Main menu

တောင်ငူမြို့နယ် ကေတုမတီမြို့ရှိ သွားတိုက်ဆေးဈေးနှုန်း

Powered by Drupal

  အစာစားပြီးတိုင်း သွားတိုက်ခြင်းသည် တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် နေ့စဉ်လုပ်ဆောင် ပေးသင့် သောအလေ့အထတစ်ခုဖြစ်ပါသည်။ သွားတိုက်ခြင်းနှင့်ပလုပ်ကျင်းခြင်းသည် အစာအကြွင်း အကျန်များကို ဖယ်ရှားပေးနိုင်သည့်အပြင် သွားနှင့်သွားဖုံးကင်ဆာဖြစ်ခြင်းကို လျော့ပါးစေနိုင် ပါသည်။ သို့သော် မိမိရွေးချယ် အသုံးပြုသည့် သွားတိုက်ဆေးအမျိုးအစားပေါ်မူတည်၍ သွားနာခြင်း၊ သွားဖုံးယောင်ခြင်းများကို သက်သာစေပါသည်။ သွားတိုက်ဆေးတွင် များသောအားဖြင့် ဖလိုရိုက် ပါဝင်ပြီး ၎င်းကသွားများကို သန့်ရှင်းစေရုံသာမက သွားအပေါ်ယံလွှာကိုသန်မာစေပါသည်။

     ယနေ့ခေတ်မြန်မာနိုင်ငံတွင် သွားတိုက်ဆေးမျိုးစုံအား ပြည်တွင်း၌ထုတ်လုပ်၍ သော်လည်းကောင်း၊ ပြည်ပမှကိုယ်စားလှယ်ယူပြီး တင်သွင်း၍သော်လည်းကောင်း ဖြန့်ဖြူးရောင်းချ လျက်ရှိပါသည်။ တောင်ငူမြို့နယ်၊ ကေတုမတီမြို့ရှိ Family ဆေးနှင့်အလှကုန်စတိုးတွင် သွားတိုက် ဆေးများရောင်းချလျက်ရှိရာ ထိုင်းနိုင်ငံထုတ် Close Up Triple Fresh (160 g) သွားတိုက်ဆေး ဘူးကြီးတစ်ဘူးလျှင် (၇၀၀၀) ကျပ်၊ ထိုင်းနိုင်ငံ ထုတ် Colgate Cibaca (160 g) သွားတိုက်ဆေး ဘူးကြီးတစ်ဘူးလျှင် (၇၀၀၀) ကျပ်၊ ပြည်တွင်းထုတ်လုပ်သည့် Signal (160 g) သွားတိုက်ဆေး ဘူးကြီးတစ်ဘူးလျှင် (၆၀၀၀) ကျပ်၊ ပြည်ပနိုင်ငံထုတ် Fresh Up Kids Gel (50g) (ကလေးသုံး) သွားတိုက်ဆေးတစ်ဘူးလျှင် (၇၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း Family ဆေးနှင့်အလှကုန်စတိုးဆိုင်ပိုင်ရှင် ဒေါ်ဝင်းရွှေရီ၏ပြောကြားချက်အရ သိရှိရသည်။

DOCA(ပဲခူး)