Main menu

“ပန်းဂေါ်ဖီဈေးနှုန်းများအနည်းငယ်ကျဆင်း”

Powered by Drupal

     ကျောက်ဆည်ခရိုင်အတွင်းရှိ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးများသို့ ပန်းဂေါ်ဖီများ ဝင်ရောက်လျက်ရှိပြီးရှမ်းပြည်၊အောင်ပန်း၊ပင်းတယနှင့်ရွာငံရေဦး မြို့များမှ အများဆုံးဝင်ရောက်လျက် ရှိကြောင်း၊ ယခင်လတွင် ပန်းဂေါ်ဖီဈေးနှုန်းအနေဖြင့် အကြီးတစ်ပွင့်လျှင် (၄၀၀၀/-)ကျပ်၊ အသေးတစ်ပွင့်လျှင် (၃၀၀၀/-) ကျပ် ရှိကြောင်း၊ ယခုလတွင် ပန်းဂေါ်ဖီဈေးနှုန်းအနေဖြင့် အကြီး တစ်ပွင့်လျှင်(၂၃၀၀/-)ကျပ်၊ အသေးတစ်ပွင့်လျှင် (၁၂၀၀-၁၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခင်လထက် ဈေးနှုန်းများကျဆင်းလျက်ရှိကြောင်း၊ ဈေးနှုန်းကျဆင်းရခြင်းမှာ ဈေးများသို့ ပန်းဂေါ်ဖီများ ဖြိုင်ဖြိုင်ဝင်ရောက်နေသောကြောင့် ဖြစ်ကြောင်း၊ ပန်းဂေါ်ဖီတွင် ကယ်လိုရီဓာတ် နည်းပါးပြီး ဗီတာမင်များစွာ ကြွယ်ဝသောကြောင့် လိုအပ်သည့် ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ပါဝင် ကြောင်း၊ ပန်းဂေါ်ဖီကို ဘဲဥနဲ့ပဲ ကြော်စားစား၊ ချဉ်ရည်ဟင်းပဲချက်ချက်၊ လက်ဖက်နဲ့ပဲရော သုပ်သုပ်၊ ရေနွေးဖျော၍သုပ်သုပ် စားသုံး၍ရကြောင်း၊ ပန်းဂေါ်ဖီကို စားသုံးခြင်းဖြင့် အစာခြေ စနစ် ကျန်းမာစေ ခြင်း၊ အရိုးများသန်မာစေခြင်း၊ သွေးလည်ပတ်မှုကောင်းစေခြင်း၊ ဝိတ်ကျစေခြင်း စသည့်ကျန်းမာရေး အကျိုးကျေးဇူးများစွာရရှိကြောင်း၊ ဟင်းသီးဟင်းရွက်များကို ပုံမှန်စားသုံးခြင်းဖြင့် ကျန်းမာရေး ကောင်းစေနိုင်ပြီး ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း၊ ပန်းဂေါ်ဖီ အပါအဝင် ဟင်းသီး ဟင်းရွက်များကို များများစားသုံးပေးခြင်းကြောင့် အဝလွန်တာ၊ ဆီးချို၊ နှလုံးရောဂါ အပါအဝင် နာတာရှည်ရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ကြောင်း ကျန်းမာရေး စာ‌စောင်များမှ သိရှိရပါသည်။

DOCA(မန္တလေး)