Main menu

ကုဆိုင်ပင် ခေါ်တရုတ်ဂျုးမြစ်ဈေးနှုန်းဈေးကွက်

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ ရပ်ကွက်အလိုက် ဈေးများထဲတွင် ဟင်းသီးဟင်းရွက်နှင့် သီးနှံမျိုးစုံရောင်းချလျက်ရှိရာ ယခုအခါ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  လယ်ဝေးမြို့နယ်ဘက်မှ မှာယူရောင်းချသော  တရုတ်ဂျူးမြစ် (ခေါ်) ကုဆိုင်များ ရောင်းချလျက်ရှိနေပါသည်။ ဂျူးမြစ်ကို တရုတ်ဂျူးမြစ် နှင့်ရှမ်းဂျူးမြစ်ဟူ၍ လူသိများသော်လည်း ရှမ်းဂျူးမြစ်သည် အမြစ်ပါ စားသုံးနိုင်ပြီး တရုတ်ဂျူးမြစ်၏ အမြစ်မှာတော့ စားသုံး၍ မရပါ။ တရုတ်ဂျူးမြစ် (ခေါ်)ကုဆိုင်ပင်သည် ကြက်သွန်အမျိုးအနွယ်ထဲတွင် ပါဝင်ပြီး နေရာအနှံ့အပြားတွင် ပေါက်ရောက်သော နှစ်ရှည်ပင်အမျိုးအစားဖြစ်ပါသည်။ တစ်နှစ်ပတ်လုံး ၃ ကြိမ်မှ ၄ ကြိမ်အထိ ရိတ်နိုင်ပြီး ပါးလျတဲ့ အရွက်များပါရှိကာ မြက်ပင်များကဲ့သို့ အစုအဝေး ပေါက်ရောက်ကြပါသည်။ ရနံ့သင်းပြီး စားကောင်းသည့်အတွက် စားသုံးသူများ နှစ်သက်ကြသော ဟင်းခတ်အမွှေးအကြိုင် အပင် တစ်မျိုးဖြစ်၍  အကြော်အလှော်များနှင့်ပတ်သက်သော အစားအစာများတွင် ကုဆိုင်ကို ထည့်သွင်းအသုံးပြု ကြလေ့ရှိပါသည်။ အရသာအားဖြင့် အနည်းငယ်စပ်သော အနေအထားရှိပါသည်။

ကုဆိုင်ကို အသားဟင်းလျာ၊ ဟင်းချို၊ အဆာသွတ်မုန့်၊ ဖက်ထုပ်နဲ့ အကြော်အလှော် စသော အစားအစာများထဲတွင် အများဆုံး အသုံးပြုကြသည်။ ထို့ပြင် ကုဆိုင်ကို ကြက်ဥ (သို့မဟုတ်) ဘဲဥတို့ဖြင့် ကြော်စားခြင်း၊ ဆီသုတ်၍ မီးကင်စားခြင်း၊ တို့စရာအဖြစ် စားသုံးကြသေးသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် တောင်ငူမြို့ဈေးများရှိ ကုဆိုင်ဈေးနှုန်းမှာ ကုဆိုင် လက္ကား () ပိဿာလျှင် ၆၀၀၀ ကျပ် ၊ (၅၀) ကျပ်သားလျှင် ၃၀၀၀ ကျပ်ဖြင့် ရောင်းချပြီး ကုဆိုင်လက်လီ (၅၀) ကျပ်သားလျှင် ၃၅၀၀ ကျပ်၊ (၂၅) ကျပ်သားလျှင် ၂၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကုဆိုင်ကို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များတွင် အသုံးပြုသည့်အတွက် ရောင်းအားကောင်းကြောင်း ကုန်စိမ်း ရောင်းချသည့် ဈေးသည်ထံမှ သိရှိရ သည်။

DOCA(ပဲခူး)