Main menu

ခဝဲသီးစိုက်ပျိုးပုံနည်းစနစ်

Powered by Drupal

  ခဝဲသီးကို  အချိုချက်၊ အသား၊ ငါးနှင့် ပုဇွန်တို့ဖြင့်ရောနှော၍ ချက်ပြုတ်စားတတ်ကြသည်။ ဟင်းချိုအဖြစ်လည်း ချက်၍စားကြသလို အသီးနုများကိုပြုတ်၍တို့စားကြသည်။ ချိုသောအရသာရှိ၍ အများစုကကြိုက်နှစ်သက်ကြသည်။ ဒေသမျိုးများတွင် အပုမျိုးနှင့်အရှည်မျိုးဟူ၍ (၂)မျိုးရှိသည်။ အပုမျိုးသည် (၆)လက်မခန့်ရှည်ပြီး အသီးပုံသဏ္ဍာန်မှာ အဖျားရှူး၍ အညှာပိုင်းကြီးသည်။ အရှည်မျိုး သည် (၁)ပေခန့်အထိရှည်၍ အရင်းအဖျားညီသည်။ ဆောင်းရာသီတွင် အပင်ငယ်ဖြင့်ပန်းပွင့်တတ်၍ သတိထား၍စိုက်ပျိုးရသည်။ ရောဂါပိုးမွှားဒဏ်ကိုခံ၍ ဒေသနှင့်ကိုက်ညီသောမျိုးများကို ထိန်းသိမ်း စိုက်ပျိုးသင့်သည်။

          မိုးရာသီ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် အစိုက်များသည်။ စက်တင်ဘာလ၊ အောက်တို ဘာလတွင် ခူးဆွတ်ကြသည်။ မြေပြန့်ဒေသများတွင် ဆောင်းနှင့်နွေတွင် စိုက်ပျိုးနိုင်သော်လည်း ရေကိုဝအောင်ပေးရပါမည်။ ဆောင်းရာသီတွင် အောက်ခြေမှ ငါးပေအထိအသီးအပွင့်များကို ချွေပြီးမှ အပေါ်အဆစ်မှ အသီးများကိုခူးယူသင့်သည်။ မိုးဒဏ်ကိုခံနိုင်ရည်ရှိပြီး စင်တင်စနစ်၊ ဝါးတန်း ထိုးစနစ်ဖြင့်သာ အစိုက်များသည်။ တိုက်ရိုက်အစေ့ချစနစ်ကိုသာ စိုက်ကြသည်။ မျိုးစေ့ကို အညှောင့်ဖောက်၍ စိုက်ဘောင်ပေါ်တွင် (၁)ပေကြားလက်မဝက်ခန့် မြှုပ်၍စိုက်ပါ။ စိုက်ဘောင်ကို (၂)ပေအကျယ်၊ (၁)ပေအမြင့်ဆွဲ၍ တစ်ဘောင်နှင့်တစ်ဘောင် (၅)ပေခြားဆွဲပါ။ (၁)ဧကလျှင် အပင်(၈၀၀၀)ခန့်ရအောင် စိုက်ပျိုးရမည်။ စင်ပေါ်သို့မရောက်မီ ကြားဝါးတန်းများကို (၁)ပေခြား ကန့်လန့်ဖြတ် ချည်ပေးရမည်။ ခဝဲတစ်ဧကလျှင် သီးတောင့်(၂၀၀၀၀-၃၀၀၀၀)ခန့်အထိ ထွက်နိုင်သည်။

          ခဝဲသီးသည် ကိုယ်အလေးချိန်လျော့ချပေးနိုင်ရန်အတွက် အဓိကကျသည့် အဆီပါဝင်မှု ၊ ကယ်လိုရီပါဝင်မှုနှင့် ပြည့်ဝဆီ ကိုလက်စထရောပါဝင်မှုနည်းပါးပြီး အမျှင်ဓာတ်များပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း ကိုလက်စထရောစုပ်ယူမှုနည်းစေသည်။ ထို့ပြင်ရေဓာတ်ပါဝင်မှုပမာဏများသော ကြောင့် ကိုယ်အလေးချိန်ကျစေရန် ကူညီပေးနိုင်သဖြင့် ကိုယ်အလေးချိန်ကျလိုသူများ စားသုံးပေး သင့်ပါသည်။ ခဝဲသီးသည် ဆေးဘက်ဆိုင်ရာလေ့လာမှုများအရ အသားဝါခြင်းရောဂါ ဖြစ်ပွား နိုင်ချေကို လျော့နည်းစေပြီး ခဝဲသီးအစေ့များနှင့် အခွံများက အသားဝါရောဂါဖြစ်ပွားနိုင်ချေကို လျော့ကျစေနိုင်သည်ဟု သိရှိရသည်။  ခဝဲသီးတွင် သွေးများကိုသန့်စင်စေသည့် အစွမ်းရှိသဖြင့် အရက်ကြောင့်ဖြစ်သည့် အသည်းဝေဒနာကိုလည်း ကာကွယ်ပေးနိုင်သည်။ ထို့ပြင် ခဝဲသီးကို စားသုံးပေးခြင်းဖြင့် အသားအရေကိုကောင်းမွန်စေခြင်း၊ ဆီးချိုးသွေးချိုရောဂါဖြစ်ပွားမှု လျော့နည်းစေနိုင်ခြင်း၊ လိပ်ခေါင်းရောဂါကို သက်သာစေနိုင်ခြင်း၊ ရောင်ရမ်းမှုကို သက်သာ စေနိုင်ခြင်း၊ နှလုံးရောဂါ၊ ဆီးကြိတ်ကင်ဆာကိုလျော့နည်းစေနိုင်ခြင်း၊ သွေးတွင်းသကြားဓာတ် ကို လျော့ကျစေနိုင်ခြင်း စသည့်ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ရရှိစေနိုင်သောကြောင့် စားသုံးပေး သင့်သော အသီးအနှံတစ်မျိုးဖြစ်ပါသည်။

DOCA(ပဲခူး)