Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အရောင်းသွက်သည့်ထန်းလျက်စျေးကွက်

        မန္တလေးမြို့စျေးကွက်အတွင်းသို့ တံတားဦးမြို့နယ်၊ ကေျာက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့မှ ထွက်ရှိသည့် ထန်းလျက်များဝင်ရောက်လျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်စက်တင်ဘာလ ပထမပတ်အတွင်းဖြစ်ပေါ်နေသည့် ထန်းလျက် တစ်ပိဿာ ပေါက်စျေးများမှာ ထန်းလျက် (လုံးသေး) ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊ အုန်းထန်းလျက် ၁၁၀၀ဝိ/- နှင့် ၁၃၀၀ဝိ/-၊ နို့ထန်းလျက်     ၁၀၀၀ဝိ/- နှင့် ၁၁၀၀ဝိ/-၊ ဆီးထန်းလျက် ၈၀၀ဝိ/- နှင့် ၉၀၀ဝိ/-၊နှမ်းထန်းလျက် ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊မြေပဲထန်လျက် ၁၂၀၀ဝိ/- နှင့် ၁၃၀၀ဝိ/- စျေးတို့ဖြင့် အသီးသီးဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး) 

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသည့် ခါကြက်ဥဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊မုံညှင်းထုပ်၊ ပြောင်းဖူးများ ရောင်းချလျက်ရှိရာ ယခုအခါ ခါကြက်ဥများကို  ကန့်ဘလူမြို့မဈေးတွင်ရောင်းချ လျက်ရှိပါသည်။ခါကြက်ဥတွင်ခါကြက်ဥရိုးရိုး(ဗမာ)ဥနှင့် ခါကြက်ဥ(တရုတ်)ဥဟူ၍နှစ်မျိုးရှိကြောင်း၊ ခါကြက်ဥများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်၌ ကန့်ဘလူမြို့မဈေးတွင် ခါကြက်ဥ(ဗမာ)(၁)ပိ ဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်နှင့် ခါကြက်ဥ(တရုတ်)(၁)ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၂၀၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင်(၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

ရွှေပဲသီးတောင့်စျေးအနည်းငယ်ကျ

           မိုးရာသီချိန်ဖြစ်၍  မန္တလေးကုန်စိမ်းစျေးကွက်သို့ ရွှေပဲသီးတောင့်များ ဝင်ရောက်မှုများပြားပြီး၊ စျေးအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့ ၄၁လမ်းဈေးနှင့် သီရိမာလာဈေးတို့တွင် မန္တ‌လေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့်ရှမ်းပြည်နယ်ဒေသတို့မှ ထွက်ရှိသော ရွှေပဲသီးတောင့်သီးနှံများ ဝင်ရောက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်စက်တင်ဘာလ ပထမ ပတ်အတွင်း ပေါက်စျေးအနေဖြင့် ရွှေပဲသီးတောင့် တစ်ပိဿာလျှင် လက္ကားစျေး  ၆၅၀၀ ကျပ်နှင့် ၆၇၀၀ ကျပ်၊ လက်လီစျေး ၇၅၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊ ‌ရွှေပဲသီး အရွက်(၁၀ စည်းပါ) တစ်စည်းလျှင် လက္ကားစျေး ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊ လက်လီစျေး ၉၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊အရောင်း သွက်လျက်ရှိကြောင်း  ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(မန္တလေး)

ခါကြက်ဥ(ခေါ်)မုန်လာဥနီဈေးကွက်

           မန္တလေးဈေးကွက်အတွင်းသို့ ပြင်ဦးလွင်ဒေသနှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသများမှ ထွက်သည့်ခါကြက်ဥ(ခေါ်)မုန်လာဥနီ  ကုန်စိမ်းများဝင်ရောက်လျက်ရှိပါသည်။ ဈေးကွက်အတွင်း တွေ့ရသောခါကြက်ဥ(ခေါ်) မုန်လာဥနီကုန်စိမ်းမှာ ဒေသမျိုးမုန်လာဥနီနှင့်ထိုင်ဝမ်မျိုးမုန်လာ ဥနီအမျိုးအစား(၂)မျိုးရှိပြီး တစ်နှစ်ပတ်လုံးဝင်ရောက်သည့် ကုန်စိမ်းအမယ်တစ်မျိုးဖြစ်ပါသည်။ မန္တလေးမြို့၊ ၄၁လမ်းဈေးနှင့် သီရိမာလာစျေးတို့တွင်  ၂၀၂၅ ခုနှစ်စက်တင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်ဈေးမှာ တစ်ပိဿာလျှင် လက္ကားဈေး မုံလာဥနီ(ဒေသမျိုး) ၂၀၀၀ကျပ်နှင့် ၂၃၀၀ကျပ်၊ မုံလာဥနီထိုင်ဝမ်မျိုး ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊ လက်လီဈေးအနေဖြင့် မုန်လာဥနီ ဒေသမျိုး ၂၅၀၀ကျပ်နှင့် ၃၀၀၀ကျပ်၊ မုန်လာဥနီ ထိုင်ဝမ်မျိုး ၉၀၀၀ကျပ်နှင့် ၉၅၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး၊ အရောင်းသွက်သည့်ကုန်စိမ်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရွှေဘိုမြို့တွင် စက်တင်ဘာလ ပထမပတ်၌ ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

  မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၂၂)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၅ခုနှစ် ဩဂုတ်လ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၀၈၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၁၇၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၈၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၂၈၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

          ယခု ၂၀၂၅ ခုနှစ် စက်တင်ဘာလ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၀၈၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၁၅၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၇၀၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၃၁၀)ကျပ်ဖြင့် ရောင်းချ နေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၅)ကျပ်၊ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၅)ကျပ်နှင့်  ဒီဇယ် (ပရီမီယမ်)တစ်လီတာလျှင်(၂၅)ကျပ် ဈေးနှုန်း မြင့်တက်ခဲ့ပြီး၊ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၀)ကျပ် ဈေးနှုန်း ကျဆင်းခဲ့ကြောင်း၊ စက်သုံးဆီ အရောင်းဆိုင်များမှ သတင်း ရရှိသည်။

DOCA( စစ်ကိုင်း)

မုံရွာမြို့နန္ဒဝန်ဈေးတွင်ဖြစ်ပေါ်နေသော ‌ဂေါ်ဖီထုပ်နှင့် ပဲတောင့်ရှည်စျေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ နန္ဒဝန်စျေးတွင် စားဖိုဆောင်သီးနှံများ၊ အသား မျိုးစုံ၊ အကြော်စုံနှင့် အသုတ်စုံဆိုင်များ စုံလင်စွာ‌ရောင်းချလျက်ရှိရာ ဂေါ်ဖီထုပ်နှင့် ပဲတောင့်ရှည် များကိုလည်းရောင်းချလျက်ရှိကြောင်း သိရပါသည်။ ၂၀၂၅ ခုနစ်၊ စက်တင်ဘာလ ဒုတိယပတ် တွင် ရောင်းချလျက်ရှိသော ဂေါ်ဖီထုပ်ဈေးနှုန်းမှာ အထုပ်ကြီး (၁) ထုပ်လျှင် (၂၀၀၀) ကျပ်ဖြင့် လည်ကောင်း၊ အထုပ်သေး (၁) ထုပ်လျှင် (၁၀၀၀-၁၅၀၀) ကျပ်ဖြင့်လည်ကောင်း ရောင်းချ လျက်ရှိပြီး၊  ပဲတောင့်ရှည် (၁) စည်းလျှင် (၈၀၀) ကျပ်ဖြင့်လည်းကောင်း၊ (၃) စည်း (၂၄၀၀) ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း အသီးအရွက်ရောင်းချ သူများထံမှသိ ရပါသည်။

DOCA(စစ်ကိုင်း)

ကန်စွန်းဥဈေးနှုန်းစျေးကွက်

            စျေးကွက်အတွင်းသို့ ကန်စွန်းဥဝင်ရောက်မှုမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှအဝင်များပြီး၊ ကျန်ဒေသများမှလည်း ဝင်ရောက်ကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်တို့တွင် ကန်စွန်းဥကို အများအပြားစိုက်ပျိုးလျက်ရှိပြီး၊ ကန်စွန်းဥအတွင်းသားမှာ ငချိတ်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်၊ ပန်းရောင်၊ လိမ္မော်ရောင်နှင့်အဝါနုရောင်တို့မှာ စျေးကွက်အတွင်းသို့ အများဆုံးတွေ့ရပါသည်။ ၂၀၂၅ ခုနှစ်စက်တင်ဘာလပတ်တွင် စျေးကွက်အတွင်း ရောင်းချသည့်ကန်စွန်းဥလက္ကား တစ်ပိဿာစျေးနှုန်း ၂၅၀ဝိ/-မှ ၂၈၀ဝိ/-ထိ လက်လီ တစ်ပိဿာ စျေးနှုန်းများ ၃၀၀ဝိ/-မှ ၄၀၀ဝိ/-ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်တွင် ကန်စွန်းဥမှာ စျေးနှုန်းချိုပြီးအရောင်းသွက်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း ကန်စွန်းဥ ရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(မန္တလေး)

ပန်းဂေါ်ဖီစိမ်းစျေးကွက်

           မန္တလေးကုန်စိမ်းစျေးကွက်သို့      မန္တလေးတိုင်းဒေသကြီး၊    စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသများမှထွက်ရှိသည့် ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းများ စျေးကွက်အတွင်း ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းမှာ အရောင်းသွက်သည့်ကုန်စိမ်းအမယ်များဖြစ်ပြီး၊ ပန်းဂေါ်ဖီစိမ်းမှာ နူးညံ့မှုပိုသည့်အတွက် စျေးပိုရကြောင်း သိရှိရပါသည်။ မန္တလေးကုန်စိမ်းစျေးကွက်အတွင်း ၂၀၂၅ ခုနှစ် စက်တင်ဘာလပထမပတ်အတွင်း ပန်းဂေါ်ဖီစိမ်းတစ်ခုလျှင် လက္ကားစျေး  ၁၃၀ဝိ/-နှင့် ၁၅၀ဝိ/- စျေး၊လက်လီစျေးမှာ  ၁၇၀ဝိ/- နှင့် ၂၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးကုန်စိမ်းရောင်းချသည့်သီရိမာလာ စျေး(ပိုက်ကျုံးစျေး)တွင် ပန်း‌ဂေါ်ဖီဖြူနှင့် ပန်းဂေါ်ဖီ စိမ်း ကားဝင်ရောက်မှုမှာ နေ့စဉ်တစ်ရက်လျှင် Center () ဘီးကား (၈)စီးနှင့် (၁၀)စီးအကြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အရောင်းသွက်သည့်တောင်ပို့မှို

           မန္တလေးစျေးကွက်အတွင်းသို့ ၂၀၂၅ ခုနှစ် စက်တင်ဘာလပထမပတ်အတွင်း  ပြင်ဦးလွင်ဒေသထွက်တောင်ပို့မှိုများ ဝင်ရောက်မှုများပြားပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးစျေးကွက်အတွင်း မိုးရာသီချိန်တွင်ရရှိသည့် ပြင်ဦးလွင်ဒေသထွက်တောင်ပို့မှိုများ၊ ငွေနှင်းမှုံမှို၊ ကောက်ရိုးမှို၊ အပ်မှို၊ မှိုကြက်တောင်၊ ရှီတာကီမှို၊ ဝါးမှိုများ  တွေ့ရှိရပါသည်။   စျေးကွက်အတွင်း   သဘာဝအတိုင်းထွက်သည့်မှိုနှင့် စိုက်ပျိုးသည့်မှိုနှစ်မျိုးတို့ တွေ့ရှိရပါသည်။  ၂၀၂၅ခုနှစ်စက်တင် ဘာလပထမပတ်အတွင်း မှိုအမျိုးအစားအလိုက်ဖြစ်ပေါ်ခဲ့သည့်   တစ်ပိဿာ ပေါက်စျေးများမှာ တောင်ပို့မှိုလက္ကားစျေး ၃၀၀၀ဝိ/-နှင့်၃၅၀၀ဝိ/-၊ လက်လီစျေး ၄၀၀၀ဝိ/-၊  ငွေနှင်းမှုံမှိုလက္ကားစျေး ၇၀၀ဝိ/- စျေး၊လက်လီစျေး ၈၀၀ဝိ/-နှင့် ၉၀၀ဝိ/-၊ ကောက်ရိုးမှို လက္ကားစျေး ၉၅၀ဝိ/-လက်လီ စျေး ၁၀၅၀ဝိ/- နှင့် ၁၁၀၀ဝိ/- ၊ အပ်မှိုထုတ်(အထုတ်သေး ၁၀ ခုပါ) လက္ကားစျေး ၃၀၀၀ဝိ/- နှင့် လက်လီ စျေးအထုတ်(သေး)တစ်ထုတ်လျှင်  ၃၅၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)  

စက်တင်ဘာလပထမပတ်ပဲလွန်းပြာစျေးကွက်

           ပဲလွန်းပြာမှာပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့ရောင်းချသည့်ပဲတစ်မျိုးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်ပဲလွန်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧက ဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ် အိတ်လျှင် ပဲလွန်းပြာ ၁၈၀၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ၃၃၁၈ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ်လျှင် ပဲလွန်းပြာ ၃၇၀၀၀၀ ကျပ်၊ တစ်ပိဿာစျေး ၆၈၂၀ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှင့်ယခုနှစ် စျေးနှိုင်းယှဉ်ပါက ပဲလွန်းပြာ စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း