှိရာ  ပေါ်ရပ်ကွက် များနှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဒေသထွက်ခဝဲသီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ဒေသထွက် ခဝဲသီးဈေးနှုန်းများမှာ လက္ကား() ပိဿာလျှင်(၃၀၀၀)ကျပ်၊ လက်လီ()ပိဿာ (၃၂၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၈၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ခဝဲသီး()ပိဿာလျှင် (၃၀၀)ကျပ်ဈေးနှုန်းကျဆင်းလာကြောင်း၊ ခဝဲသီးရောင်းချသူများထံမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

 

ကြည့်မြင်တိုင်မြို့နယ် ဗားဂရာ ဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

          စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့် အညီ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIP ဆိပ်ကမ်းသို့ ဆီသင်္ဘောများဆိုက်ကပ်ပြီး ၊ ၅.၁၁.၂၀၂၅ ရက်နေ့ ကြည့်မြင်တိုင်မြို့နယ် ဗားရာဆိပ်ကမ်းတွင် MT .RM 2 V.15/25 သင်္ဘောဖြင့် GGM (9) ဆီကန်သို့   1000 MT၊ HTOO(3) ဆီကန်သို့ 775 MT ၊ LL.J ဆီကန်သို့ 1200 MT ၊ LL.A ဆီကန်သို့ 2025 MT စုစုပေါင်းတန်ချိန် 5000 MT ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

နဂါးမောက်သီးစျေးအနည်းငယ်တက်

            စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်သစ်သီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်နဂါးမောက်သီးများဝင်ရောက်မှုအနည်းငယ်လျော့နည်းသွားပြီး၊စျေးအနည်းငယ်မြင့်တက် သွားကြောင်းသိရှိရပါသည်။ စျေးကွက်တွင်  နဂါးမောက်သီးအတွင်းသား အဖြူရောင်၊ ခရမ်းရောင် နှင့် မရမ်းရောင်တို့တွေ့ရှိရပြီး၊အလုံးအရွယ်အစားအလိုက်စျေးကွာခြားမှုရှိကြောင်း တွေ့ရှိရ ပါသည်။ မန္တလေးမြို့၊ စျေးချိုတော်သစ်သီးရောင်းချသည့်စျေးတန်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့် နဂါးမောက်သီး ၁၀ လုံးစျေးနှုန်းများမှာ (လုံးကြီး)(အတွင်းသားဖြူ) ၂၀၀၀၀ကျပ်နှင့် ၂၈၀၀၀ ကျပ်၊ (လုံးလတ်)၁၂၀၀၀ကျပ်နှင့်၁၅၀၀၀ကျပ်၊ (လုံးသေး)၇၀၀၀ကျပ်နှင့် ၈၀၀၀ကျပ် စျေး၊ အတွင်းသားခရမ်းရောင်နှင့် မရမ်းရောင်စျေးတို့မှာ အလုံးကြီး ၁၃၀၀၀ ကျပ်နှင့် ၁၆၀၀၀ ကျပ်၊ အလုံးသေး ၈၀၀၀ ကျပ်နှင့် ၁၀၀၀၀ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိကြောင်း မြင်းတန်း စျေး ရှိ သစ်သီးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)             

ကန့်ဘလူမြို့မဈေးတွင်  ခရမ်းချဉ်သီးဈေးနှုန်း ဆက်လက်ကျဆင်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

      ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ ဝယ်ယူရ ကြောင်း၊ ခရမ်းချဉ်သီးကို ဟင်းလျာအမျိုးမျိုးနှင့် တွဲဖက်အသုံးပြုကြသည့်အတွက် အိမ်ရှင်မများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ ဝယ်ယူအသုံးပြုကြသည့်အတွက် ခရမ်းချဉ်သီးများ အရောင်းသွက်လျက်ရှိကြောင်း ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ပထမပတ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်း များမှာ အင်းသီးအလုံးကြီး(၁)ပိဿာလျှင် (၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၈၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၄၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ ယခင်အောက်တိုဘာလ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ခရမ်းချဉ်သီး(၁)ပိဿာလျှင် (၅၀၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မန္တလေးစျေးကွက်ရှိပန်းငရုတ်သီးပွ

              ကုန်စိမ်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းငရုတ်ပွနှင့်ငရုတ်သီးစိမ်းများဝင်ရောက်လျက်ရှိပြီး၊စျေးငြိမ်နေကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ပန်းငရုတ်ပွများကို အစိမ်းရောင်၊ အဝါရောင်၊ အနီရောင်၊ ခရမ်းရောင်၊ မရမ်း ရောင်နှင့်လိမေ္မာ်ရောင်တို့တွေ့ရှိရပြီး၊ အလေးချိန်ဖြင့် ရောင်းချခြင်းနှင့် အလုံးအရွယ်အစားအလိုက် ရောင်းချခြင်းဟူ၍ နှစ်မျိုးတွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးနှင့် ၄၁လမ်းစျေးရှိ ကုန်စိမ်း စျေးကွက်တွင် ၂၀၂၅ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ်အတွင်းဖြစ်ပေါ်သည့်ငရုတ်သီးပွ စျေးနှုန်း များမှာ  ၁ပိဿာလျှင် လက္ကားစျေး ၅၅၀၀ကျပ်နှင့် ၆၀၀၀ ကျပ်၊ လက်လီစျေး  ၇၅၀၀ ကျပ်နှင့် ၈၀၀၀ကျပ်၊ပန်းငရုတ်ပွ တစ်ခုချင်းစျေးအနေဖြင့် ၃၀၀ ကျပ်နှင့် ၅၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချ လျက်ရှိပြီး၊ အောက်တိုဘာလတတိယပတ်စျေးနှင့်နှိုင်းယှဉ်ပါက ပေါက်စျေးကွာခြားမှုမရှိကြောင်း သိရှိရပါသည်။ သီရိမာလာစျေးအတွင်း နေ့စဉ်ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစား အလိုက် Canter ၁၂ဘီးနှင့်၆ဘီး)ယာဉ် (၄၀) စီးနှင့်(၆၀) စီးအကြား ဝင်ရောက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)             

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း