Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

   နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊စက်တင်ဘာလ(၅)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance (၃၀၅၅) ကျပ်၊ 95 Octance(၃၁၂၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၇၅) ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၀)ကျပ်ဖြင့် ရည်ညွှန်းဈေးအတိုင်းရောင်းချလျက်ရှိကြောင်း သိရှိ ရသည်။

  စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၅-၉-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၅၅)ကျပ်၊ 95 Octance(၃၁၂၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၇၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာလျှင် 92 Octance တွင်(၅)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တွင်(၃၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး 95 Octanceတွင်(၂၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ ကြောင်း သိရှိရသည်။   

DOCA(မန္တလေး)   

တောင်သာမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

  တောင်သာမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၃)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ(၅)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance (၃၁၀၀) ကျပ်၊ 95 Octance(၃၁၇၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၅၀) ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၀၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၅-၉-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၅၅)ကျပ်၊ 95 Octance(၃၁၂၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၇၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာလျှင် 92 Octanceတွင်(၅)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တွင်(၃၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး 95 Octanceတွင် (၂၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)                                                                                                     

မြင်းခြံမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

  စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၅-၉-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၅၅)ကျပ်၊ 95 Octance(၃၁၂၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၇၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

  မြင်းခြံမြို့တွင် စက်သုံးဆီအရောင်းဆိုင်(၂၈)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊စက်တင်ဘာလ(၅)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်း များ အနေဖြင့် 92 Octance(၃၁၁၅)ကျပ်၊ 95 Octance(၃၁၈၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၃၅)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၃၄၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေး များသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာလျှင် 92 Octanceတွင်(၅)ကျပ်၊ ရိုးရိုးဒီဇယ်တွင် (၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တွင်(၃၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး 95 Octanceတွင်(၂၀)ကျပ် ဈေးနှုန်း ကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

၂၀၂၅-၂၀၂၆ခုနှစ်၊မိုးမြေပဲစိုက်ပျိုးထားရှိမှု

  မြင်းခြံခရိုင်သည် ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိရာ ဆောင်းမြေပဲ နှင့်မိုးမြေ ပဲဟူ၍ နှစ်ရာသီစိုကပျိုး လျက်ရှိကြောင်း သိရှိရသည်။ မိုးမြေပဲသီးနှံကို မေလမှ ဇွန်လအထိ စိုက်ပျိုးပြီး စက်တင် ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်း ထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန် မှ ရိတ်သိမ်းချိန်အထိ (၄)လကြာမြင့်ကြောင်း သိရှိရသည်။

            ၂၀၂၅-၂၀၂၆ခုနှစ်၊ မြင်းခြံခရိုင်ချုပ်အနေဖြင့် မိုးမြေပဲစိုက်ဧကပေါင်း (၂၅၃၀၀)ဧက စိုက်ပျိုး ထားကြောင်း၊ မြင်းခြံမြို့နယ်တွင် မိုးမြေပဲစိုက်ဧက(၂၅၀)စိုက်ပျိုးထားကြောင်း၊ တောင်သာမြို့ နယ်တွင် စိုက်ဧက(၁၀၀၆၈)ဧက၊ နွားထိုးကြီးမြို့နယ်တွင်(၁၄၉၈၂)ဧက စိုက်ပျိုးထားကြောင်း၊ သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရသည်။ ပင်ပြန့်မျိုးကိုသာ စိုက်ပျိုးထားကြပြီး အတန်းလိုက် စနစ်ဖြင့် တစ်ဧကလျှင် မြေပဲမျိုးစေ့ တစ်တင်းခွဲနှုန်း စိုက်ပျိုးထားရှိကြောင်း၊ ပင်ခြားတန်း ခြားအနေဖြင့် (၆)လက်မ၊(၈)လက်မခြား စိုက်ပျိုးထားကြောင်းသိရှိရသည်။ မိုးမြေပဲကိုယခင်နှစ် ကထက်(၇၅)ဧက ပိုမိုစိုက်ပျိုးထားရှိကြောင်းနှင့် မိုးကိုမျှော်ပြီးစိုက်ပျိုးရသောသီးနှံဖြစ်၍ ယခု နှစ်ရာသီဥတုအခြေအနေအရ ယခင်နှစ်ကထက် အထွက်နှုန်းပိုမိုကောင်းမွန်မည်ဟု သုံးသပ်မိပါ ကြောင်း မိုးမြေပဲစိုက် တောင်သူ တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် မြေပဲ S1 လုံးဆံတစ်ပိဿာလျှင် (၇၄၀၀)ကျပ်၊ဆီဆံတစ် ပိဿာ လျှင်(၆၇၀၀)ကျပ်၊  မြေပဲဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်ပေါက်ဈေး များရှိကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုစက်တင်ဘာလတွင် ယခင်လထက် မြေပဲလုံးဆံ၊ မြေပဲဆီဆံနှင့် ပဲဆီသန့်ဈေးနှုန်းများကျ ဆင်းခဲ့ကြောင်း မြင်းခြံကုန်စည်ဒိုင် မှ တာဝန်ရှိ သူ၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့မဏိစည်သူဈေးရှိအခြေခံစားကုန်ဈေးနှုန်းများ

  ညောင်ဦးမြို့နယ်အတွင်းရှိ မဏိစည်သူဈေးတွင် သစ်သီးဝလံဟင်းသီးဟင်းရွက်၊ မုန့်မျိုးစုံ၊ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများနှင့် အသားငါးမျိုးစုံရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် ရောင်းချလျက်ရှိသော အခြေခံစားကုန် လက်လီလက်ကား ဈေးနှုန်းများအနေဖြင့် ပေါ်ဆန်းမွှေးဆန် တစ်ပြည်လျှင် (၆၅၀၀) ကျပ်၊ ဆီ(စားအုန်းဆီ) ၁ပိဿာ လျှင် (၇၃၄၅-၇၅၄၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၆၀၀၀- ၁၇၀၀၀) ကျပ်၊ ကြက်သွန်နီ ၁ ပိဿာလျှင် (၁၅၀၀) ကျပ်၊ ကြက်သွန်ဖြူ ၁ ပိဿာလျှင် (၇၀၀၀ - ၈၀၀၀) ကျပ်၊ ဆိတ်သား ၁ ပိဿာလျှင် (၃၅၀၀၀) ကျပ်၊ ဝက်သား(သုံးထပ်သား) ၁ ပိဿာလျှင် (၃၅၀၀၀) ကျပ်၊ အမဲသား ၁ ပိဿာလျှင် (၃၀၀၀၀) ကျပ်၊ ငါးမြစ်ချင်းအကောင်လိုက် ၁ ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ကြက်သား(မွေးမြူရေးကြက်) အကောင်လိုက် ၁ ပိဿာ လျှင်(၂၀၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၄၀၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၆၀၀) ကျပ်ပေါက်ဈေး များဖြင့်ရောင်းချလျက်ရှိကြောင်း၊ ကာလတူ နှိုင်းယှဉ်ပါက  ယခုလတွင် စားအုန်းဆီနှင့် ကြက်သား၊ ဝက်သား၊  ဆိတ်သားဈေးများမှာ ဈေးနှုန်း မြင့်တက်ခဲ့ပြီး ပဲဆီသန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူများမှာ ဈေးနှုန်းများကျဆင်း ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့နယ်မိုးစပါးစိုက်ပျိုးထားရှိမှုနှင့်ဆန်စပါးဈေးနှုန်း

မိုးစပါးစိုက်ဧကများကို ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကြက်မောက်တောင်ဆည် အထက်ဘက်ကျေးရွာများဖြစ်သည့်ဂွေးကုန်းရွာ၊လက်ပံအိုင့်ရွာ၊လဲဂွရွာ၊မုန့်ကုန်းရွာ၊ ဆပ်ပြာကျင်းရွာ၊ ညောင်ဖြူပင်ရွာနှင့် ရွာသစ်ရွာများ၌ စိုက်ပျိုးထားကြောင်းသိရှိရသည်။ မိုးစပါးသီးနှံကို ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ရိတ်သိမ်း ထွက်ပေါ်မည်ဖြစ်ကြောင်း၊၂၀၂၅-၂၀၂၆ ခုနှစ်တွင် ကြက်မောက်တောင်  ဆည်ရေသောက်‌ဒေသများ တွင်မိုးစပါး (၇၆၄) ဧကစိုက်ပျိုးထား ကြောင်းနှင့် စိုက်ပျိုးရန်ကျန်ရှိသော ဧကများ စက်တင်ဘာလ တွင်ဆက်လက် စိုက်ပျိုးနေကြောင်း စိုက်ပျိုး‌ရေးဦးစီးဌာန၏ စာရင်းများအရသိရှိ ရသည်။ စိုက်ပျိုး သည့် စပါးမျိုးများမှာ ဆင်းသုခ၊ မနောသုခနှင့် အောင်နိုင်တိုးစပါးမျိုးများကို စိုက်ပျိုးထားကြောင်း၊  ပျိုးထောင်ရက် (၂၁)ရက်အကြာတွင် စိုက်ပျိုးမည့် လယ်မြေအတွင်း ရွေ့ပြောင်းစိုက်ရကြောင်း စပါးတစ်သီး ရင့်မှည့်ချိန်အထိ ငါးလကြာမြင့်ကြောင်း ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် မိုးစပါးများ ရိတ်သိမ်း ထွက်ပေါ်မည် ဖြစ်ကြောင်း၊ မိုးလေဝသမှန်ကန်သည့် နှစ်များတွင် မိုးစပါးများကို စောစောစိုက်ပျိုးလေ့ရှိပြီး မိုးရွာသွန်းမှုနောက်ကျလျှင် မြေအောက်ရေသောက်စနစ် ဖြင့်စိုက်ပျိုး ကြောင်း သိရှိရသည်။ ယခင်နှစ်တစ်ဧက အထွက်နှုန်းအနေဖြင့် ၉၇ တင်းမှ ၁၀၀ တင်းခန့်ထွက် ရှိကြောင်း၊ ထွက်ပေါ်ချိန် စပါးတစ်တင်းလျှင် ဒေသပေါက်ဈေး (၁၈၀၀၀-၂၀၀၀၀) ကျပ်ခန့်ပေါက် ဈေးရှိသော်လည်း အရောင်း အဝယ်မရှိကြောင်း၊ ထွက်ရှိသောစပါးများကို ဒေသအတွင်းရှိစက် များ၌ကြိတ်ခွဲပြီး ရရှိလာသောဆန်သားများကို ‌ဒေသတွင်းဝမ်းစာနှင့် တိရိစ္ဆာန် အစာအဖြစ် အသုံးပြု ကြကြောင်း၊ ဒေသတွင်း‌ပေါက်ဈေးအနေဖြင့် မနောသုခဆန်တစ်တင်းခွဲ တစ်အိတ် လျှင် (၇၀၀၀၀-၈၀၀၀၀) ကျပ်ခန့်ရှိ ကြောင်းသိရှိရသည်။

DOCA( မန္တလေး)

အညာ ကြက်သွန်နီ စျေးကွက်

 မြင်းခြံမြို့နယ်တွင်းသို့ ၂၈-၈-၂၀၂၅ ရက်နေ့မှ ၄-၉-၂၀၂၅ ရက်နေ့ထိ တစ်ပတ်တာ အတွင်း ကြက်သွန်နီ ပိဿာချိန် ၄ သိန်းကျော်ဝင်ရောက်ခဲ့ပြီး ကုန်စည်ဒိုင် လက်ကားပြတ် ဈေးအနေဖြင့် အနိမ့် တစ်ပိဿာ ၅၀၀ ကျပ်မှ အမြင့် ၁၁၅၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး ဈေးနှုန်းအပြောင်းအလဲ မရှိ မြို့ပေါ်လက်လီအရောင်း သမားများနှင့် နယ်ဝယ် တင်သမားများ ပုံမှန်အဝယ်ရှိအပြီး အရောင်းအဝယ် ပုံမှန်ဖြစ်လျက်ရှိကြောင်းသိရသည်။

မြင်းခြံမြို့၊ အေးမြသီတာစျေး ၊ စံပြဈေးနှင့်ဈေးပြင်ဘက် ပြန်ကျတန်းမျာတွင် ရောင်းချ လျှက်ရှိသော နွေကြက်သွန်နီလက်လီတစ်ပိဿာဈေးနှုန်းများအနေဖြင့် (၈၀၀)ကျပ်စျေးနှုန်းမှ (၁၅၀၀)ကျပ်စျေးနှုန်းရှိကြောင်းသိရသည်။

ကြက်သွန်နီများကို အခွံပါးသည့်ချောင်းစနှင့် အခွံထူသည့်ကုန်းစဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ အခွံပါးသည့် ချောင်းစကြက်သွန်နီများကို တစ်ပိဿာလျှင်(၁၃၀၀)ကျပ်မှ (၁၅၀၀)ကျပ် စျေးနှုန်းဖြင့် ရောင်းချလျှက်ရှိပြီး အခွံထူသည့်ကုန်းစ ကြက်သွန်နီများကို တစ်ပိဿာလျှင်(၈၀၀) ကျပ်မှစတင်၍ (၁၀၀၀)ကျပ်၊ (၁၂၀၀)ကျပ်၊ (၁၃၀၀)ကျပ်၊ (၁၅၀၀)ကျပ်စျေးနှုန်းများအထိ အလုံးအကြီး အသေးပေါ် လိုက်၍ ချိုသာစွာရောင်းချလျှက်ရှိကြောင်းသိရသည်။ ထို့ပြင် ကြက်သွန်နီများကို မြင်းခြံအနီးကျေးရွာ များတွင် စိုက်ပျိုးကြသော်လည်း ကံဆင့်ကျေးရွာမှထွက်ရှိသော ကြက်သွန်နီများကို ဒေသခံများမှ ပိုမိုအထားခံ၍ ကြိုက်နှစ်သက်ကြ‌ကြောင်း ကုန်သည်တစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏ အစေ့ထုတ်ပြောင်း(CP )ဈေးနှုန်းဈေးကွက်

          မြင်းခြံမြို့ပေါ်ဈေးကွက်သို့ CP အစေ့ထုတ်ပြောင်း စိုက်ပျိုးရာ ကျေးရွာအများစုမှ ထွက်ရှိသော CP အစေ့ထုတ်ပြောင်းများရောင်းချလျက်ရှိပြီး ကုန်အဝင်မှာ တစ်ဖြည်းဖြည်း နည်းပါးလာကြောင်း ၊ ရာသီကုန် ကာလလည်းဖြစ်၍ အဝင်နည်းရခြင်းဖြစ် ကြောင်း လုပ်ငန်းရှင်တစ်ဦး၏ ပြောပြမှုအရသိရ ပါသည်။CP အစေ့ထုတ်ပြောင်း ဈေးနှုန်းအနေဖြင့် ဩဂုတ်လ စတုတ္တပတ်တွင် CP အစေ့ထုတ်ပြောင်း တစ်ပိဿာ ၁၄၃၀ - ၁၄၄၀ ကျပ်ဈေးဖြင့် အိတ် ၁၀၀၀-၁၅၀၀ ခန့်အရောင်းအဝယ်ရှိခဲ့ကြောင်း၊ ယခု စက်တင်ဘာလ ပထမပတ်၏ ၂-၉-၂၀၂၅ ရက်နေ့ဈေးအနေဖြင့် CP အစေ့ထုတ်ပြောင်း တစ်ပိဿာ ၁၄၀၀ ကျပ်သို့ဈေးနှုန်း ကျဆင်းသွားပြီး အိတ်ရေ ၇၀၀-၈၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ၊ လှောင်လက် လုပ်ငန်းရှင်များမှ ပြန်လည်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း တစ်ဆင့်ပြန်လည်၍ မန္တလေးနှင့် ရန်ကုန်ရှိ အစာစပ်စက်ရုံသို့ တင်ပို့ရောင်းချကြကြောင်းသိရသည်။မြင်းခြံမြို့နယ်အနေဖြင့် လက်ရှိကာလသည် ဧရာဝတီမြစ်ရေဝင်ပြီးကာလဖြစ်ပြီး CP အစေ့ထုတ်ပြောင်းများကို အောက်တိုဘာလနှင့်နိုဝင် ဘာလများတွင် စိုက်ပျိုးကြမည်ဖြစ်ကြောင်းလေ့လာသိရှိရပါကြောင်း ၊ ရှမ်းပြောင်း (CP)  များလည်း ထွက်ပေါ်နေပြီဖြစ်သည့်အတွက် မြင်းခြံဈေးကွက် အတွင်းသို့ လည်းရှမ်းပြောင်း(CP)များမကြာခင်ဝင်ရောက်လာမည်ဖြစ်သည့်အတွက် CP အစေ့ထုတ်ပြောင်း ဈေးကွက်အနေဖြင့် ဒေသထွက်ပေါ်ခြင်းမရှိ သော်လည်း ဈေးနှုန်းပြောင်းလဲနိုင်ဖွယ်မရှိကြောင်း လုပ်ငန်းရှင်းတစ်ဦး၏ ပြောကြားမှုအရသိရပါသည်။

DOCA(မန္တလေး)

ပခုက္ကူမြို့၌ သကြားပြောင်းဖူးဈေး အနည်းငယ်တက်လျက်ရှိ

   သကြားပြောင်းဖူးသည် လူကြိုက်များသော သီးနှံတစ်မျိုးဖြစ်သည်။ ပြောင်းဖူးကို သရေစာအဖြစ် အမယ်မျိုးစုံပြုလုပ်စားသောက်ကြ၍ ဝယ်ယူစားသုံးမှုများပြီး ဈေးကွက်ခိုင်မာမှုရှိ၍ ရာသီအလိုက် သီးထပ် စိုက်ပျိုးလျက်ရှိကြပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံဈေးကွက်သို့လည်း သကြားပြောင်းဖူးစိုက်ပျိုးမှုများသော ပခုက္ကူကျွန်းကျေးရွာများဖြစ်သည့် ကျွန်းဦး၊ ကျွန်းညို၊ ကျွန်းညိုကြီး၊ ရွာသစ်၊ ကံလှ၊ နန်းတော်ရပ်၊ တင်းဂတ်၊ သံပုရာပင်ကုန်း၊ ဘောလုံးခုံ၊ လိပ်ကုန်းကျေးရွာများအပြင် မြစ်ခြေ၊ ကမ္မမြို့များနှင့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ အထက်ညဉ့်၊ အောက်ညဉ့်၊ သစ်ထောက်ကျွန်းကျေးရွာများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ စက်တင်ဘာလ(ပထမပတ်)တွင် သကြားပြောင်းဖူး  ဈေးအနည်းကျဆင်း အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)တွင် သကြားပြောင်းဖူးဈေးနှုန်းများအနေဖြင့် ပြောင်းဖူး အရွယ်အစား၊ အစေ့အကြီးအသေး အောင်မြင်မှုနှင့် သီးနှံလတ်ဆတ်မှုအပေါ်မူတည်၍ သကြား ပြောင်းဖူးစိမ်း တစ်ဖူးလျှင် လက်ကားဈေး ကျပ်(၄၅၀)၊ လက်လီဈေး တစ်ဖူးလျှင် ကျပ်(၅၀၀)ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ပြောင်းဖူးပြုတ်တစ်ဖူးလျှင် ကျပ်(၇၀၀-၅၀၀)ဈေးဖြစ်ကြောင်း၊ ယခင်ဩဂုတ်လ (စတု တ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက သကြားပြောင်းဖူး တစ်ဖူးလျှင် ကျပ်(၁၀၀)ခန့် ဈေးတက်၍ အရောင်း အဝယ်ဖြစ်ကြောင်း၊ ဒေသတွင်းစိုက်ခင်းများမှ ယခုအချိန်တွင် မြစ်ရေတက်ချိန်ဖြစ်၍ စိုက်ပျိုးမှု မရရှိသေး၍ အခြားမြို့နယ်များဖြစ်သည့် ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသထွက်ပြောင်းဖူးများ၊ ညောင်ဦးမြို့နယ်အတွင်း ရှိ ကျေးရွာများမှ ပခုက္ကူဈေးကွက်သို့ ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ပြောင်းဖူးသည် လူ့ခန္ဓာကိုယ်ကို ခွန်အားဖြစ်စေပြီး ကျန်းမာရေးနှင့် ညီညွတ်သော သီးနှံတစ်မျိုးဖြစ်၍ ဝယ်ယူစားသုံးမှု မြင့်မားခြင်းကြောင့် နေ့စဉ်အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ အကြော် ဆိုင်များ၊ အသုပ် မျိုးစုံဆိုင်များမှ ဝယ်ယူမှုများကြောင်း သိရှိရသည်။

DOCA(မကွေး)

ပခုက္ကူမြို့အမှတ်(၂)ဈေး၌ ရောင်းချနေသော မာလကာသီးဈေးနှုန်း အခြေအနေ

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ အမှတ်()ဈေးအတွင်း၌ ရောင်းချနေသော မာလကာသီးများကို ပခုက္ကူမြို့ပေါ်ရှိ မာလကာသီးခြံများနှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်း တောင်း၊  ပုပ္ပါးဒေသတို့မှ မှာယူရောင်းချကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ရောင်းချနေသော မာလကာသီး ဈေးနှုန်းများမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၄၀၀၀) အလတ်ဈေး ကျပ်(၃၀၀၀) အနိမ့်ဈေး ကျပ်(၂၀၀၀) ဈေးနှုန်းဖြင့် အသီး၏ အရည်အသွေးအပေါ် မူတည်၍ ရောင်းချလျက်ရှိကြောင်း မာလကာသီး ရောင်းချသူထံမှ သိရှိရပါသည်။

 DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း