Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အောက်တိုဘာလနောက်ဆုံးပတ်ပဲထောပတ်စျေး

      ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့သည့်ပဲထောပတ်မှာ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ပဲထောပတ်သီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊ အထွက်နှုန်း (၆.၅၁)တင်းနှင့်အထွက်(၁၅၅၂၇၁)တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင် များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ် အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက် ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲထောပတ်(ဂေါက်)၂၈၀၀၀၀ကျပ်၊ ပဲထောပတ် (ကြီး) ၂၇၀၀၀၀ကျပ်နှင့်၂၇၅၀၀၀ကျပ်၊တစ်ပိဿာစျေးမှာပဲထောပတ်(ဂေါက်)၄၉၇၈ကျပ်၊ပဲထောပတ်(ကြီး) ၄၈၀၀ကျပ်နှင့် ၄၈၈၉ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲထောပတ်(ကြီး) ၅၇၇၈ ကျပ်စျေးဖြစ်ပေါ်ခဲ့ပြီး၊ကာလတူပေါက်စျေး နှိုင်းယှဉ်ပါက ပဲထောပတ်စျေးမှာ လျော့နည်းသွားကြောင်း သိရပါသည်။

DOCA(မန္တလေး)

 

ပဲတီစိမ်းစျေးနှုန်းစျေးကွက် 

     ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့သည့်ပဲတီစိမ်းမှာအရောင်းသွက်သည့် ပဲအမျိုးအစား ဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှု (၂၇၀၉၅၈)ဧက၊ ရိတ် သိမ်း(၂၅၃၄၄၁)ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်းနှင့် အထွက် (၂၉၄၉၀၁၇)တင်းဖြစ်ကြောင်း သိရှိရပါ သည်။မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်အောက်တိုဘာ လနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲတီစိမ်း (ညာ) ၂၄၅၀၀၀ကျပ်နှင့် ၃၃၅၀၀၀ကျပ်၊ပဲတီစိမ်း(ပဲခွဲ)၂၈၀၀၀၀ကျပ်နှင့် ၃၀၅၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ပဲတီစိမ်း(ညာ)၄၃၅၆ကျပ်နှင့်၅၉၅၆ကျပ်၊ပဲတီစိမ်း(ပဲခွဲ) ၄၉၇၈ကျပ်နှင့် ၅၄၂၂ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ် ကာလတူတစ်ပိဿာစျေးမှာ ပဲတီစိမ်း(အညာ)၃၅၅၆ ကျပ်နှင့် ၄၃၂၀ ကျပ်၊ ပဲတီစိမ်း(ပဲခွဲ) ၂၈၄၄ ကျပ်နှင့် ၃၂၀၀ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူစျေးနှိုင်းယှဉ်ပါက ပဲတီစိမ်း (ညာ) မှာ တစ်ပိဿာလျှင် ၁၆၃၆ ကျပ်စျေး ပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

အောက်တိုဘာလနောက်ဆုံးပတ်မတ်ပဲစျေး

      ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပသို့တင်ပို့သည့်မတ်ပဲမှာ မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄- ၂၀၂၅ခုနှစ်မတ်ပဲ သီးနှံ စိုက်ပျိုးမှု(၃၂၁၄၂)ဧက၊ ရိတ်သိမ်း(၁၀၄၉၅)ဧက၊ အထွက် နှုန်း(၁၂.၆၅)တင်းနှင့် အထွက်(၁၃၂၇၀၉)တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ဖြစ် ပေါ်လျှက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် မတ်ပဲ (ကျောက်စရစ်)၂၅၀၀၀၀ကျပ် နှင့် ၂၅၂၀၀၀ကျပ်၊မတ်ပဲ ၁၇၀၀၀၀ ကျပ်နှင့် ၂၂၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ မတ်ပဲ (ကျောက်စရစ်) ၄၁၆၇ ကျပ်နှင့် ၄၂၀၀ ကျပ်၊ မတ်ပဲ ၂၈၃၃ ကျပ်နှင့် ၃၆၆၇ ကျပ်ဖြစ်ပြီး၊ ယခင်နှစ် ကာလတူ တစ် ပိဿာစျေးမှာ မတ်ပဲ (ကောင်း)  ၅၆၆၇ကျပ်နှင့် ၅၈၃၃ ကျပ်၊ မတ်ပဲ(ညံ့)၅၀၀၀ကျပ်နှင့် ၅၁၆၇ကျပ် တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခုနှစ်နှင့် ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက မတ်ပဲစျေး မှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

                                                      

မန္တလေးစားတော်ပဲစျေးနှုန်းစျေးကွက်

    စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲဖြစ်ပြီး၊စျေးကွက်အတွင်း အရောင်းသွက်သည့်ပဲအမျိုးအစားဖြစ်ကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ပြင်ဦးလွင်၊  မိုးကုတ်၊တကောင်း၊စဉ့်ကူး၊မတ္တရာနှင့်မြင်းခြံမြို့နယ်တို့တွင် စားတော်ပဲများစိုက်ပျိုးပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စားတော်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု  ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ် အောက်တိုဘာ လ နောက်ဆုံးပတ်အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင် စားတော်ပဲ(ကနေဒါ)    ၃၅၅၀၀၀ကျပ်နှင့် ၃၆၀၀၀၀ကျပ်၊စားတော်ပဲ(ကျွန်း) ၈၅၀၀၀၀ ကျပ်နှင့် ၈၇၀၀၀၀ ကျပ်၊ တစ် ပိဿာလျှင်စားတော်ပဲ (ကနေဒါ) ၅၉၉၂ကျပ်နှင့် ၆၀၇၆ကျပ်၊စားတော်ပဲ(ကျွန်း)၁၄၃၄၆ကျပ်နှင့် ၁၄၆၈၄ ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာပေါက်ဈေးမှာ စားတော်ပဲ (ကနေဒါ)၉၁၉၈ ကျပ်နှင့် ၉၂၈၃ကျပ်၊စားတော်ပဲ(ကျွန်း) ၆၀၇၆ ကျပ်နှင့် ၆၅၈၂ကျပ်ဖြစ်ပြီး၊ ယခုနှစ်နှင့် ယခင်နှစ် ကာလတူစျေးနှိုင်းယှဉ်ပါက တစ်ပိဿာ လျှင် စားတော်ပဲ (ကျွန်း) ၈၁၀၂ ကျပ်တို့စျေး ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

                                                    

အောက်တိုဘာလနောက်ဆုံးပတ်အစေ့ထုတ်ပြောင်းစျေး

    ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်းတွင်သုံးစွဲမှုများပြားခြင်း၊ ပြည်ပတင်ပို့ခြင်းတို့ ကြောင့်အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂  ဧက၊ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊အထွက်နှုန်း  ၄၉.၅၅  တင်း၊အထွက်တင်းစုစုပေါင်း   ၆၆၀၅၉၁  တင်းဖြစ်ကြောင်းသိရပါသည်။  မန္တလေး ပွဲစား၊ ကုန်သည် စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့်အစေ့ထုတ်ပြောင်းစျေးမှာပြောင်းဖူးစေ့(ရှမ်း)နှင့်ပြောင်းဖူးစေ့ (စီပီ) ၇၁၀၀၀ ကျပ် နှင့် ၈၀၀၀၀ကျပ်၊တစ်ပိဿာစျေးအနေဖြင့် ပြောင်းဖူးစေ့(ရှမ်း)နှင့်(စီပီ)၁၃၁၅ကျပ်နှင့်၁၄၈၁ကျပ်စျေးတို့ ဖြစ်ကြောင်းသိရှိရပါသည်။ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာပြောင်းဖူးစေ့ (ရှမ်း)နှင့် (စီပီ) ၁၃၈၀ ကျပ်နှင့်၁၃၈၉ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခုနှစ်ဈေးနှင့်ယခင်နှစ်ကာလတူ စျေးနှိုင်းယှဉ် ပါက အစေ့ထုတ်ပြောင်းစျေးမှာ စျေးနှုန်းကွာခြားမှုအနည်းငယ်သာရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

မန္တလေးစျေးကွက်ရှိ ဆီနှင့်ဆီကြိတ်ဖတ်စျေး

        မန္တလေးစျေးကွက်အတွင်း တိရိစ္ဆာန်အစာဆီကြိတ်ဖတ်အမျိုးမျိုး အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ဆီထွက်သီးနှံမြေပဲ၊နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်းစားဆီ ကြိတ်ခွဲခြင်းတွင် အရေးပါသကဲ့သို့မြေပဲနှင့်နှမ်းမှာပြည်ပသို့ တင်ပို့သည့်ကုန်စည်အမယ်များဖြစ်ပါသည်။ မြေပဲ၊နှမ်း၊နေကြာသီးနှံများအား စားဆီကြိတ်ခွဲပြီး ထွက်ရှိလာသည့်မြေပဲဖတ်၊ နှမ်းဖတ်နှင့် နေကြာဖတ်များကို တိရိစ္ဆာန်အစာအဖြစ် အသုံးပြုလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရ ပါသည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် စားဆီတစ်ပိဿာပေါက်စျေးများမှာ မြေပဲဆီ ၁၃၀၀ဝိ/- နှင့်၁၅၀၀ဝိ/-၊ နှမ်းဆီ ၁၂၅၀ဝိ/-စျေး၊နေကြာဆီ ၂၂၀၀၀ ကျပ်နှင့် ၂၂၅၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ပဲဖတ်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၆၀၀ဝိ/- နှင့် ၆၂၀ဝိ/-၊နှမ်းဖတ် ၃၆၀ဝိ/-နှင့်၃၈၀ဝိ/-၊နေကြာဖတ် ၃၀၀ဝိ/-နှင့် ၃၂၀၀ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါ သည်။

DOCA(မန္တလေး)

 

မြင်းခြံခရိုင်၏ ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးကြက်သွန်နီ စိုက်ပျိုးထားရှိမှုအခြေအနေ

              မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်း မိုးကြက်သွန်နီကို စက်တင်ဘာလ၊ အောက်တိုဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး၊ ဒီဇင်ဘာလ၊ ဇန်နဝါရီလတို့တွင် ရိတ်သိမ်းထွက်ပေါ် လေ့ရှိပါသည်။ ယခင်နှစ်ကာလတူ မိုးကြက်သွန်နီ စိုက်ဧကမှာ ခရိုင်ချုပ်အနေဖြင့် (၁၅၉၂)ဧက စိုက်ပျိုးခဲ့ပြီး၊ ယခုနှစ်ကာလတူစိုက်ဧကမှာ ခရိုင်ချုပ်အနေဖြင့် လျာထားစိုက်ဧက(၂၂၅၀)ဧကအနက် (၂၆၁၆)ဧက စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည်။ ယခုနှစ်မြို့နယ်များ အနေဖြင့် မိုးကြက်သွန်နီစိုက်ဧကများမှာ မြင်းခြံမြို့နယ်တွင်(၉၃၉)ဧက တောင်သာမြို့နယ်တွင် (၂၈၀)ဧက၊ နွားထိုးကြီးမြို့နယ်တွင် (၁၃၉၇)ဧက စိုက်ပျိုးထားရှိပြီး ဖြစ်ကြောင်း သိရှိရသည်။ကာလတူနှိုင်းယှဉ်ချက်အရ မိုးကြက်သွန်နီများကို ယခုနှစ်တွင် ယခင်နှစ်ထက် (၁၀၂၄)ဧက ပိုမို စိုက်ပျိုးထားကြောင်းနှင့် ယခုနှစ်လျာထားစိုက်ဧကထက် (၃၆၆)ဧက ပိုမိုစိုက်ပျိုးထားကြောင်း သိရှိရသည်။ ယခင်နှစ် မိုးကြက်သွန်နီ တစ်ပိဿာဈေးနှုန်းများအနေဖြင့် အကြီး(၁၈၀၀-၂၀၀၀)ကျပ်၊ အလတ်(၁၂၀၀-၁၅၀၀)ကျပ်၊ အသေး(၈၀၀-၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ကြက်သွန်နီ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA (မန္တလေး)

မြင်းခြံခရိုင်အတွင်း ၂၀၂၅-၂၀၂၆ခုနှစ်၊ အ‌စေ့ထုတ်ပြောင်း စိုက်ပျိုးထားရှိမှုအခြေအနေ

            အစေ့ထုတ်ပြောင်းကို အဓိကအားဖြင့် ပြည်တွင်းမွေးမြူရေးအစားအစာအဖြစ် အများဆုံး အသုံးပြုလေ့ရှိကြသည်။အရက်ချက်လုပ်ငန်းများ၊ထောပတ်ဖြင့်ပေါက်ပေါက်ပွင့်ပြုလုပ်၍ တန်ဖိုးမြှင့် ထုတ်ကုန်သရေစာအဖြစ်လည်း စားသုံးလေ့ရှိကြသည်။ အစေ့ထုတ်ပြောင်း(မိုး)ကို မေ၊ ဇွန်လများတွင် စိုက်ပျိုးကြပြီး အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ရိတ်သိမ်းလေ့ရှိပါသည်။ အစေ့ထုတ် ပြောင်း(ဆောင်း)ကို အောက်တိုဘာ၊ နိုဝင်ဘာလများတွင် စိုက်ပျိုးကြပြီး ဖေဖော်ဝါရီ ၊မတ်၊ဧပြီလ များတွင် ရိတ်သိမ်းလေ့ရှိပါသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်၊  မြင်းခြံမြို့နယ်တွင် အစေ့ထုတ်ပြောင်း(မိုး) သီးနှံကို(၂၂၉၂)ဧကစိုက်ပျိုးထားရှိပြီး အစေ့ထုတ်ပြောင်း(ဆောင်း)သီးနှံကို(၄၃၁၈)ဧက စိုက်ပျိုးထား ရှိကြောင်းသိရှိရသည်။ ရိတ်သိမ်းဧကအနေဖြင့် အစေ့ထုတ်ပြောင်း(မိုး)သီးနှံကို(၁၀၅)ဧကခန့်သာ ဖူးချိုးရိတ်သိမ်းလျက်ရှိနေပြီး စိုက်ဧကအားလုံးရိတ်သိမ်းကာ လှိုင်လှိုင်ထွက်ပေါ်လာပါက ကုန်စည် စီးဆင်းမှုအနေဖြင့် မြင်းခြံမြို့သို့  မြို့နယ်အတွင်းကျေးရွာအစုံမှ အစေ့ထုတ်ပြောင်းများ ဝင်ရောက်ပြီး မြင်းခြံမြို့မှ မြဝတီ/ရန်ကုန်မြို့များသို့လည်းကောင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဥယျာဉ်မြို့တော် ရှိ တိရစ္ဆာန်အစားအစာထုတ်လုပ်သည့်စက်ရုံများဖြစ်သည့် Japfa Comfeed Myanmar Pte.Ltd နှင့် De Hues Myanmar Ltd  ကုမ္ပဏီများသို့ တိရစ္ဆာန်အစားအစာထုတ်လုပ်သည့် ကုန်ကြမ်းအဖြစ် အသုံးပြုရန်အတွက်လည်းကောင်း တင်ပို့ရောင်းချကြကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA (မန္တလေး)

 

အောက်တိုဘာလနောက်ဆုံးပတ်ရှိ မြေပဲစျေး

     မြေပဲမှာ စားသုံးဆီကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် စားသောက်ကုန်တို့တွင် အသုံးပြုခြင်း တို့ကြောင့် ပြည်တွင်းစျေးကွက်နှင့်ပြည်ပသို့တင်ပို့သည့်သီးနှံဖြစ်ပြီး အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်း ရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၃၈၆၂၆ ဧက၊ရိတ်သိမ်းမှု ၆၃၇၄၄၇ ဧက၊ အထွက် နှုန်း ၄၆.၇၇ တင်း၊ အထွက်စုစုပေါင်း ၂၉၈၁၅၉၉၆ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလ နောက်ဆုံးပတ် အတွင်းဖြစ်ပေါ်လျက်ရှိသည့်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆန် ၈၀၀၀ ကျပ်နှင့် ၈၇၀၀ကျပ်၊S1 ဆီဆန်  ၇၆၀၀ကျပ်နှင့် ၈၀၀၀ကျပ်၊ အနီလုံးဆန် ၇၇၀၀ ကျပ်နှင့် ၈၄၀၀ကျပ်၊ အနီဆီဆန် ၇၅၀၀ ကျပ်နှင့် ၇၆၀၀ကျပ်တို့ဖြစ်ကြောင်းသိရပါသည်။ယခင်နှစ်ကာလတူ တစ်ပိဿာ စျေးမှာS1 လုံးဆန် ၈၁၀၀ ကျပ်နှင့် ၈၃၀၀ ကျပ်၊S1 လုံးဆန်(မြင်းမူ)၈၄၀၀ ကျပ်နှင့် ၈၅၀၀ကျပ်၊ S1 ဆီဆန် ၇၅၀၀ကျပ်နှင့် ၇၆၅၀ ကျပ်၊S1 ရွေးဆန် ၇၅၀၀ကျပ်နှင့်၈၀၀၀ကျပ်၊အနီလုံးဆန် ၇၆၀၀ ကျပ် နှင့်၈၁၀၀ကျပ်၊အနီဆီဆန် ၆၈၀၀ ကျပ်နှင့် ၆၉၀၀ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်နှင့် ယခုနှစ်ကာလတူမြေပဲပေါက်စျေးနှိုင်းယှဉ်ပါက ပေါက်စျေးမှာ အနည်းငယ်သာ ကွာခြားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့နယ်၌ ဆေးရွက်ကြီး စိုက်ခင်းများ စတင်စိုက်ပျိုးလျက်ရှိ

                 မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်းရှိ ဆီမီးခုံ၊ ရန္တပို၊ ဆင်ချောင်း၊ တလုပ်မြို့၊ သာပေါင်း၊ ခေါင်းကွဲ၊ ပတ္တာ၊ လေးအိမ်တန်း၊ ရှားတော၊ ဒေါင့်သစ်၊ လင့်ကြီး၊ သဲဖြူဝ၊ ထနောင်းကုန်း၊ထနောင်းတိုင် စသည့်ကျေးရွာအုပ်စုများအတွင်းရှိ ဧရာဝတီမြစ်ရေဝင် မြစ်ရိုး တစ်လျှောက် သဲနုန်းမြေအမျိုးအစားဖြစ်သည့် ကိုင်းကျွန်းမြေများတွင် ဖူးစားပြောင်း၊CPပြောင်း၊ငရုတ်၊ ပဲမျိုးစုံနှင့်ကုန်စိမ်းသီးနှံမျိုးစုံကို စိုက်ပျိုးကြသလိုဆေးရွက်ကြီးကိုလည်း အားထားစိုက်ပျိုးထား ကြောင်းသိရသည်။ မြင်းခြံမြို့နယ်အနေဖြင့် ယခုနှစ်ဆေးရွက်ကြီးစိုက်ပျိုးရန် လျာထားဧက(၁၅၈၅၅) ဧကအနက် အောက်တိုဘာလ စတုတ္တပတ်အထိ(၆၉၃၃)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရသည်။

          အောက်တိုဘာလဆန်းမှစတင်စိုက်ပျိုးပြီး နိုဝင်ဘာလအထိစိုက်ပျိုးသွားမည့် ဆေးရွက်ကြီးများသည် ဖေဖော်ဝါရီလ တတိယပတ်ခန့်မှစတင်၍ မတ်လအထိခူးဆွတ်ရိတ်သိမ်းသွားမည် ဖြစ် ကြောင်း၊ ဆေးရွက်ကြီးသည် မျိုးစေ့ကိုပျိုးထောင်စိုက်ပျိုးရပြီး ပျိုးပင်များ ပျိုးထောင်ရောင်းချသည့် မြင်းခြံမြို့နယ်၊ ထနောင်းကုန်းရွာ၊ ထနောင်းတိုင်ရွာ၊ ဂေါင်းကွဲရွာ၊ တောင်သာမြို့နယ်၊ တမံကြီး ကျေးရွာများထံမှ ပျိုးပင်တစ်ပင်လျှင် (၁၅)ကျပ်နှုန်းဖြင့် သွားရောက်ဝယ်ယူကာ စိုက်ပျိုးကြကြောင်း၊ ရေလိုအပ်ပါကရေသွင်းစိုက်ပျိုးကြပြီး တစ်ဧကလျှင် ဆေးရွက်ကြီးပျိုးပင် ၅၅၀၀ မှ ၆၀၀၀ ခန့် စိုက်ပျိုးကြကြောင်း၊ ယခင်နှစ်တွင် ပျမ်းမျှအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင်ပိဿာ(၇၀၀) ခန့် ထွက်ရှိကြောင်းနှင့် ဆေးရွက်ကြီး တစ်ပိဿာလျှင် (၉၀၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း၊ ဈေးကွက်အနေဖြင့် အခြားမြို့များသို့ တင်ပို့ရောင်းချခြင်းမရှိဘဲ မြင်းခြံမြို့ရှိ ဆေးလိပ်ခုံများသို့သာ ရောင်းချရပါကြောင်း၊ ယခုနှစ်တွင် ဆောင်းရာသီနှင့် ဆောင်းအကုန်နွေအကူးလေကြီးမိုးကြီး ရာသီဥတုဖျက်ဆီးမှုမရှိရန်နှင့်ယခင်နှစ်ကထက်ဆေးရွက်ကြီးဈေးနှုန်းပိုမိုရရှိပါက တောင်သူများအကျိုးအမြတ်ပိုမိုရရှိမည်ဟု မျှော်လင့်မိပါကြောင်း ဆေးရွက်ကြီးစိုက်ပျိုးလျက်ရှိသည့် တောင်သူတစ်ဦးထံမှသိရသည်။

DOCA (မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း