Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ဇီးဖြူသီးနှင့် ဇီးဖြူသီးခြောက်ဈေးနှုန်းများ

      ဇီးဖြူသီးသည် မြန်မာနိုင်ငံတွင် လူသိများသော သစ်သီးတစ်မျိုးဖြစ်ပြီး ဆေးဖက်ဝင်အပင် ဖြစ်လည်းထင်ရှားပါသည်။ မြန်မာနိုင်ငံ၏ ပူပြင်းခြောက်သွေ့သော ဒေသများတွင် ပိုမိုဖြစ်ထွန်းပြီး ကန့်ဘလူခရိုင်၌လည်း ဇီးဖြူပင်များ အလေ့ကျပေါက်နေသည်ကို နေရာအနှံ့အပြားတွင်တွေ့ရ သည်။ ဇီးဖြူပင်များကို နေအိမ်ခြံစည်းရိုးများ၌လည်းကောင်း၊ လယ်တော၊ ယာတောများတွင် စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့်အသီးများကို ဇီးဖြူသီးအစိုနှင့် ဇီးဖြူသီးအခြောက် ပြုလုပ်၍ ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြောင်း သိရသည်။

     ဇီးဖြူသီးသည် အနံ့အရသာထူးခြားပြီး ချဉ်ဖန်သောအရသာရှိသည့်အတွက် လူကြိုက်များ သောအသီးတစ်မျိုးဖြစ်သည်။ ထို့ကြောင့် ဇီးဖြူသီးကို ဇီးဖြူသီးအစိမ်းထောင်း၊ ဇီးဖြူသီးသနပ်နှင့် ဇီးဖြူသီးကို ကြာရှည်အသုံးပြုနိုင်ရန် အခြောက်လှန်း၍လည်း စားသုံးကြသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့၊မြို့မဈေးတွင် ဇီးဖြူသီးအစိမ်း နို့ဆီဘူး()ဘူးလျှင် (၅၀၀)ကျပ်၊ ()ပြည်လျှင် (၃၈၀၀)ကျပ်၊ ဇီးဖြူသီးအခြောက် ()ဘူးလျှင် (၁၂၀၀)ကျပ်၊ ()ပြည် လျှင် (၉၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

Doca(စစ်ကိုင်း)                                                                                              

မုံရွာမြို့တွင် ရောင်းချနေသော ( မုန့်တီ၊ မုန့်ဟင်းခါး ) မုန့်ဖက်လုပ်ငန်း ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  မိသားစုစားဝတ်နေရေးအတွက် (မုန့်တီ၊မုန့်ဟင်းခါး) မုန့်ဖက်လုပ်ငန်းများကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပါသည်။ (မုန့်တီ၊ မုန့်ဟင်းခါး) မုန့်ဖက်များကို မုံရွာမြို့ပေါ်နှင့်ကျေးရွာများမှ ဝယ်ယူစားသုံးကြကြောင်း၊ မုန့်တီ၊ မုန့်ဟင်းခါး ရောင်းချသူများ၊  အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။

       ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ဒုတိယအပတ်အတွင်းတွင် ရောင်းချလျက်ရှိသော (မုန့်တီ၊ မုန့်ဟင်းခါး) မုန့်ဖက်ဈေးနှုန်းများမှာ (၁)ပိဿာ လျှင် (၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၃၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင် (၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း (မုန့်တီ၊မုန့်ဟင်းခါး)မုန့်ဖက် ရောင်းချသူထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရေကြည်မြို့နယ်၊ ကောက်စောစပါးများထွက်ရှိ

       (၁၁.၉.၂၀၂၅) ရက်နေ့၊ ရေကြည်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ကျားချောင်း ကျေးရွာအုပ်စု၊ တာကုန်းကျေးရွာ၊ ဦးပိုင်အမှတ် (၆၈.၃)၊ ကွင်းအမှတ် (၈၈၂) တောင်သူဦးဟန်ချိန်၏ ကောက်စောစပါးရိတ်သိမ်းနေရာတွင် တောင်သူများနှင့် တွေ့ဆုံခြင်း၊ ဇရပ်ဝိုင်းကျေးရွာရှိ ဆန်စပါး ကုန်သည်ဦးတင်ဝင်းအောင်နှင့် တွေ့ဆုံ၍ စပါးအထွက်နှုန်းများ ဈေးနှုန်းများနှင့် ဈေးကွက်အခြေအနေ များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA)ဧရာဝတီ

           

ဓနုဖြူမြို့နယ်မှ ရန်ကုန််ဈေးကွက်သို့ ပြီးခဲ့သည့်ဇူလိုင်လအတွင်းက ပိန်းဥပိဿာ ၆၅၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့

    ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ဒေသထွက်ပိန်းဥများ ကို ရန်ကုန်ဈေးကွက်သို့  ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ပိဿာ ၆၅၀၀၀  အထိ  တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း  ဓနုဖြူမြို့နယ်မှ   ကုန်စိမ်းရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဒေါ်မိုးသူ၏ပြောပြ ချက်အရ သိရသည်။

    ဓနုဖြူမြို့နယ်မှ ဒေသထွက်ပိန်းဥများကို ရန်ကုန်ဈေးကွက် သို့  ဇွန်လအတွင်းက ပိဿာ ၅၀၀၀၀ အထိသာ တင်ပို့ရောင်းချ နိုင်ခဲ့သော်လည်း  ဇူလိုင်လ ၁ ရက်မှ ၃၁ ရက်အထိ  တစ်လတာ ကာလအတွင်း ပိဿာ ၆၅၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့သည်။

    ''ဒေသထွက်ပိန်းဥတွေကို ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ ရောင်းချခဲ့ရပါ တယ်။   ဒေသထွက်ပိန်းဥ တွေက  အရည်အသွေး ကောင်းမွန်ပါတယ်။ ပိန်းဥတွေကို ရန်ကုန်ဈေးကွက် ဝယ်လက်တွေ က   ဝယ်လိုအားများနေလို့   တင်ပို့အားတက်ခဲ့တာ ဖြစ်ပါ တယ်'' ဟု ဒေါ်မိုးသူကပြောသည်။

    ဓနုဖြူမြို့နယ်မှ   ရန်ကုန်ဈေးကွက်သို့   ပြီးခဲ့သည့်ဇူလိုင်လ အတွင်း  တင်ပို့ရောင်းချခဲ့သည့် ပိန်းဥများ အရောင်း အဝယ် ကောင်းမွန်လာသည့်အတွက်  ဒေသခံတောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချလုပ်သား များနှင့်  ကုန်တင်ယာဉ် အငှားလိုက် လုပ်ငန်းလုပ်ကိုင်သူများ  အလုပ်အကိုင် အခွင့်အလမ်းရရှိနေ ကြောင်း သိရသည်။           

(DOCA ဧရာဝတီ)

ငပုတောမြို့နယ်၌ ဒေသထွက်မျှင်ငါးပိများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေ

     ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်ခရိုင်  ငပုတောမြို့နယ်၌  မျှင်ငါးပိများ  ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေကြောင်း ငပုတောမြို့နယ်မှ    ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဆွေဆွေမြင့်၏ ပြောဆိုချက်အရ သိရသည်။ ငပုတောမြို့နယ်၌  သြဂုတ်လဒုတိယပတ်မှ စ၍ ဒေသထွက်မျှင် ငါးပိ များ  ဝယ်လိုအားကောင်းမွန်လာသဖြင့်  အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊   တစ်ရက်လျှင်  မျှင်ငါးပိ  ပိဿာ ၄၅၀၀ မှ ၅၀၀၀ အထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

    " မျှင်ငါးပိ တွေက  ဒေသတွင်းမှာ  အရောင်းအဝယ်ကောင်းနေတာပါ။   မျှင်ငါးပိရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူတွေက   ဒေသထွက်မျှင်ငါးပိတွေကိုမှာယူတဲ့ဒေသတွေအထိ    ပို့ဆောင်ပေးတာပါ။   ဒေသထွက်မျှင်ငါးပိတွေက     အရည်အသွေးကောင်းတော့    ဝယ်ယူမှုများတယ်။အခုလိုအရောင်းအဝယ်တွေကောင်းလာတော့  ရေလုပ်ငန်းလုပ်ကိုင်သူတွေ၊ ကုန်သည်တွေနဲ့  အလုပ်သမားတွေ  အဆင်ပြေလာပါတယ်" ဟု ဒေါ်ဆွေဆွေမြင့် ကပြောသည်။ ငပုတောမြို့နယ်၌ ငါးပိရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများသည် ဒေသထွက်မျှင်ငါးပိများ ကို  တခြားဒေသများသို့ စနစ်တကျထုပ်ပိုး၍ တင်ပို့ရောင်းချကြောင်း၊  အဆိုပါမျှင်ငါးပိများ  အရောင်းအဝယ် ကောင်းလာသည့်အတွက် ရေလုပ်ငန်း လုပ်ကိုင်သူများ၊ ကုန်သည်များ၊ ပွဲရုံလုပ်ငန်း လုပ်ကိုင်သူများနှင့် လုပ်သားများ အဆင်ပြေလာကြောင်း သိရသည်။

(DOCA ဧရာဝတီ)

ဟင်္သာတမြို့နယ်၌ ငှက်ပျောသီးများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေ

    ဧရာဝတီတိုင်းဒေသကြီး ဟင်္သာခရိုင် ဟင်္သာတ မြို့နယ်၌   ငှက်ပျောသီးများဝယ်လိုအား ကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း  ဟင်္သာတ မြို့နယ်မှ    ငှက်ပျောသီးမျိုးစုံ    ရောင်းဝယ်ရေးပွဲရုံလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ဇာဇာ၏ ပြောကြားချက်အရ သိရသည်။

     ဟင်္သာတမြို့နယ်ဒေသဈေးကွက်၌ ယခုနှစ် သြဂုတ်လ နောက်ဆုံးပတ်မှစ၍ ငှက်ပျောသီးအစုံ ဝယ်လိုအား ကောင်းမွန်လာကာ  အရောင်းအဝယ်ကောင်းမွန် လျက်ရှိပြီး တစ်ရက်လျှင် ငှက်ပျောသီးအဖီးရေ ၄၀၀၀ မှ  ၅၅၀၀  အထိ   အရောင်းအဝယ်ဖြစ်နေကြောင်း၊ အရောင်းအဝယ်ကောင်းမွန်နေသည့်   ငှက်ပျောသီး များမှာ ဖီးကြမ်း၊ ရခိုင်၊ သီးမွှေး၊ ခွံနီ၊ ရွှေငှက်ပျော စသည့်   ငှက်ပျောသီး အမျိုးအစားများဖြစ်ကြောင်း သိရသည်။

     ''ဟင်္သာတမြို့နယ်ကနေထွက်ရှိတဲ့ ငှက်ပျောသီးတွေကို  တခြားမြို့နယ်တွေက ဝယ်လိုအားများနေပါတယ်။ လက်ရှိ ငှက်ပျောသီးအဖီးရေ ၅၅၀၀ အထိ အရောင်းအဝယ်ဖြစ်နေပါတယ်။ အခု အရောင်းအဝယ်ကောင်းနေ တဲ့  ငှက်ပျောသီးတွေက  အရည်အသွေးကောင်းမွန်ပါတယ်။ ဒေသထွက်ကုန်ဖြစ်တော့ ဓာတုကင်းလွတ်ပြီး သန့်ရှင်းလတ်ဆတ်မှုရှိပါတယ်" ဟု ဒေါ်ဇာဇာကပြောသည်။

    ဟင်္သာတမြို့နယ်၌    လက်ရှိငှက်ပျောသီးအပါအဝင်  ဒေသထွက် ကုန်စိမ်းသီးနှံများ   ပေါ်နေသည့် အချိန်ဖြစ်ကြောင်း၊   အဆိုပါဒေသထွက်ငှက်ပျော သီးများ ဝယ်လိုအားကောင်းပြီး အရောင်းသွက်လာကြောင်း၊    ဒေသထွက်ကုန်များကိုသာ  အရောင်းအဝယ် ပြုလုပ်ရခြင်းကြောင့် သယ်ယူစရိတ်သက်သာခြင်း၊ ကုန် ပစ္စည်း လတ်ဆတ်မှုရှိခြင်း   စသည့်အကျိုးကျေးဇူးများ ရရှိကြောင်း သိရသည်။  

(DOCA ဧရာဝတီ)

ငပုတောမြို့နယ်မှ ထွက်ရှိသော ခရမ်းသီးများ ဒေသတွင်းဈေးကွက်၌ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေ

       ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်  ငပုတောမြို့နယ်မှ ထွက်ရှိသော   ခရမ်းသီးများ ဒေသတွင်း ဈေးကွက်၌  ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ငပုတောမြို့နယ်၌ ကုန်စိမ်းမျိုးစုံ ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ    ဒေါ်ကြည်ဆန်း၏ ပြောပြချက်အရ သိရသည်။

     ငပုတောမြို့နယ်၌  ယခုနှစ် သြဂုတ်လနောက်ဆုံးပတ်မှ လက်ရှိအချိန်ထိ ခရမ်းသီးများ ဝယ်လိုအားကောင်း ကာ  အရောင်းအဝယ်ကောင်းမွန်နေပြီး တစ်ရက်လျှင် ခရမ်းသီး အလုံး ၄၀၀၀၀ မှ ၅၅၀၀၀ အထိ  အရောင်းအဝယ်ကောင်းမွန်လျက်ရှိသည်။

     “ငပုတောမြို့နယ်ကထွက်ရှိတဲ့  ခရမ်းသီးတွေ   အဝယ်လိုက်နေပါတယ်။  တခြားဒေသကုန်စိမ်းဈေးကွက်က  ဝယ်လက်တွေ အဝယ်များနေတာဖြစ်ပါတယ်။ ငပုတောမြို့နယ်ကနေ  တခြားဒေသတွေဆီ တစ်ရက်ကို ခရမ်းသီးအလုံး ၄၀၀၀၀ ကနေ ၅၅၀၀၀ အထိ   တင်ပို့ရောင်းချနေရ ပါတယ်။  ဒေသထွက်ခရမ်းသီးတွေက ပိုးမွှားကင်းရှင်းပြီး အရည်အသွေးကောင်းမွန်ပါတယ်။ ဒီနှစ်ခရမ်းသီးတွေက   အရည်အသွေးကောင်းမွန်သလို    အထွက်နှုန်းလည်း ကောင်းမွန်ပါတယ်။ လက်ရှိ ခရမ်းအဝိုင်းသီးရော     အရှည်သီးပါ အရောင်းအဝယ်ကောင်းမွန်နေတာဖြစ်ပါတယ်။ ဒေသထွက်ခရမ်းသီးတွေ အရောင်းအဝယ်ကောင်းလာတော့  စိုက်ပျိုးသူတွေ    စီးပွားရေးအဆင်ပြေလာပါတယ်” ဟု ဒေါ်ကြည်ဆန်းကပြောသည်။

   အဆိုပါဒေသထွက် ခရမ်းသီးအပါအဝင် တခြားကုန်စိမ်းများကို ကျောင်းကုန်းဈေးကွက်အပြင် မော်လမြိုင်ကျွန်း မြို့နယ်နှင့် ကျိုက်လတ်မြို့နယ်တို့လည်း တင်ပို့ရောင်းချကြောင်း သိရသည်။

 

(DOCA ဧရာဝတီ)

မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကင်းပုံသီးနှင့် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးဈေးနှုန်းများ

     ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ကန့်လန့်ဖူး၊ မုံညှင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊  ခရမ်းသီးများ ရောင်းချလျက်ရှိရာ ယခုအခါ ကင်းပုံပင်နှင့် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးပင်များကို  နေအိမ်ခြံဝင်း များတွင်လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်း စိုက်ပျိုး၍ ရောင်းချလျက်ရှီ ကြောင်းသိရသည်။

      ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်၌ ကန့်ဘလူမြို့မဈေးတွင် ကင်းပုံသီးနှင့် ဗုံလုံသီး (ခေါ်)ပဲလင်းမြွေသီးများကို ကန့်ဘလူမြို့ပေါ်၊နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာ များမှဝယ် ယူ၍ရောင်းချလျက်ရှိကြောင်း၊ ကင်းပုံသီးများကို နို့ဆီဘူး()ဘူးလျှင် (၅၀၀)ကျပ်၊ ()ပြည်လျှင် (၃၈၀၀)ကျပ်နှင့် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးဈေးနှုန်းမှာ ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီး အကြီး() တောင့်လျှင် (၆၀၀)ကျပ်၊ အလတ်()တောင့်လျှင်(၃၀၀)ကျပ်၊ အသေး()တောင့်လျှင် (၂၀၀)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဝါးရင်းမှိုပေါင်းထုတ် နှင့် ကန်ဇွန်းရွက်ပေါင်းထုတ် ဈေးနှုန်း

       ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား ဝါရင်းမှိုများကို  ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကြသလို ဝါရင်းမှိုများကို ကျွန်းဖက်၊ ငှက်ပျောဖက်တို့ဖြင့်ထုတ်၍ ပေါင်းပြီးလည်းရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

           စက်တင်ဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ဝါရင်းမှိုပေါင်းထုတ်  ဈေးနှုန်းမှာ တစ်ထုတ်လျှင်(၁၀၀၀)ကျပ်၊ (၁၀)ထုတ်လျှင်(၈၀၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ အလားတူပင် ကန်ဇွန်းရွက်ဟင်းပေါင်းထုတ် ဈေးနှုန်းများမှာ ကန်ဇွန်းရွက်ဟင်းပေါင်းထုတ် တစ်ထုတ်လျှင်(၅၀၀)ကျပ်၊ ငွေကျပ်(၂၀၀၀)ဖိုး(၅)ထုတ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ ပါသည်။

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့၏ ဒေသထွက် ငါးရံ့ခြောက်နှင့် ဆည်ပုဇွန်ခြောက်ဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် အသားငါးအမျိုးစုံအပြင် ရေထွက်ကုန်ပစ္စည်းဖြစ်သော ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကိုလည်း ရောင်းချလျက်ရှိပါသည်။ ယခုအခါ  ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို  ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းရှိဆည်များမှ ဝင်ရောက်လျက်ရှိပြီး ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို ဒေသထွက်ကုန်တစ်ခုအနေဖြင့်ထုတ်လုပ် ရောင်းချလျက်ရှိပါသည်။ ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို အသိမိတ်ဆွေများအားလက် ဆောင်ပေးခြင်းအတွက်သော်လည်းကောင်း၊ ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်းဝယ် ယူကြကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော ငါးရံ့ ခြောက်နှင့် ပုဇွန်ခြောက်ဈေးနှုန်းများမှာ ငါးရံ့ခြောက်(၁)ပိဿာလျှင်(၆၅၀၀၀)ကျပ်၊ ငါးရံ့ခြောက် (၅၀)ကျပ်သားလျှင် (၃၃၀၀၀)ကျပ်၊ ငါးရံ့ခြောက်(၂၅)ကျပ်သားလျှင် (၁၆၅၀၀)ကျပ်နှင့် ပုဇွန် ခြောက်အသေး (၁)ဘူးလျှင်(၃၅၀၀)ကျပ်၊ ပုဇွန်ခြောက်အသေး(၁)ပြည်လျှင်(၂၈၀၀၀)ကျပ်၊ ပုဇွန် ခြောက်အကြီး(၁)ဘူးလျှင်(၅၀၀၀)ကျပ်၊ ပုဇွန်ခြောက်အကြီး(၁)ပြည်လျှင်(၄၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း