Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြို့မဈေးတွင်အရောင်းအဝယ်ဖြစ်သည့် နာနတ်သီးနှင့် ဒညှင်းသီး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ  သစ်သီးဝလံမျိုးစုံရောင်းချသည့် ဆိုင်များတွင် ပန်းသီး၊ စပျစ်သီး၊ ဖရဲသီး၊ နာနတ်သီး၊ ဒညှင်းသီး၊ ငှက်ပျောသီးနှင့် သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာ နာနတ်သီးနှင့် ဒညှင်းသီးကို မန္တလေးမြို့၊ မြစ်ကြီးနားမြို့နှင့် မိုးညှင်းမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ရောင်းချနေ‌သော နာနတ်သီးဈေးနှုန်းများမှာ မြစ်ကြီးနား နာနတ်သီးတစ်လုံးလျှင်(၆၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၅၀၀၀)ကျပ်၊ မန္တလေး နာနတ်သီးတစ်လုံးလျှင်(၅၀၀၀)ကျပ်၊ ဒညှင်းသီးဈေးနှုန်းမှာ ဒညှင်းသီးတစ်လုံးလျှင် (၃၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၂၀၀)ကျပ်နှင့် ဒညှင်းသီးအပြုတ်တစ်လုံးလျှင် (၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလပထမပတ်အတွင်း မြစ်ကြီးနားနာနတ်သီးတစ်လုံးလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း ဈေးသည်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ ကြက်ကင်၊ငါးကင်နှင့်အကင်စုံဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါးမျိုးစုံ ရောင်းချလျက်ရှိရာ တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေး လုပ်ငန်းအနေဖြင့် ကြက်ကင်၊ ငါးကင်နှင့် အခြားအကင်မျိုးစုံ စသည်ဖြင့် ရောင်းချနေကြောင်း၊ ကြက်သားနှင့် ငါးတို့ကို ကန့်ဘလူ မြို့မဈေးမှ ဝယ်ယူရကြောင်းသိရှိရသည်။

      ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့တွင် ရောင်းချနေသော အကင်ဈေး နှုန်းများမှာ အရွယ်အစားနှင့် အမျိုးအစားပေါ်မူတည်၍ ကွာခြားမှုရှိပြီး ငါးကင်အသေး တစ်ကောင်လျှင်(၃၅၀၀မှ ၅၀၀၀)ကျပ်၊ အကြီးတစ်ကောင်လျှင် (၈၀၀၀မှ ၁၂၀၀၀)ကျပ်၊ ကြက်ပေါင်(၁)ကင် လျှင်(၅၅၀၀)ကျပ်၊ ကြက်တောင်ပံကင်(၁)ချောင်းလျှင် (၁၅၀၀)ကျပ်၊ ကြက်သဲမြစ်(၁)ချောင်း (၅၀၀)ကျပ်၊ ကြက်ခြေထောက်(၃)ချောင်း(၂၀၀၀)ကျပ်၊ ရုံးပတီသီး(၁)ကင်(၅၀၀)ကျပ်နှင့် အသားတု ကင်(၁၀)ချောင်း (၁၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဒေသထွက် သနပ်ခါးတုံးများ ပုံမှန်အရောင်းအဝယ်ဖြစ်

        စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာအမျိုးသမီးများ ကြိုက်နှစ်သက်စွာ အသုံးပြုနေကြသည့် သနပ်ခါးပင်များ စိုက်ပျိုးထွက်ရှိရာ ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။ မြန်မာ့သနပ်ခါးသည် ကဗျာ၊ သီချင်းများ စပ်ဆိုရသည်အထိ ထင်းရှားပြီး၊ ရှေးယခင်ကပင် သနပ်ခါးကို နန်းတွင်းအလှကုန်အဖြစ် အသုံးပြုခဲ့ကြောင်း သိရှိရပါသည်။

          မြန်မာနိုင်ငံတွင် သနပ်ခါးသည် သဘာဝအလှကုန်ပစ္စည်းအဖြစ် ဈေးကွက်တွင် အရေးပါပြီး နိုင်ငံတကာတွင်လည်း စိတ်ဝင်စားမှုများလာကြောင်း၊ သနပ်ခါးသည် ကျန်းမာရေးနှင့် အလှအပတို့ အတွက် တန်ဖိုးမဖြတ်နိုင်သော သဘာဝလက်ဆောင်တစ်ခုဖြစ်ပြီး၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချ နေသော သနပ်ခါးတုံးများသည် ကန့်ဘလူခရိုင်အတွင်းမှ ထွက်ရှိသလို၊ ရွှေဘိုမြို့ရှိ လက်လီ၊လက္ကား သနပ်ခါးတုံး အရောင်းဆိုင်များမှလည်း ဝယ်ယူရောင်းချကြောင်း၊ နိုဝင်ဘာလ ပထမပတ်အတွင်း မြန်မာ့ရိုးရာသနပ်ခါး()တုံးလျှင် (၅၀၀၀မှ ၆၀၀၀)ကျပ်၊ အသေး()တုံးလျှင် (၂၀၀၀)ကျပ်နှင့် () တုံးလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ အရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းများကွာခြားကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ ရွှေသခွားမွှေးသီးနှင့် ကျောက်သခွားမွှေးသီး

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ်သီး၊ လိမ္မော်သီး၊ ပန်းသီး၊ ဖရဲသီး၊ ပန်းသစ်တော်သီးများနှင့် သခွားမွှေးသီးများ ရောင်းချလျက်ရှိပြီး ရွှေသခွားမွှေးသီးနှင့် ကျောက်သခွားမွှေးသီးများကို မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ရွှေသခွား မွှေးသီးအကြီး(၁)လုံးလျှင် (၉၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၇၀၀၀)ကျပ်နှင့် ကျောက်သခွားမွှေး သီးအကြီး(၁)လုံးလျှင် (၈၀၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၆၀၀၀)ကျပ်ဈေးနှုန်းတို့ ဖြင့်ရောင်းချလျက်ရှိရာ ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုလပထမပတ်အတွင်း ရွှေသခွားမွှေး သီးအကြီး(၁)လုံးလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးရှိ အမဲသားနှင့် ဝက်သားဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက် အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက် အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ဝက်သားများကို ကန့်ဘလူမြို့ရှိ လက်လီ/ လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း  ကန့်ဘလူမြို့မဈေးတွင် ဝက်သားရှယ်(၁)ပိဿာ(၃၄၀၀၀)ကျပ်၊ ဝက်ပေါင်သား (၁)ပိဿာလျှင် (၃၂၀၀၀)ကျပ်၊ နံကိုင်းသား(၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်၊  အမဲသားသန့်(၁)ပိဿာလျှင်(၂၈၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ  ယခင်အောက်တိုဘာလ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဝက်သား(၁)ပိဿာလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း အသားရောင်း ချသူများထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အောက်တိုဘာလနောက်ဆုံးပတ်ပန်းကုံးစျေးအနည်းငယ်တက်

           တန်ဆောင်မုန်းလအခါသမယအချိန်ဖြစ်၍ မန္တလေးပန်းကုံးမျိုးစုံစျေးကွက်အတွင်း စျေး အနည်းငယ်မြင့်တက်ပြီး အရောင်းသွက်လှျက်ရှိကြောင်းသိရှိရပါသည်။စျေးကွက်အတွင်းသို့မန္တလေးတိုင်းဒေသကြီးအတွင်းပုသိမ်ကြီးမြို့နယ်၊မတ္တရာမြို့နယ်၊အမရပူရမြို့နယ်၊ပြင်ဦးလွင်မြို့နယ်နှင့်ကျောက်ပန်းတောင်းမြို့နယ်(ပုပ္ပားဒေသ)နှင့်စစ်ကိုင်း တိုင်း ဒေသကြီးတို့မှ ကုံးပန်းများ ဝင်ရောက် ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့်ပန်းကုံး လက်လီပေါက်စျေးနှုန်းများမှာ စပါယ်ပန်းအပွင့် ၂၅ ကုံးပါတစ်တွဲလျှင် ၁၇၀ဝိ/-နှင့် ၂၀၀ဝိ/-၊ ဇွန်ပန်း ၂၅ ကုံးပါ ၁၈၀ဝိ/-နှင့် ၂၀၀ဝိ/-၊ စကားဝါပန်း/စကားဖြူပန်း ၁၀ ကုံးပါ ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊ သနပ်ခါးပန်း၁၀ ကုံးပါ တစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၃၅၀ဝိ/-၊ရွှေပန်းနှင့်ငွေပန်း ၁၀ ကုံးပါတစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-၊ ကံ့ကော်ပန်း ၁၀ကုံးပါတစ်တွဲလျှင် ၄၀၀ဝိ/-နှင့် ၅၀၀ဝိ/-၊နှင်းဆီပန်း(ဗမာ) ၁၀ ကုံးလျှင် ၃၅၀ဝိ/-နှင့်၄၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)      

မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်သည့် မုန့်ညှင်းရွက်နှင့် မုန့်ညှင်းချဉ်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိ ရာစားဖိုဆောင်သီးနှံများကို ရာသီချိန်အလိုက် စိုက်ပျိုးကြကြောင်း၊ မုန့်ညှင်းရွက်ကို မြို့ပေါ်ရပ် ကွက်များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မိမိတို့နေအိမ်ခြံဝင်းများ၊ ယာကွက်များတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရှိရသည်။

      ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် မုန့်ညှင်းချဉ်()ပန်းကန် လျှင်(၃၀၀)ကျပ်၊ ()ပန်းကန်လျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ မုန့်ညှင်းစိမ်းလက်လီ()စီးလျှင် (၅၀၀)ကျပ်၊  လက္ကား()စီးလျှင်(၂၃၀၀)ကျပ် ရောင်းချလျက်ရှိရာ ယခင်အောက်တိုဘာလ ဈေးနှုန်း များနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း  မုန့်ညှင်းစိမ်းရွက်()စီးလျှင် (၂၀၀)ကျပ် ဈေးနှုန်းမြင့်တက် လာကြောင်း ဟင်းသီးဟင်းရွက်ရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

အရောင်းသွက်သည့်မန္တလေးပန်းမျိုးစုံစျေးကွက်

       စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးအတွင်း မတ္တရာမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊အမရပူရမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ရှမ်းပြည်နယ်တောင်ကြီး ဒေသတို့ မှ ထွက်ရှိသည့်ပန်းများ ဝင်ရောက်လျှက်ရှိပြီး၊အရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့်ပန်းတစ်စီးလက်လီပေါက်စျေးနှုန်းများမှာဂန္ဓာမာပန်းကြွေဖြူတစ်စီးလျှင် ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊အရောင်အမျိုးအစားအလိုက် ဂန္ဓာမာပန်း အပွင့်သေး  ၂၀၀ဝိ/- နှင့် ၂၅၀ဝိ/-၊ မေမြို့ပန်းရောင်စုံ ၂၀၀ဝိ/- နှင့် ၂၅၀ဝိ/-၊ သစ္စာပန်း ၄၀၀ဝိ/- နှင့် ၄၅၀ဝိ/-၊ လီလီပန်း ၁၅၀၀ဝိ/- နှင့် ၂၀၀၀ဝိ/-၊ သပြေပန်း ၇၀ဝိ/- နှင့် ၁၀၀ဝိ/-၊ အာဆီယံသပြေ ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/-၊ နှင်းဆီပန်း ၂၀၀ဝိ/- နှင့် ၄၀၀ဝိ/-၊ ကျောက်စိမ်းပန်း ၃၀၀ဝိ/- နှင့် ၄၀၀ဝိ/-၊ ကံ့ကော်ညွှန့် ၂၅၀ဝိ/-နှင့်၃၀၀ဝိ/-၊သစ်ခွပန်း၄၀၀ဝိ/-နှင့် ၆၀၀ဝိ/-စျေးဖြင့် ရောင်းချလျက်ရှိကြောင်း၊ မန္တလေးစျေးချိုတော်ရှိ ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)      

      မြို့မဈေး၌ အရောင်းအဝယ်ဖြစ်သည့် မန်ကျည်းသီးမှည့်ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် နေရာအနှံ့အပြားတွင် မန်ကျည်း ပင်များ အလေ့ကျပေါက်ရောက်ပြီး ဒေသခံပြည်သူများက မန်ကျည်းသီးမှည့်ချိန်တွင် ခူးဆွတ်ကာ ရောင်းချကြောင်း၊ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်းသီး မှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်ကို လူကြိုက်များ၍ အရောင်း အဝယ်ပိုဖြစ်ကြောင်း သိရသည်။

          ကန့်ဘလူမြို့နယ်တွင် မန်ကျည်းသီးမှည့်ကို ဝယ်ယူသည့်ပွဲရုံမရှိဘဲ ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြသလို မြို့နယ်အတွင်းရှိ အကြော်ဆိုင်များ၊ အကင်ဆိုင်များနှင့် စားသောက်ဆိုင်များမှ မန်ကျည်းဆော့ပြုလုပ်ရန် ဝယ်ယူကြောင်း၊ နိုဝင်ဘာလ ပထမပတ်အတွင်း  အစေ့လွတ်မန်ကျည်း သီးမှည့် လက်လီတစ်ပိဿာလျှင် (၇၅၀၀)ကျပ် လက်ကားတစ်ပိဿာ (၇၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၄၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၈၀၀)ကျပ်နှင့် အစေ့ပါမန်ကျည်းသီးမှည့် (၁)ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိရာ အစေ့လွတ်မန်ကျည်းမှည့် (၁)ပိဿာလျှင် (၅၀၀)ကျပ်ဈေးနှုန်းကျဆင်းလာကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

  ထန်းလျက်အမျိုးအစားအလိုက်ပေါက်စျေးများ

         မန္တလေးမြို့စျေးကွက်အတွင်းသို့တံတားဦးမြို့နယ်၊ကေျာက်ပန်းတောင်းမြို့နယ်နှင့်ညောင်ဦး မြို့နယ်တို့မှ ထွက်ရှိသည့်ထန်းလျက်များ အမျိုးအစားအလိုက် ပေါက်ဈေးအမျိုးမျိုးဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ်အတွင်းဖြစ်ပေါ်နေ သည့်ထန်းလျက်တစ်ပိဿာ ပေါက်စျေးများမှာ ထန်းလျက်(လုံးသေး) ၈၀၀ဝိ/- နှင့် ၁၀၀၀ဝိ/-၊ အုန်းထန်းလျက် ၁၁၀၀ဝိ/- နှင့် ၁၃၀၀ဝိ/-၊ နို့ထန်းလျက်  ၁၀၀၀ဝိ/- နှင့် ၁၁၀၀ဝိ/-၊ ဆီးထန်းလျက် ၈၀၀ဝိ/-နှင့် ၉၀၀ဝိ/-၊နှမ်းထန်းလျက် ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊မြေပဲထန်လျက် ၁၂၀၀ဝိ/- နှင့် ၁၃၀၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျှက်ရှိပြီး၊ ထန်လျက်စျေးမှာ ပြောင်းလဲမှုမရှိဘဲ စျေးငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)      

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း